Friday, January 10, 2025

နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲမှုကို မိတ္ထီလာ၌...

မန္တလေးတိုင်း၊ မိတ္ထီလာ၌ နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲမှုကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ၎င်းမှ ယနေ့ ဇန်နဝါရီ ၁၀...

မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများ...

မြန်မာ - ကိုရီးယားနှစ်နိုင်ငံအကြား လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများ ပူးပေါင်းဖွင့်လှစ်နိုင်မည့် အခြေအနေများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Chung-Ang University...

ကမ္ဘောဒီးယားအမတ်ဟောင်းကိုလုပ်-ကြံခဲ့သူကိုဖမ်းမိပြီ

ဘန်ကောက်၊ဇန်နဝါရီ ၁၀ ကမ္ဘောဒီးယားအမတ်ဟောင်း မစ္စတာလင်မ်ကင်ယာကို ဘန်ကောက်၌လုပ်-ကြံခဲ့သူကို ကမ္ဘောဒီးယားနှင့်ထိုင်းရဲတပ်ဖွဲ့များပူးပေါင်းမှုဖြင့် ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။ မစ္စတာလင်မ်ကို လု-ပ်ကြံခဲ့သူသည် တပ်ကြပ်ကြီး M ဟုလူသိများသော Ekkalak Paenoi ဆိုသူဖြစ်ပြီး...

မြန်မာသံရုံး၊ ဗန်ကောက်မြို့က မြန်မာနိုင်ငံသားဆိုင်ရာလုပ်ငန်း(၄)မျိုးကို မကြာမီဆောင်ရွက်ပေးမည်

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံသားဆိုင်ရာလုပ်ငန်း(၄) မျိုးကို မကြာမီကာလအတွင်း စတင်ဆောင်ရွက်ပေးသွားမည်ဟု ယနေ့ ဇန်နဝါရီ ၁၀ ရက်က...
HomeNewsLocal Newsဝန်ဆောင်မှုလုပ်ငန်းအတွက်လုပ်သားခေါ်ယူမှု အမျိုးသား၊ အမျိုးသမီး...

ဝန်ဆောင်မှုလုပ်ငန်းအတွက်လုပ်သားခေါ်ယူမှု အမျိုးသား၊ အမျိုးသမီး ခွဲတမ်းသတ်မှတ်ထားခြင်းမရှိ

ပထမဦးဆုံးအကြိမ်အဖြစ်ခေါ်ယူမည့် တောင်ကိုရီးယားနိုင်ငံရှိ ဝန်ဆောင်မှု လုပ်ငန်းအတွက် လုပ်သားခေါ်ယူရာတွင် အမျိုးသား၊ အမျိုးသမီးခွဲတမ်း သတ်မှတ်ထားခြင်းမရှိကြောင်း မြန်မာနိုင်ငံရှိEPSစင်တာ (EPS in Myanmar)က ကြေညာချက်ထုတ်ပြန်ထားသည်။

ထို့အပြင် Quota(ခွဲတမ်း)နှင့် ပတ်သက်၍ လုပ်ငန်းအမျိုးအစားအလိုက်သာ အချိုးကို သတ်မှတ်ခြင်းဖြစ်ပြီး အလုပ်ရှင်၏ လုပ်ငန်းခွင် အလုပ်နေရာ လိုအပ်ချက်နှင့် ခေါ်ယူမှုပေါ်သာ မူတည်ကြောင်း သိရသည်။

ယင်းအပြင် ကျန်းမာရေးဝန်ဆောင်မှု(Nursing Care Worker) လုပ်ငန်းအမျိုးအစားအတွက် E-9ဗီဇာ ကို မြန်မာနိုင်ငံအား မပေးသေးဘဲ လက်ရှိခေါ်ယူမည့် လုပ်ငန်းအမျိုးအစားသည် (Service Worker)လုပ်ငန်းအမျိုးအစား E-9 ကိုသာခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

