တင်မောင်ဆန်းမင်းဝင်းတို့ ရွှေမန်းသဘင်ကဒီနှစ်အတွက် သဘင်တင်ဆက်မှုအနေနဲ့ စတိတ်ရှိုး ကဏ္ဍကိုအချိန်လျှော့ပြီး ဖျော်ဖြေဖြစ် နေကြောင်း သိရပါတယ်။ အချိန် လျှော့လိုက်တဲ့ စတိတ်ရှိုးနေရာမှာ နောက်ပိုင်းကဇာတ်တွေကို အစား ထိုးက ပြလျက်ရှိနေ ပါတယ်။
“ကျွန်တော်တို့က ပရိသတ် အလိုကျကရတယ်။စတိတ်ရှိုးဆိုတာ ကလည်း ကိုယ့်အလိုအကျကိုယ်က မယ်ဆိုရင် စတိတ်ရှိုးကိုဖြုတ်ပစ်တယ်။ ဘာကြောင့်လဲဆိုတော့ သဘင်ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာဖြစ်တဲ့ အတွက် ပါ။ အခုဟာက ပရိသတ်က ကြိုက်လို့ စတိတ်ရှိုးက ဆိုပေးရတာပါ။ ဆိုပေးရတဲ့အခါမှာ အရင်တုန်းက ၁နာရီခွဲလောက်ဆိုခဲ့တာကို အခု တော့၄၅မိနစ်လောက် လျှော့ချပြီး အဲဒီအချိန်မှာ ကဇာတ်တွေကရင် မြန်မာမှုပိုဆန်တယ်၊ ပိုထိန်းသိမ်း သင့်တယ်လို့ ကျွန်တော်ခံယူတဲ့အတွက် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်” လို့ တင် မောင်ဆန်းမင်းဝင်းက ပြောပါတယ်။ စတိတ်ရှိုးကဏ္ဍအနေနဲ့ အရင် ကသီချင်းအပုဒ်ရေ (၂ဝ)နဲ့ (၃ဝ)နီးပါးလောက်ဖျော်ဖြေခဲ့ရပြီး အခု အချိန်မှာစတိတ်ရှိုးအစား နောက် ပိုင်းဇာတ်ထုပ်တွေကပြတဲ့အခါမှာ လည်း လူငယ်ပရိတ်သတ်များကြိုက် နှစ်သက်အောင်ကြိုးစားပြီး တင်ဆက်
နေကြောင်းလည်းပြောပါတယ်။
လင်းအက္ခရာ