Tuesday, November 26, 2024

တရုတ်၊ မက္ကဆီကိုနှင့် ကနေဒါတို့ကိုအခွန်သစ် စည်းကြပ်မည်–ထရမ့်ပ်

တရားမဝင် လူဝင်ရောက်မှုများနှင့် တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုများကို စိုးရိမ်ရသည်ဟုဆိုကာ သူ သမ္မတတာဝန်ထမ်းဆောင်သည့် ပထမရက်တွင်ပင် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံများမှ သွင်းကုန်အားလုံးအပေါ် အခွန်စည်းကြပ်မှု...

ထိုင်းနိုင်ငံက စပါးတောင်သူများအတွက် ဘတ် ၃၈...

ဘန်ကောက်၊နိုဝင်ဘာ ၂၅ ထိုင်းနိုင်ငံစိုက်ပျိုးရေးဝန်ကြီးက နိုင်ငံ၏ဆန်စပါးစိုက်တောင်သူများအတွက် ဘတ်ငွေ ၃၈ ဘီလျံ (ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ) ကို အကူအညီပေးမည့်...

AFF Mitsubishi Electric Cup...

AFF Mitsubishi Electric Cup 2024ပြိုင်ပွဲတွင် မြန်မာအသင်းနှင့်တစ်အုပ်စုတည်းကျရောက်နေသည့် ဗီယက်နမ်အသင်းမှာ ကိုရီးယားနိုင်ငံတွင် စတင်လေ့ကျင်ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ ဗီယက်နမ်အသင်းအနေဖြင့် ကိုရီးယားနိုင်ငံ၏ အဆင့်အမြင့်ဆုံးလေ့ကျင့်ရေးစင်တာတစ်ခုဖြစ်သည့် Smart...

ပြည်ပသို့ ပို့ကုန်၊ သွင်းကုန် စုစုပေါင်း...

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ၊ ဧပြီလမှ အောက်တိုဘာလ (၂၅) ရက်အထိ ပြည်ပသို့ ပို့ကုန်၊ သွင်းကုန် ဆောင်ရွက်မှုအနေဖြင့် စုစုပေါင်း...
HomeNewsLocal News“ဝ” တောင်ပိုင်းအတွင်းရှိ UWSA...

“ဝ” တောင်ပိုင်းအတွင်းရှိ UWSA စခန်း ၉ ခုကို ထိုင်းစစ်တပ်က ဖယ်ရှားခိုင်း၊ နိုင်ငံတော်အဆင့်ဆွေးနွေးရမည့်ကိစ္စဖြစ်သဖြင့် UWSA က နိုင်ငံခေါင်းဆောင်များထံ သတင်းပို့ထားဟု ဆို

“ဝ”တောင်ပိုင်း ၁၇၁ ဧရိယာအတွင်းရှိ UWSA စခန်း ၉ ခုကို ထိုင်းစစ်တပ်က ဖယ်ရှားခိုင်း‌သည့်အပေါ် ယင်းကိစ္စရပ်သည် နိုင်ငံတော်အဆင့် ဆွေးနွေးရမည့်ကိစ္စဖြစ်သဖြင့် နိုင်ငံခေါင်းဆောင်များထံ သတင်းပို့ထားသည်ဟု UWSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောကြားထားသည်။

အဆိုပါ ၁၇၁ စစ်ဒေသသည် ရှမ်းပြည်နယ်အရှေ့ပိုင်း ပန်ဆန်းမြို့ ဗဟိုပြု “ဝ” ဒေသနှင့် မိုင်းဆတ်ကြားရှိ ထိုင်း- မြန်မာနယ်စပ်ကျိုင်းတုံ၊ တာချီလိတ်အတွင်း တည်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

“ဝ” ပြည်တောင်ပိုင်း ၁၇၁ ဒေသဧရိယာအတွင်း တပ်စခန်း ၉ ခုဖယ်ခိုင်းတာ မှန်ပါတယ်။ ဒီလိုကိစ္စမျိုးက ကျွန်တော်တို့နဲ့မပြီးဘူး။ နိုင်ငံတော်အချင်းချင်းဆွေးနွေးရမယ့် ကိစ္စရပ်ဖြစ်တယ်။ နိုင်ငံတော် ခေါင်းဆောင်ပိုင်းကိုလည်း သတင်းပို့ပြီးပါပြီ။ ထိုင်းဖက်က အင်အားတိုးတယ်လို့သိရပြီး ကျနော်တို့ဖက်ကတော့ပုံမှန်အခြေအနေပါပဲ” ဟု ဦးညီရမ်းက ၀‌ဒေသအခြေစိုက် မီဒီယာတစ်ခုကိုဖြေကြားထားသည်။

ထိုင်းသတင်းဌာန‌များကလည်း ထိုင်းတော်ဝင်စစ်တပ်၏ ထုတ်ပြန်ချက်ဖြစ်သည့် UWSA စစ်တပ်စခန်း ၉ ခုကို လာမည့် ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှား‌ပေးရန် ထုတ်ပြန်ချက်ကို ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်တွင် ဖော်ပြထားကြောင်း တွေ့ရသည်။

ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်တွင် UWSA အနေဖြင့် ဖယ်ရှားခိုင်းသည့် နယ်မြေများသည် ထိုင်းနိုင်ငံပိုင်နက် မဟုတ်သည့်အတွက် ပယ်ချခဲ့ပြီး၊ နိုင်ငံအချုပ် အခြာအာဏာကို ကာကွယ်ခြင်းဖြစ်သဖြင့် ထိုင်းစစ်တပ်ဘက်က ကျူးကျော်လာပါက လက်တုံ့ပြန်မည်ဟု သတိပေးထားကြောင်း ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်၊ မက္ကဆီကိုနှင့် ကနေဒါတို့ကိုအခွန်သစ် စည်းကြပ်မည်–ထရမ့်ပ်

တရားမဝင် လူဝင်ရောက်မှုများနှင့် တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုများကို စိုးရိမ်ရသည်ဟုဆိုကာ သူ သမ္မတတာဝန်ထမ်းဆောင်သည့် ပထမရက်တွင်ပင် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံများမှ သွင်းကုန်အားလုံးအပေါ် အခွန်စည်းကြပ်မှု ၂၅ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ်တွင် ထပ်တိုးစည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ချမှတ်သွားမည်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုဝင်ဘာ ၂၅ ရက်တွင် ကတိပြုလိုက်သည်။ “ဇန်နဝါရီ ၂၀ ရက်နေ့တွင် ကျွနု်ပ်၏ ပထမဆုံးသော သမ္မတအမိန့်များထဲမှ တစ်ခုအနေဖြင့် အမေရိကန်ပြည်ထောင်စုအတွင်း ဝင်ရောက်သော မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ ထုတ်ကုန်အားလုံးအပေါ် ၂၅...

ထိုင်းနိုင်ငံက စပါးတောင်သူများအတွက် ဘတ် ၃၈ ဘီလျံကူညီမည်

ဘန်ကောက်၊နိုဝင်ဘာ ၂၅ ထိုင်းနိုင်ငံစိုက်ပျိုးရေးဝန်ကြီးက နိုင်ငံ၏ဆန်စပါးစိုက်တောင်သူများအတွက် ဘတ်ငွေ ၃၈ ဘီလျံ (ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ) ကို အကူအညီပေးမည့် အစီအစဉ်ကို ကြေညာခဲ့ပြီး ကုန်ထုတ်စွမ်းအားမြှင့်တင်ရန်ရည်ရွယ်သည်ဟု‌ေပြာကြားခဲ့သည်။ စိုက်ပျိုးရေး၀န်ကြီးကမူ ၎င်းအ‌နေဖြင့် လာမည့်သောကြာနေ့အစည်းအဝေးတွင် အစိုးရအဖွဲ့ထံ ဘတ် ငွေ ၃၈ ဘီလျံ (ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ) ပေးမည့် အစီအစဉ်ကို တင်ပြမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ အဆိုပါအစီအစဉ်အရ စပါးစိုက်တောင်သူများသည် တစ်ရိုင်လျှင် ဘတ် ၁,၀၀၀ (၂၉ ဒေါ်လာ) ရရှိမည်ဖြစ်ပြီး တောင်သူတစ်ဦးလျှင်...

AFF Mitsubishi Electric Cup 2024ပြိုင်ပွဲတွင် မြန်မာအသင်းနှင့်တစ်အုပ်စုတည်းကျရောက်နေသည့် ဗီယက်နမ်အသင်း ကိုရီးယားနိုင်ငံတွင် စတင်လေ့ကျင်ပြင်ဆင်

AFF Mitsubishi Electric Cup 2024ပြိုင်ပွဲတွင် မြန်မာအသင်းနှင့်တစ်အုပ်စုတည်းကျရောက်နေသည့် ဗီယက်နမ်အသင်းမှာ ကိုရီးယားနိုင်ငံတွင် စတင်လေ့ကျင်ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ ဗီယက်နမ်အသင်းအနေဖြင့် ကိုရီးယားနိုင်ငံ၏ အဆင့်အမြင့်ဆုံးလေ့ကျင့်ရေးစင်တာတစ်ခုဖြစ်သည့် Smart Air Dome Gyeongju ၌ နာမည်ကျော် ကိုရီးယားဂန္တဝင်ဂိုးသမားကြီး လီဝန်ဂျေးက ဂိုးနည်းပြအဖြစ် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။ ဗီယက်နမ်အသင်းကို နည်းပြချုပ်အဖြစ် ကိုရီးယားလူမျိုးနည်းပြ ကင်မ်ဆန်ဆစ်က တာဝန်ယူကိုင်တွယ်နေပြီး မစ်ဆူဘီရှီဖလားပြိုင်ပွဲ၌ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ လာအို အသင်းတို့တစ်အုပ်စုတည်းကျရောက်နေခြင်းဖြစ်သည်။ AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲကို လာမည့်ဒီဇင်ဘာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071