Tuesday, April 8, 2025

လေဖိအားနည်းရပ်ဝန်း အားပိုကောင်းလာပြီး မုန်တိုင်းငယ်အဆင့်သို့ရောက် လာနိုင်သည်ဟု...

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အားပိုကောင်းလာပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်လာနိုင်သည်ဟု ပြင်ပမိုးလေဝသ ပ ညာရှင် ဦးဝင်းနိုင်က အသိပေးထားသည်။ ယင်း လေဖိအားနည်းရပ်ဝန်းအား...

ဖိလစ်ပိုင်မှာ မီးတောင်ပေါက်၊ ပြာများ ၄...

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် အင်္ဂါနေ့ မနက်ပိုင်းက မီးတောင်တစ်လုံး ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာတိမ်တိုက်ကြီးသည် ဝေဟင်အမြင့် မီတာ ၄၀၀၀ အထိ ထိုးတက်ခဲ့သောကြောင့် ဒေသတွင်း...

ငလျင်အပြီးထိုင်းကွန်ဒိုဈေးကွက်

မြန်မာနိုင်ငံတွင် မန္တလေး ငလျင်ကြီးလှုပ်ရာ၌ ဘန်ကောက်မြို့ထိ ပါ လှုပ်ခတ်သွားခဲ့ရာ အထပ်မြင့်  အဆောက်အအုံ ၅၉၉၄ လုံးရှိ ဘန်ကောက် မြို့ လည်း...

ငလျင်ဒဏ်သင့် ဒေသများသို့ လှူဒါန်းရန် ဆီတစ်ဗူးလျင်...

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ ငလျင်ဒဏ်ခံစားခဲ့ရသည့် ဒေသများသို့ လှူဒါန်းနိုင်ရန်အတွ က် ဆီ (၅၀)သားဘူးများကို တစ်ဘူးလျင် ၄ဝဝဝ ကျပ်...
HomeArticlesသင်သိလိုရာမေး အဖြေပေးမည့်မီးခွက်စောင့်ဘီလူးလေး ဂျင်းနီ...

သင်သိလိုရာမေး အဖြေပေးမည့်မီးခွက်စောင့်ဘီလူးလေး ဂျင်းနီ (သို့) ChatGPT အပိုင်း(၃)

ဓာတ်ပုံ၊ ပန်းချီနဲ့ ဒီဇိုင်းတို့ကိုဖန်တီးနိုင်စွမ်းရှိတဲ့ DALL-E

“DALL-E”ဆိုတဲ့နာမည်ဟာ စပိန်အနုပညာရှင် Salvador Dail နဲ့ ကာတွန်းစက်ရုပ်ဇာတ်ကောင်ဖြစ်တဲ့ WALL-E ဆိုတဲ့နာမည်တွေကိုပေါင်းထားတာပဲဖြစ်ပါတယ်။ DALL-E ဆိုတာ စာသားနဲ့ရေးသားဖော်ပြထားတာတွေကို ပုံရိပ်တွေအဖြစ်ပြန်ပြီးထုတ်ပေးနိုင်တဲ့ OpenAI က တီထွင်ထားတဲ့ Neural Network  (အာရုံကြောကွန်ရက်စနစ်) တစ်မျိုးပဲ ဖြစ်ပါတယ်။ 

DALL-E က ကိုယ်လိုချင်တဲ့ဓာတ်ပုံ၊ ပန်းချီနဲ့ ဒီဇိုင်းပုံတွေကို စာသားနဲ့ရေးသားခိုင်းစေလိုက်တာနဲ့ ဒစ်ဂျစ်တယ်ပုံတွေကိုပြန်ပြီးဖန်တီးပေးနိုင်ပါတယ်။၂၀၂၁၊ ဇန်နဝါရီလမှာ OpenAI က DALL-E အကြောင်းကို ဘလော့ပို့စ်တစ်ခုမှာ ရေးသားခဲ့ဖူးပြီး ပုံတွေကိုဖန်တီးနိုင်ဖို့ GPT-3 ကိုသုံးထားကြောင်းဖော်ပြခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလမှာတော့ အရည်အသွေးမြင့်ဓာတ်ပုံတွေကိုထုတ်ပေးနိုင်တဲ့ DALL-E 2 အကြောင်းကို OpenAI ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀ ရက်နေ့မှာတော့ OpenAI က စောင့်ဆိုင်းသူစာရင်းဝင် လူဦးရေ ၁ သန်းထံသို့ဖိတ်ခေါ်စာပို့ခဲ့ပြီး DALL-E 2 ရဲ့စမ်းသပ်မှုအဆင့် Beta Version အဖြစ်သို့ပြောင်းလဲပေးခဲ့ပါတယ်။ အသုံးပြုသူတွေအနေနဲ့ လစဉ်လတိုင်း ပုံအချို့ကိုအခမဲ့ဖန်တီးနိုင်ပြီး ဒီထက်ပိုဖန်တီးချင်တယ်ဆိုရင်တော့ ဝယ်ယူအသုံးပြုလို့ရပါတယ်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့မှာတော့  DALL-E 2 ကို လူတိုင်းအတွက်တရားဝင်အသုံးပြုခွင့်ပြုခဲ့ပါတယ်။

