မြန်မာ့ရိုးရာအတာသင်္ကြန်ပိတ်ရက်ဖြစ်သည့် ဧပြီ ၁၂ ရက်မှ ၂၁ ရက်အထိအား ငွေကြေးကိစ္စများအဆင်ပြေစေရန် ပုဂ္ဂလိကဘဏ်(၂၇)ဘဏ်မှ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကမ္ဘောဇဘဏ်၊ CB Bank PCL ၊ မြန်မာနိုင်ငံသားများဘဏ်၊ AYA Bank PCL ၊ အင်းဝဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ကမ္ဘာ့ရတနာဘဏ်၊ ရိုးမဘဏ်၊ မြဝတီဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၊ ဂုဏ်ထူးဆောင်တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ဧရာဝတီတောင်သူလယ် သမားများဖွံ့ဖြိုးရေးဘဏ်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ခရီးသွားဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ ရတနာပုံဘဏ်၊ ထွန်းကော်မာရှယ်ဘဏ်၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ ရွှေ(ကျေး လက်နှင့် မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ MD Bank PCL ၊ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်၊ တောင်သူ လယ်သမားများဖွံ့ဖြိုးရေးဘဏ်-မန္တလေး၊ ရန်ကုန်မြို့တော်ဘဏ်နှင့် မြန်မာမက်ထရိုဘဏ်တို့မှ သင်္ကြန်ပိတ်ရက်ကာလအတွင်း ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ဘဏ်များသည် မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများတွင်လည်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ငွေသွင်းငွေထုတ်လုပ်ငန်းများနှင့် အလှူငွေပေးပို့လှူဒါန်းမှုများအတွက်လည်း အဆင်ပြေစေရန်ဆောင်ရွက်ပေးလျက်ရှိသည်။