မဟာသင်္ကြန်ကာလအတွင်း အများပြည်သူ လေ့လာအပန်းဖြေနိုင်ရန် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယဉ်ကျေးမှုဇုန်များ ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယဉ်ကျေးမှုဇုန်များကို ဖွင့်လှစ်ပေးရာတွင် ပင်းယယဉ်ကျေးမှုဇုန်၊ အင်းဝယဉ်ကျေးမှုဇုန်တို့ကို ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပဲခူးယဉ်ကျေးမှုဇုန်နှင့်သရေခတ္တရာယဉ်ကျေးမှုဇုန်ကိုလည်း ဖွင့်လှစ်ပေး
ထားမည်ဖြစ်ပြီး ဇုန်အတွင်းရှိ ပြတိုက်များကို ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယဉ်ကျေးမှုဇုန်များ ဖွင့်လှစ်ထားမည်ဖြစ်သော်လည်း မြနန်းစံကျော်ရွှေနန်းတော်ကိုမူ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။