Wednesday, December 11, 2024

မုံရွာမြို့ ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄)ကြိမ်မြောက် မွေးနေ့အထိမ်းအမှတ်...

မုံရွာမြို့၊ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄)ကြိမ်မြောက် မွေးနေ့အထိမ်းအမှတ် ပူဇော်ပွဲအဖြစ် နတ်တော်လဆန်း (၁၁)ရက် ၊ ဒီဇင်ဘာလ (၁၁)ရက်မှစတင်၍ လယ်တီကျောက်စာတိုက်ကြီးအတွင်း လယ်တီမဟာသရဏဂုမ်တော်ကြီး ပါဠိတော်များ ရွတ်ဖတ်ပူဇော်လျက်ရှိသည်။ ၁၃၈၆ခု၊...

မြန်မာနိုင်ငံတွင် အသိအမှတ်ပြုလက်မှတ်ထုတ် ပေးထားသည့် အလုပ်သမားအဖွဲ့အစည်း...

မြန်မာနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုလက် မှတ်ထုတ်ပေးထားသည့် အလုပ်သမားအဖွဲ့အ စည်းပေါင်း(၃၀၅၄)ဖွဲ့ရှိသည်ဟု အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်၏ ပြောကြားချက်အရ သိရသည်။ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား...

အင်ဒိုရွေးကောက်ပွဲအပြီး မဲရုံဝန်ထမ်း ၂၈ ဦးထက်မနည်း‌ေ-သဆုံး

ဂျကာတာ၊ဒီဇင်ဘာ ၁၀ အင်ဒိုနီးရှား၌ ဒေသဆိုင်ရာ ရွေးကောက်ပွဲများကို ပြီးခဲ့သည့်လက ကျင်းပခဲ့ပြီးနောက် ပင်ပန်းနွမ်းနယ်မှုနှင့် ဆက်နွှယ်သည့် ဖျားနာမှုများကြောင့် လူ ၂၈ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန...

ဒီဇင်ဘာလအတွက် ပြည်တွင်းစားဆန် ရည်ညွှန်းဈေးများ သတ်မှတ်ထုတ်ပြန်

ယခုဒီဇင်ဘာလအတွက် ဈေးကွက်အတွင်း ရောင်းချရမည့်ပြည်တွင်းစားဆန်ရည်ညွှန်းဈေးများကို သတ်မှတ်ထုတ်ပြန်ပေးထားပြီး သုံးလဆက်တိုက် ရည်ညွှန်းဈေးပြောင်းလဲခြင်းမရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။ ယင်းသတ်မှတ်ရည်ညွှန်းဈေးနှုန်းများမှာ ပြည်တွင်းစားသုံးမှုရှိသည့် ဆန်အုပ်စုအလိုက် (၁၀၈) ပေါင်/ (၂၄)...
HomeNewsLocal Newsဝ ဒေသ၏ (၁၇၁)...

ဝ ဒေသ၏ (၁၇၁) စစ်ဒေသအတွင်းသို့ ကျိုင်းတုံအခြေစိုက် တြိဂံဒေသစစ်ဌာနချုပ် တိုင်းမှူး လာရောက်ခဲ့သော်လည်း UWSA တွေ့ဆုံခဲ့ခြင်းမရှိဟုဆို

UWSA ထိန်းချုပ်နယ်မြေဖြစ်သည့် “ဝ” ဒေသ (၁၇၁) စစ်ဒေသအတွင်းသို့ ကျိုင်းတုံအခြေစိုက် တြိဂံဒေသစစ်ဌာနချုပ် တိုင်းမှူး လာရောက်ခဲ့ကြောင်း WUSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ဒေသအခြေစိုက်မီဒီယာတစ်ခုကို ဖြေ ကြားထားသည်။

“တိုင်းမှူးလာတာမှန်ပါတယ်။ နယ်မြေတပ်တွေသွားရောက်စစ်ဆေးတာဖြစ်မှာပါ။ ကျွန်တော်တို့နဲ့တွေ့ဆုံဖို့မရှိပါ။ ထိုင်းနဲ့လည်းတွေ့ဆုံဖို့မရှိပါ။ ထိုင်းနယ်စပ်ကိစ္စရပ် လောလောဆယ်ငြိမ်သွားပါပြီ။ ကျွန်တော်တို့ဖက်ကတော့ အားလုံးပုံမှန်ပါပဲ”ဟု ဖြေကြားထားသည်။