သင့်အနေနဲ့ DALL-E ကိုအသုံးပြုပြီး ပုံတူပန်းချီရေးဆွဲခိုင်းတာ၊ ရေဆေးပန်းချီနဲ့ ဒီဇိုင်းပုံစံအမျိုးမျိုးဖန်တီးခိုင်းတာအပြင် အပြင်လက်တွေ့ဘဝမှာမရှိတဲ့ သင့်စိတ်ကူးထဲကစိတ်ကူးစိတ်သန်းတွေကို စာသားအဖြစ်ရေးသားပြီး သူ့ကိုဖန်တီးပုံဖော်ခိုင်းလို့ရပါတယ်။  ဥပမာသင့်အနေနဲ့ လကမ္ဘာပေါ်ရောက်နေတဲ့အာကာသယာဉ်မှူးတစ်ဦးပုံဖန်တီးပေးပါလို့တောင်းဆိုလိုက်ရင် ပုံစံမတူတဲ့ ပုံ ၄ ပုံကို ပြန်ပြီး ထုတ်ပေးပါတယ်။ အဲ့ဒီ ၄ ပုံထဲကမှ ကိုယ်ကြိုက်တဲ့ပုံကိုရွေးပြီး စိတ်တိုင်းကျဖြစ်မည့် ပုံကိုပြန်ရွေးလို့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် DALL-E ဟာ ပြင်ပလောကပတ်ဝန်းကျင်မှာရှိနေတဲ့ဓာတ်ပုံတွေကိုလည်း သဘာဝကျကျဖန်တီးပုံဖော်ပေးနိုင်စွမ်းရှိပါတယ်။ ဥပမာ “လေးထောင့်ပုံလိပ်ထားတဲဆူရှီ” “A cube made of Sushi” လို့ English လိုရေးထည့်ပေးလိုက်တာနဲ့ လေးထောင့်ပုံလိပ်ထားတဲ့ဆူရှီလိပ်ပုံစံမျိုးစုံကို  ဖန်တီးထုတ်လုပ်ပေးပါတယ်။ 

DALL-E ဟာ ကျွန်တော်တို့ရေးသားခိုင်းစေလိုက်တဲ့ အကြောင်းအရာနဲ့ဆက်စပ်တာတွေကိုပါ နားလည်နိုင်စွမ်းရှိပါတယ်။ ဥပမာ “ A bag made of strings” “ကြိုးတွေနဲ့လုပ်ထားတဲ့အိတ်တစ်လုံး ” လို့ရိုက်ထည့်လိုက်တာနဲ့ ကြိုးနဲ့ပြုလုပ်ထားတဲ့ အိတ်ပုံစံတွေကို ဖန်တီးပုံဖော်ပေးပါတယ်။

ဒီလိုမျိုးပုံတွေကိုဖန်တီးထုတ်လုပ်ပေးတဲ့နေရာမှာလည်း အရည်အသွေးမြင့်ပုံရိပ် High-resolution image ကိုထုတ်ပေးနိုင်တာကိုတွေ့ရပါတယ်။ အခုလိုစွမ်းဆောင်ရည်တွေကိုကြည့်မယ်ဆိုရင် AI နည်းပညာသုံးပြီး ဓာတ်ပုံတွေထုတ်လုပ်ဖန်တီးတဲ့နည်းပညာနယ်ပယ်မှာတော့ DALL-E ဟာ အခြားသော App တွေထက်ကို သိသိသာသာ ရှေ့ရောက်နေပြီလို့ဆိုနိုင်ပါတယ်။ DALL-E ကို ထုတ်ကုန်ဒီဇိုင်းထုတ်ပေးတာ၊ ဗိသုကာပညာရပ်နဲ့ အခြားသောအနုပညာနယ်ပယ်တွေမှာလည်းအသုံးပြုလာနိုင်ဖွယ် ရှိနေပါတယ်။

