Friday, November 22, 2024

မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း (၆၂)တွဲ...

၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို ဆက်လက်ကျင်းပခဲ့ပြီး ကျောက်မျက်အတွဲပေါင်း (၆၂)တွဲကို ရောင်းချနိုင်ခဲ့ကြောင်း ပြပွဲကျင်းပရေးကော်မတီ ၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြပွဲစတုတ္ထမြောက်နေ့တွင် ကျောက်မျက်အတွဲ...

အင်ဒို၌ အွန်လိုင်းလောင်းကစားနှင့်ဆက်စပ်နေသည့် ဘဏ်အကောင့်ပေါင်း ၇,၀၀၀...

ဂျကာတာ၊နိုဝင်ဘာ ၂၁ အင်ဒိုနီးရှားနိုင်ငံ၌ လောင်းကစားလုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် ဆက်နွယ်နေသည့် ဘဏ်အကောင့် ၇,၅၀၀ ခန့်ကို ပိတ်ဆို့လိုက်ကြောင်း နိုင်ငံ၏ဗဟိုဘဏ်အကြီးတန်းအရာရှိတစ်ဦးကသတင်းထုတ်ပြန်ခဲ့သည်။ အင်ဒိုနီးရှားဗဟိုဘဏ်အနေဖြင့် ဘဏ်အကောင့်များအား တရားမဝင် အွန်လိုင်းလောင်းကစားများအပါအဝင်...

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး‌၌ တရုတ်ကာကွယ်ရေးဝန်ကြီး အမှာစကားပြောကြား

ဗီယန်ကျင်း၊နိုဝင်ဘာ ၂၁ တရုတ်ကာကွယ်ရေးဝန်ကြီး ဒွန်ဂျန်သည် ကြာသပတေးနေ့က (၁၁) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ လက်ရှိ၌ အာရှ-ပစိဖိတ်ဒေသသည် တည်ငြိမ်နေဆဲဖြစ်သော်လည်း ပထဝီဝင်နိုင်ငံရေးပဋိပက္ခများထဲသို့ ဆွဲငင်ခံရမည့်အန္တရာယ်ကိုသတိပေးခဲ့ကာ...

တယ်လီကွန်းလိမ်လည်ဂိုဏ်းကို ချေမှုန်းနိုင်ခဲ့

ပေကျင်း၊နိုဝင်ဘာ ၂၁ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ် - မြန်မာနယ်စပ်ရှိ အကြီးစားတယ်လီကွန်းလိမ်လည်ဂိုဏ်းနှင့်စင်တာများအား ချမှုန်းနိုင်ခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိ တယ်လီကွန်းလိမ်လည်မှုဂိုဏ်းများတိုက်ဖျက်ရေးကို ယမန်နှစ်တွင်တရုတ်ဘက်မှစတင်ခဲ့ခြင်းဖြစ်ပြီး တရုတ်ဘက်မှတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ ပူးပေါင်းကြိုးပမ်းမှုများကြောင့်...
HomeNewsLocal Newsသခင်မြပန်းခြံ မီးပွိုင့်အနီးတွင် ကုန်တင်ယာဉ်...

သခင်မြပန်းခြံ မီးပွိုင့်အနီးတွင် ကုန်တင်ယာဉ် တစ်စီး အရှိန်လွန် တိမ်းမှော-က်၊ ယာဉ်ပေါ်ပါ (၅)ဦး ထိခိုက်ဒဏ်ရာများရ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်းတွင် ကုန်တင်ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှော-က်မှု ဖြစ်ပွားရာ ယာဉ်ပေါ်ပါ အမျိုးသား (၅)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း နယ်မြေခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။

အလုံမြို့နယ်၊ ကမ်းနားလမ်း ၊ သခင်မြပန်းခြံမီးပွိုင့်အနီးတွင် ယမန်နေ့ ည (၁၁)နာရီ မိနစ် (၅၀)အချိန်ခန့်က ယာဉ်တစ်စီး တိမ်းမှေ-ာက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဝင်းမေတ္တာလူမှုကူညီရေးအသင်း၊ အေးမေတ္တာလူမှုကူညီရေးအသင်း၊ ပြည်သူ+လူရွှင်တော်လူမှုကူညီရေးအသင်း၊ သံဝေဂလူမှုကူညီရေးအသင်းတို့နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း (အလုံ) တို့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှေ-ာက်မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိထားသည့် အမျိုးသား (၅)ဦးကို လိုအပ်သည့် မြေပြင်အရေးပေါ်ဆေးကုသမှုများ ပြုလုပ်ပေးပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း (အလုံ)နှင့် အေးမေတ္တာ လူမှုကူညီရေးအသင်းတို့မှ လူနာတင် ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း (၆၂)တွဲ ရောင်းချနိုင်ခဲ့

၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို ဆက်လက်ကျင်းပခဲ့ပြီး ကျောက်မျက်အတွဲပေါင်း (၆၂)တွဲကို ရောင်းချနိုင်ခဲ့ကြောင်း ပြပွဲကျင်းပရေးကော်မတီ ၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြပွဲစတုတ္ထမြောက်နေ့တွင် ကျောက်မျက်အတွဲ အမှတ် (၁) မှ အတွဲအမှတ် (၁၆၀) အထိ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များ၏ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ကျောက်မျက်အတွဲပေါင်း (၆၂) တွဲရောင်းချရကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ အလားတူ ပြပွဲပဥ္စမ‌မြောက်နေ့တွင် ကျောက်မျက်အတွဲ (၁) မှ (၈၅၀) ထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း ပြည်ပရတနာကုန်သည်များအား...