ကျိုင်းတုံအခြေစိုက် တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးသည် ယမန်နေ့ ဒီဇင်ဘာ (၁၀) ရက်က လာရောက်ခဲ့ခြင်းဖြစ်ပြီး ၊ ယနေ့တွင် မုံးတော့၊ မုံးထားဘင်သို့ ခရီးဆက်လက်ထွက်ခွာသွားကာ ထိုင်းနိုင်ငံနှင့် ဖြစ်ပွားနေသည့် နယ်စပ်အရေးကို ဆွေးနွေးဖြေရှင်းရန်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၂၅)ရက်က ထိုင်းစစ်တပ်နှင့် UWSA တို့အကြား ဖြစ်ပွားခဲ့သည့် နယ်မြေအငြင်းပွားမှုအတွင်း UWSA တပ်စခန်းများကို ယခု ဒီဇင်ဘာ (၁၈)ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ပေးရန် ထိုင်းစစ်တပ်ဘက်က အသိပေးထားသော်လည်း၊ ယင်းဖြစ်စဉ်အတွက် နိုင်ငံတော်အချင်းချင်း ဆွေးနွေးရမည့်ကိစ္စရပ်သာဖြစ်ပြီး နိုင်ငံတော် ခေါင်းဆောင်ပိုင်းများကို သတင်းပေးပို့ထားပြီဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့ ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄)ကြိမ်မြောက် မွေးနေ့အထိမ်းအမှတ် ပူဇော်ပွဲကျင်းပ

မုံရွာမြို့၊ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄)ကြိမ်မြောက် မွေးနေ့အထိမ်းအမှတ် ပူဇော်ပွဲအဖြစ် နတ်တော်လဆန်း (၁၁)ရက် ၊ ဒီဇင်ဘာလ (၁၁)ရက်မှစတင်၍ လယ်တီကျောက်စာတိုက်ကြီးအတွင်း လယ်တီမဟာသရဏဂုမ်တော်ကြီး ပါဠိတော်များ ရွတ်ဖတ်ပူဇော်လျက်ရှိသည်။ ၁၃၈၆ခု၊ နတ်တော်လဆန်း (၁၃)ရက် ၊ဒီဇင်ဘာလ (၁၃)ရက်တွင် ကျရောက်သော ကျေးဇူးတော်ရှင် ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄)ကြိမ်မြောက် မွေးနေ့အထိမ်း အမှတ်အဖြစ် နတ်တော်လဆန်း (၁၁)ရက်၊ (၁၂)ရက် နှင့် (၁၃) ရက်များတွင် နေ့စဥ် နံနက် (၇)နာရီမှ ည (၇)နာရီ အထိ မဟာလယ်တီကျောင်းတိုက် သံဃာတော်များက လယ်တီမဟာသရဏဂုမ်တော်ကြီး ပါဠိတော်များ...

မြန်မာနိုင်ငံတွင် အသိအမှတ်ပြုလက်မှတ်ထုတ် ပေးထားသည့် အလုပ်သမားအဖွဲ့အစည်း (၃၀၀၀)ကျော်ရှိ

မြန်မာနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုလက် မှတ်ထုတ်ပေးထားသည့် အလုပ်သမားအဖွဲ့အ စည်းပေါင်း(၃၀၅၄)ဖွဲ့ရှိသည်ဟု အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်၏ ပြောကြားချက်အရ သိရသည်။ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ ဒီဇင်ဘာ ၁၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစတင်၍ ယနေ့အ ချိန်အထိ အလုပ်သမားအဖွဲ့အစည်းဥပဒေအရ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးထားသော အခြေခံအလုပ်သမားအဖွဲ့အစည်း(၂၈၃၃) ဖွဲ့၊ အခြေခံအလုပ်ရှင်အဖွဲ့အစည်း(၂၆)ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း(၁၅၈)ဖွဲ့၊ မြို့နယ်အလုပ်ရှင်အဖွဲ့အစည်း(၁)ဖွဲ့၊ တိုင်း/ပြည်နယ်အလုပ်သမားအဖွဲ့အစည်း(၂၅)ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် (၉)ဖွဲ့၊ အလုပ်ရှင်အဖွဲ့ချုပ်(၁)ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(၁)ဖွဲ့ (စုစုပေါင်း ၃၀၅၄ ဖွဲ့)ရှိသည်ဟု...

အင်ဒိုရွေးကောက်ပွဲအပြီး မဲရုံဝန်ထမ်း ၂၈ ဦးထက်မနည်း‌ေ-သဆုံး

ဂျကာတာ၊ဒီဇင်ဘာ ၁၀ အင်ဒိုနီးရှား၌ ဒေသဆိုင်ရာ ရွေးကောက်ပွဲများကို ပြီးခဲ့သည့်လက ကျင်းပခဲ့ပြီးနောက် ပင်ပန်းနွမ်းနယ်မှုနှင့် ဆက်နွှယ်သည့် ဖျားနာမှုများကြောင့် လူ ၂၈ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။ "၂၀၂၄ ခုနှစ် ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေအပြီးမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့အထိ မဲရုံဝန်ထမ်း ၂၈ ယောက် ‌ေ-သဆုံးခဲ့ပါတယ်။အများစုက ပင်ပန်းနွမ်းနယ်ပြီး နှလုံးဖောက်ဆုံးပါးခဲ့ခြင်းဖြစ်ပါတယ်" ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကပြောကြားခဲ့သည်။ အင်ဒိုသည် ကျွန်းပေါင်း ၁၇,၀၀၀ ကျော်နှင့် မြို့ပေါင်း ၉၃ မြို့ရှိကာ အားလုံးကို တစ်ရက်တည်းတွင် ရွေးကောက်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၇...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071