ပရိုဂရမ်တွေရေးပေးနိုင်တဲ့ ChatGPT

ChatGPT ဟာ စကားပြေနဲ့ကဗျာတွေကိုရေးသားပေးနိုင်ယုံသာမကဘဲ နယ်ပယ်အမျိုးမျိုး အတွက် ကွန်ပျူတာဘာသာရပ်အတော်များများရဲ့ Code တွေကိုလည်း ရေးသားနိုင်စွမ်း ရှိပါတယ်။ ChatGPT ဟာ ဖန်ရှင်အမျိုးမျိုးအတွက်ဖြေရှင်းပေးပြီးသားကုတ်တွေကို ဘယ်လိုရေးသင့်တယ်ဆိုတဲ့ဆွေးနွေးချက်တွေပါရှိတဲ့စာရွက်စာတမ်းတွေနဲ့အတူ ယခင် ကတည်းကရေးသားထားပြီးသား ကုတ်အမြောက်အများကိုလည်း ပြန်လည်ပြီး သင်ယူ ထားပြီးဖြစ်ပါတယ်။  

သင်သိချင်တဲ့ ကုတ်အကြောင်းကို ထည့်ပေးလိုက်တာနဲ့ သူနဲ့ ပတ်သက်တဲ့ ကုတ်တွေကိုချက်ချင်းထုတ်ပေးနိုင်တယ်။ အခြားသင်သိချင်တဲ့ မေးခွန်း တစ်ခုခုကိုမေးရင်လည်း ဖြေပေးနိုင်စွမ်းရှိတယ်။

ဥပမာ Application တစ်ခုကို ဘယ်လို ရေးရမလဲလို့မေးလိုက်ရင်လည်း ရေးရမည့်လုပ်ငန်းစဉ်တစ်ခုလုံးကို တစ်ဆင့်ချင်းစီ ဘယ်လိုလုပ်ရမလဲ ပြောပြပါလိမ့်မယ်။

သင်ရေးထားတဲ့ပရိုဂရမ်တစ်ခုရဲ့အပြစ်ကိုရှာဖွေပေးတဲ့နေရာမှာလည်း အလွန်ကို အသုံး တည့်လှပါတယ်။ ဒါ့အပြင် Input Code ကဘယ်လိုမှားနေတယ်ဆိုမျိုးရှင်းပြပေးမှာဖြစ်ပြီး ChatGPT ကို သင်သိလိုတဲ့ပညာရပ်သင်ကြားနိုင်တဲ့အရင်းမြစ်တစ်ခုအဖြစ် အသုံးပြု နိုင်တာကြောင့် ကုတ်ရေးသားသူတွေအတွက် အလွန်ကောင်းမွန်တဲ့လက်နက်တစ်မျိုး လည်းဖြစ်ပါတယ်။ 

သို့ပေမည့်လည်း ChatGPT ကထုတ်ပေးတဲ့ ကုတ်တွေဟာ မှားနိုင်တာမျိုးလည်း ရှိတဲ့အတွက် သင့်လုပ်ဆောင်ရမည့်လုပ်ငန်းနယ်ပယ်ကြီးလာတာနဲ့အမျှ ရှုပ်ထွေးလာမှာ လည်း ဖြစ်ပါတယ်။ အလားတူအသုံးမတည့်တဲ့ ကုတ်တွေ မလိုအပ်ဘဲဖောင်းပွတာကြောင့် အမှားအယွင်းရှိလာနိုင်ပါတယ်။ ဒီ ChatGPTဟာ ယခင်ကဘာတွေလုပ်ခဲ့ဖူးလဲဆိုတဲ့အပေါ် အလွန်အမင်း တည်မှီနေတာကြောင့် ယခင်က

မဖြေရှင်းရသေးတဲ့ပြဿနာတွေအတွက်တော့ ချက်ချင်း အဖြေထုတ်ပေးနိုင်ခြင်းမရှိပါဘူး။ ဘယ်လိုပဲဖြစ်နေပါစေ ChatGPT ဟာ ပရိုဂရမ်ရေးသူများအတွက် အနည်းနဲ့အများတော့အချိန်ကုန်သက်သာစေတဲ့မရှိမဖြစ် ကိရိယာဖြစ်လာမှာဖြစ်ပါတယ်။

