Wednesday, April 2, 2025

မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ငွေကျပ် သိန်း...

မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျန်းမာ ရေးစောင့်ရှောက်မှုများခံယူနိုင်စေရန် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ငွေကျပ်သိန်း (၁,၁၀၀) ယမန်နေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်ပေးမှုသည် ရန်ကုန်ယူနိုက်တက်အသင်း၏ အသင်းအုပ်ချုပ်သူ၊...

ငလျင်ဒဏ်ခံစားနေရသည့် မြန်မာနိုင်ငံပြည်သူများအတွက် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို...

ငလျင်ဒဏ်ခံစာနေရသည့် မြန်မာနိုင်ငံပြည်သူများအတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ​ ရှိတ်ဆာလ်မန်ဘင် အီဗရာဟင် ခါလီဖာတို့က ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြောင်း...

နီပွန်ဖောင်ဒေးရှင်းကငလျင်အတွက် ဒေါ်လာ၃သန်းဖိုးကူညီထောက်ပံ့မည်

       ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက မြန်မာငလျင်ဘေးအတွက် ဒေါ်လာ ၃ သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း မတ်လ ၃၁ ရက်‌နေ့တွင် ကြေညာခဲ့ပြီး မြန်မာနိုင်ငံနှင့် အနီးတစ်ဝိုက်တွင်...

ငလျင်ဒဏ်သင့် မြန်မာများ အစားအစာ၊ ရေနှင့်...

မြန်မာနိုင်ငံတွင် မူကြိုကလေးငယ် ၅၀ အပါအဝင် လူပေါင်း ၂,၇၀၀ ကျော်(ဧပြီ ၁ ရက် ညနေပိုင်းတွင် ၃,၀၀၀ နီးပါးရှိလာ) သေဆုံးခဲ့ပြီဖြစ်သော...
HomeNewsLocal Newsသတ်မှတ် စည်းမျဉ်းစည်းကမ်း မလိုက်နာဟုဆိုကာ...

သတ်မှတ် စည်းမျဉ်းစည်းကမ်း မလိုက်နာဟုဆိုကာ Money Changer နှစ်ခုကို လိုင်စင်ရုတ်သိမ်း

ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအား မလိုက်နာဟုဆိုကာ Money Changer နှစ်ခုကို လိုင်စင်ရုတ်သိမ်းခဲ့ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

Update Forever Co ,ltd နှင့် Ngee Boom ကို မတ်လ ၁၈ ရက်နေ့မှစတင်ကာ လိုင်စင်ရုတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေးထားခြင်းဖြစ်သ ည်။

ထို့အပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၂ ကိုဖောက်ဖျက်သည့်အတွက် Ngee Myinn Phyu Co.,ltd ၏ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် အား နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအပုဒ်မ ၃၅ (ခ) အရ ၂၀ ၂၄ ခုနှစ် မတ်လ (၁၂) ရက်မှစတင်ကာ ခြောက်လဆိုင်းငံ့ခဲ့‌ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်အသိပေးထားသည်။

ထို့အပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ လိုက်နာခြင်းမရှိသည့် Thura Nay Tun (Fame Money Changer)၊ Lead Star Money Changer၊ Steber Group Money Changer နှင့် Asia Shwe Thee Money Changer လေးခုအား ဥပဒေပါအချက်များ လိုက်နာမှုရှိသည်ကို စိစစ်တွေ့ရှိခဲ့သည့်အတွ က် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းလိုင်စင် သုံးလရပ်ဆိုင်းထားကြောင်းလည်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေလဲနှုန်းတည်ငြိမ်စေရေးအတွက် နိုင်ငံခြားငွေလဲကောင်တာများကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည့်အပြင် ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်များနှင့် ဘဏ်များပါဝင်သော Online Trading Market ကို ဖော်ဆောင်ပေးနေပြီး ပြည်ပသို့သွားရောက်မည့်သူများအတွက် လိုအပ်သော အသေးသုံး နိုင်ငံ ခြားငွေကြေးများကို နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်ပေးသော ငွေလဲကောင်တာများတွင် ရောင်းချလျက်ရှိကြောင်းလည်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ငွေကျပ် သိန်း (၁,၁၀၀) ကျပ် လှူဒါန်း

မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျန်းမာ ရေးစောင့်ရှောက်မှုများခံယူနိုင်စေရန် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ငွေကျပ်သိန်း (၁,၁၀၀) ယမန်နေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်ပေးမှုသည် ရန်ကုန်ယူနိုက်တက်အသင်း၏ အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ ကစားသမားများ နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ မတည်ပါဝင်လှူဒါန်းခဲ့သည့် ပမာဏတစ်ခုဖြစ်ကြောင်း အသင်းက အသိပေးထုတ်ပြန်သည်။ ယင်း လှူဒါန်းမှုဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်သင့်ပြည်သူများကျန်းမာရေစောင့်ရှောက်မှုများခံယူနိုင်စေရန်နှင့် ပြန်လည်ထူထောင်ရေးလုပ် ငန်းများအသုံးပြုနိုင်ရန် ရည်ရွယ်လှုဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ငလျင်ဒဏ်ခံစားနေရသည့် မြန်မာနိုင်ငံပြည်သူများအတွက် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ငလျင်ဒဏ်ခံစာနေရသည့် မြန်မာနိုင်ငံပြည်သူများအတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ​ ရှိတ်ဆာလ်မန်ဘင် အီဗရာဟင် ခါလီဖာတို့က ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်များဖြစ်သည့် ဗီယက်နမ်၊ ဘင်္ဂလားဒေရှ့်၊ ထိုင်း၊ အင်ဒိုနီးရှား၊ နီပေါ၊ မြောက်မာရီယားနား နိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌများကလည်း ဝမ်းနည်းခြင်း သဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြကြောင်း သိရသည်။ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများအား စာနာထောက်ထားမှုဖြင့် ပေးပို့လာသော ဝမ်းနည်းခြင်း သဝဏ်လွှာများအတွက် ငလျင်ဘေးသင့် ပြည်သူများကိုယ်စား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကျေးဇူးအထူး တင်ရှိကြောင်း...

နီပွန်ဖောင်ဒေးရှင်းကငလျင်အတွက် ဒေါ်လာ၃သန်းဖိုးကူညီထောက်ပံ့မည်

       ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက မြန်မာငလျင်ဘေးအတွက် ဒေါ်လာ ၃ သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း မတ်လ ၃၁ ရက်‌နေ့တွင် ကြေညာခဲ့ပြီး မြန်မာနိုင်ငံနှင့် အနီးတစ်ဝိုက်တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ခံခဲ့ရသူတိုင်းအတွက် ဝမ်းနည်းကြေကွဲရကြောင်း ပြောကြားခဲ့သည်။            မြန်မာနိုင်ငံကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ခဲ့သော ဒေသများအတွက် အစားအသောက်၊ ဆေးဝါးများ အပါအဝင် အမေရိကန်ဒေါ်လာ ၃ သန်းနှင့်ညီမျှသော အရေးပေါ်အကူအညီများထောက်ပံ့ရန် ဆုံးဖြတ်ခဲ့သည်ဟု ဖောင်ဒေးရှင်းက ဆိုသည်။       ရန်ကုန်မြို့ရှိ နီပွန်ဖောင်ဒေးရှင်း မြန်မာဆက်ဆံရေးရုံးနှင့် ညှိနှိုင်းကာ လိုအပ်နေသော ဒေသများသို့ အကူအညီပစ္စည်းများ အမြန်ပို့ဆောင်ရန် ရည်ရွယ်ထားသည်ဟုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071