အင်ဒို၌ အွန်လိုင်းလောင်းကစားနှင့်ဆက်စပ်နေသည့် ဘဏ်အကောင့်ပေါင်း ၇,၀၀၀ ကျော်ကိုပိတ်ဆို့

ဂျကာတာ၊နိုဝင်ဘာ ၂၁ အင်ဒိုနီးရှားနိုင်ငံ၌ လောင်းကစားလုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် ဆက်နွယ်နေသည့် ဘဏ်အကောင့် ၇,၅၀၀ ခန့်ကို ပိတ်ဆို့လိုက်ကြောင်း နိုင်ငံ၏ဗဟိုဘဏ်အကြီးတန်းအရာရှိတစ်ဦးကသတင်းထုတ်ပြန်ခဲ့သည်။ အင်ဒိုနီးရှားဗဟိုဘဏ်အနေဖြင့် ဘဏ်အကောင့်များအား တရားမဝင် အွန်လိုင်းလောင်းကစားများအပါအဝင် အခြားအလွဲသုံးစားလုပ်အသုံးပြုခြင်းမှကာကွယ်နိုင်ရန်အတွက် တက်တက်ကြွကြွလုပ်ဆောင်လျက်ရှိကြောင်းပြောကြားခဲ့သည်။ အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်သောအင်ဒိုနီးရှားသည် နိုင်ငံတစ်ဝန်းတွင် လောင်းကစားလုပ်ငန်းများနှင့် ပတ်သက်သည်ဟု သံသယရှိသော ငွေလွှဲမှုများလာသောကြောင့် အွန်လိုင်းလောင်းကစားကိုတိုက်ဖျက်မည့်စီမံချက်များကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်ဟုလည်းဆိုခဲ့သည်။ အင်ဒို၌ လောင်းကစားကို အွန်လိုင်းနှင့်မြေပြင်နှစ်ခုလုံးတွင် တရားဝင်လုပ်ခွင့်ပေးထားခြင်းမျိုးမရှိသလို  ပါဝင်ကစားသူနှင့် လောင်းကစားပွဲစီစဉ်သူများကို အများဆုံးထောင်ဒဏ် ၁၀ နှစ်နှင့် အင်ဒိုနီးရှားရူပီး ၂၅ သန်း (အမေရိကန်ဒေါ်လာ ၁,၅၇၅ ခန့်) ဒဏ်ငွေချမှတ်နိုင်သည်ဟုလည်းသိရသည်။ ပြီးခဲ့သည့်စနေနေ့ကလည်း...

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး‌၌ တရုတ်ကာကွယ်ရေးဝန်ကြီး အမှာစကားပြောကြား

ဗီယန်ကျင်း၊နိုဝင်ဘာ ၂၁ တရုတ်ကာကွယ်ရေးဝန်ကြီး ဒွန်ဂျန်သည် ကြာသပတေးနေ့က (၁၁) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ လက်ရှိ၌ အာရှ-ပစိဖိတ်ဒေသသည် တည်ငြိမ်နေဆဲဖြစ်သော်လည်း ပထဝီဝင်နိုင်ငံရေးပဋိပက္ခများထဲသို့ ဆွဲငင်ခံရမည့်အန္တရာယ်ကိုသတိပေးခဲ့ကာ လှပသောဇာတိမြေကိုကာကွယ်ရန် ပူးပေါင်းကြိုးပမ်းမှုများ ပြုလုပ်ရန်လည်းတောင်းဆိုခဲ့သည်။ တရုတ်နိုင်ငံသည် အာဆီယံ၏ဒေသတွင်းချုပ်ကိုင်နိုင်မှုကို ဆက်လက်တည်မြဲစေရန် အင်အားစုအားလုံးနှင့် လက်တွဲလုပ်ဆောင်ရန်ဆန္ဒရှိပြီး ရှိရင်းစွဲပူးပေါင်းဆောင်ရွက်မှုမူဘောင်များ တိုးတက်မှုနှင့်အဆင့်မြှင့်တင်မှုကိုထောက်ခံကြောင်းလည်းပြောကြားခဲ့သည်။ ဒေသတွင်းပြဿနာများကို ဒေသတွင်းနိုင်ငံများအချင်းချင်း ညှိနှိုင်းဆွေးနွေးစေလိုပြီး ပြဿနာတစ်ခုအတွက် အင်အားသုံးခြင်း၊အငြင်းပွားမှုမဖြစ်ဖြစ်အောင်လှုံ့ဆော်ခြင်း၊ပြင်ပအင်အားစုများ ဒေသထဲသို့ခေါ်သွင်းခြင်းများမလုပ်ကြရန်လည်းပြောကြားခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊အင်ဒိုနီးရှား၊လာအို၊မလေးရှား၊မြန်မာ၊ ဖိလစ်ပိုင်၊စင်္ကာပူ၊ထိုင်းနှင့် ဗီယက်နမ်တို့သည် လာအို၌ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကိုပြုလုပ်နေကြခြင်းလည်းဖြစ်သည်။ Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071