ဥာဏ်​ဝေ

အပိုင်း(၁) ဖတ်ရန်>>
https://www.popularmyanmar.com/?p=104103

အပိုင်း(၂)ဖတ်ရန်>>

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေဖိအားနည်းရပ်ဝန်း အားပိုကောင်းလာပြီး မုန်တိုင်းငယ်အဆင့်သို့ရောက် လာနိုင်သည်ဟု ဆို

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အားပိုကောင်းလာပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်လာနိုင်သည်ဟု ပြင်ပမိုးလေဝသ ပ ညာရှင် ဦးဝင်းနိုင်က အသိပေးထားသည်။ ယင်း လေဖိအားနည်းရပ်ဝန်းအား တိုင်းတာချက်အရ ဗဟို ချက်အနီး လေတိုက်နှုန်း တစ်နာရီ (၂၃) မိုင်ခန့်နှင့် ဗဟိုဖိ အား (၁၀၀၈)ဟက်တိုပါစကယ် ရှိနေပြီး လွန်ခဲ့သည့် (၆) နာ ရီအတွင်းအနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ကြောင်း သိရသည်။ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရွေ့လျားနိုင်ကြောင်း မိုးလေဝသဌာနများမှလည်း ထုတ်ပြန်ထားပြီး ဆက်လက်ရွေ့လျားနိုင်မည့် လမ်းကြောင်းကို ၁၀၀% အတ...

ဖိလစ်ပိုင်မှာ မီးတောင်ပေါက်၊ ပြာများ ၄ ကီလိုမီတာအထိလေထုထဲတက်

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် အင်္ဂါနေ့ မနက်ပိုင်းက မီးတောင်တစ်လုံး ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာတိမ်တိုက်ကြီးသည် ဝေဟင်အမြင့် မီတာ ၄၀၀၀ အထိ ထိုးတက်ခဲ့သောကြောင့် ဒေသတွင်း စာသင်ကျောင်းများကို ပိတ်ရန် ညွှန်ကြားခဲ့ရသည်။အရှေ့တောင်အာရှနိုင်ငံတွင် ရှိသော မီးတောင်ရှင်၂၄ လုံးအနက် တစ်လုံးဖြစ်သည့် Kanlaon မီးတောင်သည် ဒီဇင်ဘာလအတွင်းက တစ်ကြိမ် ပေါက်ကွဲခဲ့ပြီး ပတ်ဝန်းကျင်ရှိ ကျေးရွာများကို ဘေးလွတ်ရာရွှေ့ပြောင်းစေခဲ့ရသည်။နီဂရော့စ်ကျွန်းရှိ မီးတောင် အနီးတစ်ဝိုက်ဧရိယာသည် ဧပြီလ ၈ ရက်‌ေန့က ပေါက်ကွဲမှုဖြစ်ပွားချိန်အထိ ဘေးလွတ်ရာရွှေ့ပြောင်းမိန့် ထုတ်ထားဆဲဒေသဖြစ်သည်။“ယနေ့နံနက် ၅း၅၁ နာရီမှာ စတင်ခဲ့တဲ့...

ငလျင်အပြီးထိုင်းကွန်ဒိုဈေးကွက်

မြန်မာနိုင်ငံတွင် မန္တလေး ငလျင်ကြီးလှုပ်ရာ၌ ဘန်ကောက်မြို့ထိ ပါ လှုပ်ခတ်သွားခဲ့ရာ အထပ်မြင့်  အဆောက်အအုံ ၅၉၉၄ လုံးရှိ ဘန်ကောက် မြို့ လည်း အုတ်အော်သော်နင်းဖြစ်ခဲ့ရသည်။ ၂၀၂၅ခုနှစ်တွင်ထိုင်းနိုင်ငံ၏ ကွန်ဒိုမီနီယံဈေးကွက် ရင်ဆိုင်နေရသည့်စိန်ခေါ်မှုမှာ-  နိုင်ငံတကာ ခရီးသွားများကို မှီခိုနေရသည့် အချိန်တွင် ဆောက်လုပ်ဆဲ SAO အဆောက်အဦ ပြိုကျမှုကထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပုံရိပ်ကို ထိခိုက်နိုင်ခြင်း -ကွန်ဒိုနေထိုင်သူအများစုက ကြောက်စိတ်ကြောင့် ၎င်းတို့၏ ကွန်ဒိုများကို ရောင်းချရန် စဉ်းစားနေကြခြင်းစသည်တို့ပါဝင်သည်။ ထိုင်းကွန်ဒိုမီနီယံအသင်းဥက္ကဋ္ဌ Prasert Taedullayasatit သည် Prachachat Business နှင့် တွေ့ဆုံမေးမြန်းခန်းတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071