ဒါရိုက်တာ မောင်ဗေဒါ
အသုံးဝင်သော တစ်စုံတစ်ရာကို လိုအပ်သောကြောင့်တည်ဆောက် ခြင်းကို ဖြစ်ပေါ်စေသည်။
ဂုဏ်သိက္ခာကို လိုအပ်သောကြောင့် အကယ်ဒမီကို တည်ဆောက် ခြင်းဖြစ် သည်။
အကယ်ဒမီ ထူးချွန်ဆု ကမ္ဘာကို ကြည့်လျှင်Hollywood, Bollywood ၊ ဟောင်ကောင်၊ ကိုရီးယား အစရှိတဲ့ ကမ္ဘာ့ နိုင်ငံတိုင်းမှာ အနုပညာ ထူးချွန်ဆုချီးမြှင့်ပွဲ တွေ မြင်တွေ့ရမှာပါ။ အဲဒီမှာ ဝတ်စား ဆင်ယင်မှုကိုကြည့်ပါ။ အများအားဖြင့် အနောက်တိုင်းဝတ်စုံကို ဝတ်ကြ တယ်။ ဒါကInternational ကို ကိုယ်စား ပြုခြင်းဖြစ်တယ်။
ကျွန်တော်တို့ မြန်မာ့ရုပ်ရှင် အကယ် ဒမီပွဲမှာလည်း မြန်မာအမျိုးသား ဝတ်စုံအပြင်၊ ကမ္ဘာကို ကိုယ်စား ပြုသော အနောက်တိုင်းဝတ်စုံကို စမတ်ကျကျ ဝတ် သည့်အလေ့အထကို ပြုကျင့်စေချင်သည်။ ဒါက ကမ္ဘာကိုသွားဖို့ ခြေလှမ်းပြင်ဆင်ခြင်း ဖြစ်သလို၊ နိုင်ငံတကာ ကိုယ် စားပြုရာ လည်းရောက်နိုင်ပါတယ်။
တစ်လောက online မှ တက်လာ သောmessageတစ်ခုဖြစ်မည်။ ယိုးဒယားနိုင်ငံ ကိုယ်စားပြုသော အကယ် ဒမီထူးချွန်ဆုပွဲဟုတ်လား မဟုတ်လား ကျွန်တော်မသိပါ။ ပုဂ္ဂလိကမှ ကျင်းပတာ လားမသိ။ အဲဒီ Nomination မှာ မြန်မာနဲ့ ဖက်စပ် ရိုက်ကူးတဲ့ဇာတ်ကားပါ လို့တဲ့။ ဒါပေမဲ့ အဲဒီဇာတ်ကားက မြန်မာ အကယ်ဒမီဆန်ကာတင်မှာမပါရ ကောင်း လားဆိုပြီး မကျေမနပ် ပြောသူတွေပြော ကြတယ်။ တစ်ခါ နိုင်ငံခြားသား အနုပညာ ရှင်များကို မရွေးချယ်ခြင်းမှာ မှားကြောင်း၊ ယခုဆိုလျှင် မြန်မာသရုပ်ဆောင်နှစ်ဦးကို ပြင်ပနိုင်ငံက လက်ခံကြောင်း ပြောဆိုကြ တဲ့အခါ အကယ်ဒမီ တာဝန်ခံက ပြန်ရှင်း ပြပုံက …
ပြိုင်ဆိုင်မှုအားချင်းမတူကြောင်း။ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု အား နည်းနေကြောင်း၊ ရုန်းကန်ဆဲဖြစ်ကြောင်း၊ ယခုအချိန် နိုင်ငံခြားသားများကို ခွင့်ပြု လိုက်ပါက အကယ်ဒမီစင်ပေါ်တွင် နိုင်ငံ ခြားသားများသာရှိနေမည် ဖြစ်ကြောင်း၊ ကျွန်တော်တို့ ရုပ်ရှင်internation al အဆင့်ေ ရာက်သည့်အခါ ခွင့်ပြုမှာဖြစ် ကြောင်း ရှင်းပြသဖြင့် တောင်းဆိုသူများ ဘာမှမ ပြောတော့ပေ။
ယိုးဒယားနှင့် ဖက်စပ် ရိုက်ကူးသော ရုပ်ရှင်ဇာတ်ကားကို မြန်မာ့ရုပ်ရှင်မှာ ဆန်ကာတင်မရွေး ချယ်ခြင်းမှာ ရွေးချယ် ရေးအဖွဲ့၏ ဆုံးဖြတ်ချက် ဂုဏ်သိက္ခာသာ ဖြစ်ကြောင်း ရှင်းပြသွားတယ်။ မြန်မာ့ ရုပ်ရှင်ပြိုင်ဆိုင်မှု အားတွေ နည်းနေတာ ကိုတော့ နိုင်ငံတကာရောက်ဖို့ ကျွန်တော် တို့များစွာ ပြင်ဆင်ကြိုးစားရပါဦးမယ်။ ကျွန်တော်တို့ ဝါးလုံးခေါင်းထဲ လသာနေ၍ မဖြစ်ပါ။ ဒီတစ်ပတ်အတွက် အကယ်ဒမီ ကြိုတင်ခန့်မှန်းမယ့် ဇာတ်ကားကို ပြောပါ့ မယ်။ ဒါက ကျွန်တော့် အတွေး၊ ကျွန်တော့် အမြင်နော်။ ရွှေတောင်ရုပ်ရှင်ထုတ်လုပ်ရေး က ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ ‘လူးရတနာသိုက်’ ဇာတ်ကားပါ။ ရီရီဌေးရဲ့ ဇာတ် လမ်းကို နေစိုးသော်က ဇာတ်ညွှန်း ရေးတယ်။ ဇာတ်ကားပေ အရှည်က ‘၁၁၂၂၇’ ပေရှိတယ်။
