Friday, April 11, 2025

နီပေါနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပစ္စည်းများနှင့်...

နီပေါနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးပို့လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ ဧပြီ (၁၀) ရက် နံနက်ပိုင်းက ထပ်မံရောက်ရှိခဲ့ကြော င်း နစက...

ယွမ်(၁)ဘီလီယံတန်ဖိုးရှိ အကူအညီပစ္စည်းများထပ်မံပံ့ပိုးပေးမည့် တရုတ်နိုင်ငံ

မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများအတွက် တ ရုတ်နိုင်ငံအစိုးရမှ ယွမ်(၁)ဘီလီယံတန်ဖိုးရှိ အရေးပေါ်လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ် ဆယ်ရေးအကူအညီများထပ်မံပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံမှ သိရသည်။ အဆိုပါ ထပ်မံပံ့ပိုးပေးမည့် ယွမ်(၁)ဘီလီယံဖြင့်...

ငလျင်ကြီးဒဏ်ကြောင့်ပျက်စီးခဲ့သည့် စာသင်ကျောင်းများကို ကျောင်းဖွင့်ချိန်အမီ ပြန်လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်လျက်ရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများကို ကျောင်းဖွင့်ချိန်အမီပြန်လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ဧပြီ ၁၀ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်...

ထိုင်းနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် ဆောက်လုပ်ဆဲအဆောက်အဦးပြိုကျမှုမှ ထိခိုက်ဒဏ်ရာရသူ(၄)ဦးကို...

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ဗန်ကောက်မြို့၊ Chatuchak နယ်မြေရှိ ဆောက်လုပ်ဆဲအဆောက်အဦးပြိုကျ ပျက်စီးခဲ့မှုကြောင့် မြန်မာအလုပ်သမားများထိခိုက်ဒဏ်ရာရရှိခဲ့၍ ဆေးရုံများတွင်တက်ရောက်ဆေးကုသမှုခံယူနေရလျက်ရှိကြောင်း သိရသည်။ အဆိုပါ...
HomeNewsLocal Newsသဘာဝပတ်ဝန်းကျင်နဲ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘင်းမ်စတက်လုပ်ငန်းစီမံချက် အကြောင်း...

သဘာဝပတ်ဝန်းကျင်နဲ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘင်းမ်စတက်လုပ်ငန်းစီမံချက် အကြောင်း မြန်မာဝန်ကြီးချုပ် ဆွေးနွေး

ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအ စည်းအဝေးတွင် နိုင်ငံအသီးသီးက လုံခြုံရေး၊ ကုန်သွယ်မှု၊ ကူးလူးဆက်ဆံရေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုတို့ကို အဓိကထား၍ ပုံဖော်ဆွေးနွေး မီးမောင်းထိုးပြကြသည်။

မြန်မာ ဝန်ကြီးချုပ် ဆွေးနွေးပြောကြားခဲ့မှုများကို‌ကောက်နုတ်ဖော်ပြလိုက်ပါသည်။

အဖွဲ့ဝင်နိုင်ငံများအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သီရိလင်္ကာနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် သဘာဝဘေးအန္တရာယ်ကျရောက်မှုဒဏ်ကို မကြာခဏကြုံတွေ့ခံစားရလျက်ရှိ၍
” မိမိတို့အနေနဲ့ ရာသီဥတုပြောင်းလဲမှုဒဏ်ကိုတွေ့ ကြုံခံစားနေရပြီး ရာသီဥတုပြောင်းလဲမှုလျော့ပါးရေး ပြောင်းလဲလာတဲ့ရာသီဥတုနဲ့လိုက်လျောညီထွေဖြစ်အောင် ပူးပေါင်းဆောင်ရွက်မှုတွေကိုမြှင့်တင်ရပါမယ်။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်နဲ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘင်းမ်စတက်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေးကို အလေး ထားဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌက ပြော သည်။

