မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့တွင် မတ် ၂၈ ရက်မွန်းတည့်ပိုင်းက အင်အားအလွန်ပြင်းထန်သည့်ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် အမှတ်(၁)ရပ်ကွက်ရှိ အမှတ် (၇)ချည်မျှင်အထည်စက်ရုံအဆောက်အဦးမှာ ပြိုကျသွားခဲ့ပြီး အမျိုးသမီး(၂)ဦးပိတ်မိနေခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ထို့ကြောင့် ပိတ်မိနေသည့်အမျိုးသမီး(၂)ဦးအား ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၄၅ မိနစ်တွင် အမျိုးသမီးတစ်ဦးအား ေ-သဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။
ထို့နောက် ရှာဖွေကယ်ဆယ်မှုများအားဆက်လက်ပြုလုပ်ခဲ့ကြရာ နံနက် ၁၁ နာရီခွဲ၌ ကျန်ရှိနေသည့် အမျိုးသမီးတစ်ဦးအား ေ-သဆုံးလျက်ထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။
ထို့အတူ မန္တလေးတိုင်း၊ ရမည်းသင်းမြို့၊ ပန်းတိမ်ရပ်တွင် ငလျင်လှုပ်ခတ်မှုကြောင့်ပြိုကျသွားသည့် အဆောက်အဦးအတွင်း ပိတ်မိနေသူများအား ပြန်လည်ကယ်ထုတ်နိုင်ရန် ရမည်းသင်းခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရမည်းသင်းမြို့၊ မြို့မအုပ်စု၊ ကြည်တော်ကုန်းရပ်ကွက်၊ မင်းနန်သူဘုရားတွင် ငလျင်လှုပ်ခတ်မှုကြောင့် စေတီပြိုကျပျက်စီးပြီးပိတ်မိနေသူများအား ရမည်းသင်းခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။