သင်္ဘောသား ဖြစ်လိုသူများအတွက် စက်ခန်း အခြေခံလက်တွေ့သင်တန်းကို အခမဲ့ပေးရန် ရှိကြောင်း သိရသည်။
ယင်း အခမဲ့သင်တန်းကို သင်တန်းဆရာဦးတင်ထွန်းမှသင်တန်းသား(၃၀)ဦးထိ လက်ခံသင်ကြားပေးမည်လည်း ဖြစ်သည်။
သင်တန်းတက်လိုသူများအနေဖြင့် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ် သမားများအဖွဲချုပ်(MSF)သို့ ဆက်သွယ်စာရင်းပေးရမည်ဖြစ်ကြောင်းလည်း သိရသည်။
သင်တန်းကို ဧပြီလ(၂၂)ရက်မှ မေလ(၂)ရက်အတွင်း ဧပြီ(၂၂) ရက်မှ(၂၄)ရက်၊ ဧပြီ(၂၈)ရက်မှ(၃၀)ရက်အထိ နှင့် မေ(၂)ရက်တို့တွင် ဖွင့်လှစ်သွားမည်လည်း ဖြစ်သည်။
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ် သမားများအဖွဲ့ချုပ်(MSF)အနေဖြင့် သင်္ဘောသားဖြစ့်သူများအတွက် ကုန်းဘတ်သင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေ အခမဲ့ပေးခြင်းအပြင် ယခု စက်ခန်းအခြေခံလက်တွေ့သင်တန်းကိုပါ တိုးချဲ့ပေးသွားခြင်းဖြစ်ကြောင်းလည်း သိရသည်။