ဝါရှင်တန်၊မတ် ၂၇
အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်ကြီး အသစ် မစ္စတာအလက်ဇန်းဒါးဒါချိဗ်သည် ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ဒီစီသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
မစ္စတာအလက်ဇန်းဒါးသည် ကြာသပတေးနေ့တွင် ၎င်း၏သံအမတ်ကြီး ခန့်အပ်လွှာကို ထရမ့်ပ်အစိုးရထံ အလွတ်သဘောပေးအပ်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ ဥရောပနှင့်ယူရေးရှားရေးရာဦးစီးဌာန၏ အကြီးတန်းအရာရှိ မစ္စတာလူးဝစ်အယ်လ်ဘိုနိုလည်း မစ္စတာအလက်ဇန်းဒါး၏ အလွတ်သဘော သံအမတ် ခန့်အပ်လွှာ ပေးအပ်ပွဲသို့တက်ရောက်မည်ဖြစ်သည်ဟုလည်း သိရသည်။
ရုရှားသမ္မတဗလာဒီမာပူတင်သည် ၎င်းကနု ဝါရှင်တန်ဆိုင်ရာရုရှားသံအမတ်ကြီးအဖြစ် မတ်လ ၁၆ ရက်နေ့က ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ယခင်သံအမတ်ကြီးဟောင်းနှုတ်ထွက်သွားသည့် အောက်တိုဘာလကတည်းက အဆိုပါရာထူးသည် လစ်လပ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
Source : ရှင်းဟွာ