EPS စာမေးပွဲဖြေဆိုခွင့်အတွက် အွန်လိုင်းမှတဆင့် မတ်လဆန်းတွင် စတင်လျှောက်ထားနိုင်ပြီ‌ဖြစ်ပြီး အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ(POEA)မှ တဆင့် တောင်ကိုရီးယားသို့ EPS လုပ်သားများကို တာဝန်ယူစေလွှတ်နေခြင်းဖြစ်ကာ ၂၀၂၃ ခုနှစ်အတွင်း လုပ်သား ၁၀,၆၁၁ ဦး ပို့နိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင်လည်း မြန်မာလုပ်သား ၁၁,၀၀၀ စေလွှတ်သွားမည်ဖြစ်ပြီး ထို့ပြင် မြန်မာအမျိုးသမီးများ ပထမဦးဆုံးအကြိမ်ဝင်ရောက်ဖြေဆိုမည့် ဝန်ဆောင်မှုလုပ်ငန်းအတွက် လုပ်သားဦးရေ ၃၀၀၀ ကျော်ခေါ်ယူသွားမည်ဟု သိရှိရကြောင်း ကိုရီးယားရောက် အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲမှုကို မိတ္ထီလာ၌ အောင်မြင်စွာဆောင်ရွက်နိုင်မည်

မန္တလေးတိုင်း၊ မိတ္ထီလာ၌ နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲမှုကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ၎င်းမှ ယနေ့ ဇန်နဝါရီ ၁၀ ရက်မွန်းလွဲပိုင်းက မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များအားမိတ္ထီလာမြို့၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် မိမိတို့အနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်ယူသုံးစွဲမှုကို အားပေးဆောင်ရွက်လျက်ရှိကာ မိတ္ထီလာသည် မိုးရွာရက်နည်းသည့်ဒေသဖြစ်ရာ နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲမှုကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု ပြောသည်။ ထို့ပြင် နိုင်ငံတော်မှဆောင်ရွက်သည့် စီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်းလိုအပ်ချက်များအလိုက်...

မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများ ပူးပေါင်းဖွင့်လှစ်နိုင်ရေး ဆွေးနွေး

မြန်မာ - ကိုရီးယားနှစ်နိုင်ငံအကြား လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများ ပူးပေါင်းဖွင့်လှစ်နိုင်မည့် အခြေအနေများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Chung-Ang University (CAU)၊ အငြိမ်းစားဂုဏ်ထူးဆောင် ပါမောက္ခ Dr. Taehyun Kim တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Chung-Ang University (CAU)၊ နိုင်ငံတကာလေ့လာရေးဘွဲ့လွန်ကျောင်း (GSIS) ကမ္ဘာလုံးဆိုင်ရာ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး (FGPT) ဆိုင်ရာ CAU ဖောင်ဒေးရှင်းဥက္ကဋ္ဌ...

ကမ္ဘောဒီးယားအမတ်ဟောင်းကိုလုပ်-ကြံခဲ့သူကိုဖမ်းမိပြီ

ဘန်ကောက်၊ဇန်နဝါရီ ၁၀ ကမ္ဘောဒီးယားအမတ်ဟောင်း မစ္စတာလင်မ်ကင်ယာကို ဘန်ကောက်၌လုပ်-ကြံခဲ့သူကို ကမ္ဘောဒီးယားနှင့်ထိုင်းရဲတပ်ဖွဲ့များပူးပေါင်းမှုဖြင့် ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။ မစ္စတာလင်မ်ကို လု-ပ်ကြံခဲ့သူသည် တပ်ကြပ်ကြီး M ဟုလူသိများသော Ekkalak Paenoi ဆိုသူဖြစ်ပြီး ၎င်းသည် ‌ေ-သနတ်သုံးချက်ပ-စ်ကာ လု-ပ်ကြံခဲ့ခြင်းဖြစ်ပြီး ၎င်းကို နံပါတ်တစ်သံသယတရားခံအဖြစ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းသံသယတရားခံအား နောက်ကြောင်းစုံစမ်းလိုက်သောအခါ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များက ထိုင်းရေတပ်တွင် ပြဿနာဖြစ်ပြီး နှစ်ကြိမ်ထိန်းသိမ်းခံရဖူးကာ ၂၀၂၃ ခုနှစ်တွင် ခွင့်မဲ့ပျက်ကွက်မှုဖြင့် ထိန်းသိမ်းခံခဲ့ရဖူးကြောင်းသိရသည်။ တပ်ကြပ်ကြီး M သည် အမတ်ဟောင်းကို လု-ပ်ကြံရန် စာချုပ်ဖြင့်ကြေးစားလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ယခင်က ဆိုင်ကယ်တက္ကစီမောင်းပြီး အနေအေးသူတစ်ဦးဖြစ်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071