ပါဝင်တဲ့ သရုပ် ဆောင်တွေက ကျော်ရဲ အောင်၊ နေမင်း၊ ကောင်းပြည့်၊ စိုးမြတ်သူဇာ၊ သက်မွန်မြင့်၊ ဆောင်း အိနြေ္ဒသခင်၊ ဖူးဖူး၊ ဖူးပွင့်သခင်၊ အောင် ခိုင်၊ သားညီတို့ ပါဝင်ကြတယ်။ ဓာတ်ပုံ ကတော့ မောင်မြင့်၊ အသံ ကိုကိုလွင်၊ တေးဂီတ ဓီရာမိုရ်၊ တည်းဖြတ် ဇော်မင်း (ဟံသာမြေ)။ ဇာတ်လမ်းဖော်ကျူးရာတွင် မြန်မာတို့ရဲ့ ရှေးခေတ်သမိုင်းအမွေအနှစ် ကို ဖော်ကျူးခြင်း၊ ချစ်ခြင်းမေတ္တာဖြင့် နူးညံ့သိမ်မွေ့ကြကြောင်း တင်ပြခဲ့ရာ သစ္စာစောင့်သိမှုများကို တန်ဖိုးထားစေ ရန်ဖြစ်တယ်လို့ တင်ပြထားပါတယ်။
‘လူးရတနာသိုက်’ ဇာတ်ကားကို အကယ်ဒမီ ကြိုတင်ခန့်မှန်းရလျှင်
၁။ အသံ – ကိုကိုလွင်
၂။ နောက်ခံတေးဂီတ – ဓီရာမိုရ်
ကျွန်တော် ‘လူးရတနာသိုက်’ ဇာတ် ကားအတွက် ဖော်ပြပါ ဆု၂ဆု ကိုသာ ကြိုတင်ခန့်မှန်းပါတယ်။ နောက်ထပ် ဇာတ်ကားတစ်ကားကို ကြိုတင်ခန့်မှန်းရပါက ‘မနောမြေမှ ကျောက်စိမ်းကမ္ဘာ’ ဖြစ်ပါတယ်။
MOON MYANMAR MEDIA ရုပ်ရှင်ထုတ်လုပ်ရေးက ဒါရိုက်တာ ဒေါင် လွဏ်း(မေခ) ရိုက်ကူးပြီး၊ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒေါင်လွဏ်း(မေခ)ကိုယ် တိုင်ရေးသားပါတယ်။ ဇာတ်ကားပေ အရှည်မှာ ၁၃၄၁ဝ ပေရှိတယ်။
ပါဝင်တဲ့ သရုပ်ဆောင်တွေက ဒေါင်လွဏ်း၊Mဆိုင်းနော်၊G တိန့်ဆောင်၊ Mဂျာအောင်၊ မွမ်စွမ်ပန်၊ ဂျာဆိုင်းအိန်၊Lဇော်ဒိန်၊Dမွန်း အောင်၊ မင်းဇိုင်းလွဏ်း နော၊Mအား ဘောက်။ ဓာတ်ပုံအောင်နိုင်၊ အသံ ဆွေလင်းမောင် (Stereo Image)၊ တေးဂီတMay Kha (Stereo Image) တည်းဖြတ် အတင့်။
ကချင်ပြည်နယ်၊ ဖားကန့်ဒေသရဲ့ စီးပွားရေးဈေးကွက်နဲ့ တိုင်းရင်းသား စာပေယဉ်ကျေးမှုတို့ကို ဖော်ကျူးခြင်း၊ ရေခဲတောင် အလှအပ သဘာဝကို ရိုက် ကူးတင်ပြခြင်း၊ ဖားကန့်ဒေသရှိ ကျောက် တူးသမား တို့ရဲ့ဘဝ၊ ကတုံးပေါ် ထိပ်ကွက် သည့် ကျောက်ဆရာကြီး၏ ခြေလှမ်းတို့ကို ပညာပေးအသွင်နှင့် ဖော်ကျူးသွားပါ သည်။
ကျွန်တော် ‘မနောမြေမှ ကျောက်စိမ်း ကမ္ဘာ’ကို အကယ်ဒမီ ကြိုတင်ခန့်မှန်းရလျှင်
၁။ ဇာတ်ကားဆု – မနော်မြေမှ ကျော်စိမ်း ကမ္ဘာ
၂။ ဓာတ်ပုံဆု – အောင်နိုင်
၃။ အသံဆု -Stereoimage
၎။ တည်းဖြတ်ဆု – အတင့်
ကျွန်တော် ‘မနောမြေမှ ကျောက်စိမ်း ကမ္ဘာ’ ဇာတ်ကားမှ ဖော်ပြပါဆု၎ဆုကို ကြိုတင်ခန့်မှန်းပါတယ်။ ဟုတ်လား၊ မဟုတ်လား၊ မတ်လ ၁၈ရက်နေ့မှာ ရင်ခုန် အဖြေရှာကြပါစို့။ ပရိသတ်နဲ့ ထပ်တူကျပါ စေ။
ဒီတစ်ပတ်တော့ ဇာတ်ကား ၂ကား ကြိုတင်ခန့်မှန်းခဲ့ပါပြီ။ နောက်တစ်ပတ် ဆန်ကာတင် ၁ဝ ကားထဲက ဘယ်ဇာတ် ကားမှာ ဘယ်အနုပညာရှင်တွေလဲဆိုတာ ပရိသတ်နဲ့အတူ ရင်ခုန်ကြတာပေါ့။
ဒါရိုက်တာ မောင်ဗေဒါ