ထို့ပြင် ဘင်းမ်စတက်အတွင်း ကြံ့ကြံ့ခံနိုင်စွမ်းတည်ဆောက်ရေးသည်အရေးကြီးကာ မိမိတို့ဒေသသည် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်များ၊ ကပ်ရောဂါများနှင့် အခြားကြိုတင်မမြင်နိုင်သော အကျပ်အတည်းများအား ရင်ဆိုင်ကြုံတွေ့နေရသဖြင့် အကျပ်အတည်းစီမံခန့်ခွဲမှု၊ သဘာဝဘေးအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်မှုနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့မှုတို့အ တွက်အစီအမံများကို ကြိုတင်ချမှတ်ဆောင်ရွက်ကြရမည်ဟု ပြောသည်။

” မိမိတို့အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ခိုင်မာအောင်ဆောင်ရွက်ပြီး အနာဂတ်မှာ ကပ်ရောဂါတွေဖြစ်ပွားတဲ့အခါ ကာကွယ်ဆေးတွေ ဆေးဝါးတွေနဲ့ ဆေးပစ္စည်းတွေကို အချိန်နဲ့တစ်ပြေးညီရရှိဖို့စီမံဆောင်ရွက်ထားရပါမယ်။ ဒါ့အပြင် ကျန်းမာရေးဆိုင်ရာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရာမှာအရေးပါတဲ့ ဘင်းမ်စတက်ပြည်သူ့ကျန်းမာရေးဆိုင်ရာလုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၅)ကို အချိန်မီအကောင်အထည်ဖော်ရာမှာ ဝိုင်းဝန်းပံ့ပိုးပေးကြဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးကိုတိုက်တွန်းလိုပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

မြန်မာ့ငလျင် ဖြစ်စဥ်အား အဖွဲ့ဝင်နိုင်ငံများက စာနာထောက်ထားမှုပြောဆိုခြင်း၊ ရှာဖွေကယ်ဆယ်ရေးအတွက်အချိန်တိုအတွင်းရောက်ရှိကူညီပေးခြင်း၊ ကယ်ဆယ်ရေးနှင့်စားသောက်ဖွယ်ရာများ အမြန်ပေးပို့ကူညီမှုများအတွက် မြန်မာပြည်သူများက ကျေးဇူးအထူးတင်ရှိသည်ဟုလည်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နီပေါနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပစ္စည်းများနှင့် ဆေးဝါးများ ထပ်မံရောက်ရှိ

နီပေါနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးပို့လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ ဧပြီ (၁၀) ရက် နံနက်ပိုင်းက ထပ်မံရောက်ရှိခဲ့ကြော င်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန်စုံစမ်းစစ်ဆေးပြီး အချိန်နှင့် တပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိ‌ကြောင်း နစက က ထုတ်ပြန်ထားသည်။ ယခုအခါ နီပေါနိုင်ငံမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ စုစုပေါင်းပစ္စည်းတန်ချိန် (၂၅၄၄၅) ကီလို ဂရမ်တင်ဆောင်လာသော A-330 အမျိုးအစား...

ယွမ်(၁)ဘီလီယံတန်ဖိုးရှိ အကူအညီပစ္စည်းများထပ်မံပံ့ပိုးပေးမည့် တရုတ်နိုင်ငံ

မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများအတွက် တ ရုတ်နိုင်ငံအစိုးရမှ ယွမ်(၁)ဘီလီယံတန်ဖိုးရှိ အရေးပေါ်လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ် ဆယ်ရေးအကူအညီများထပ်မံပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံမှ သိရသည်။ အဆိုပါ ထပ်မံပံ့ပိုးပေးမည့် ယွမ်(၁)ဘီလီယံဖြင့် လောင်စာဆီ၊ Plank House၊ ခွဲစိတ်ခန်း၊ ဆေးဝါးနှင့် ကာကွယ်ဆေးများစသည့် အရေးတကြီးလိုအပ်သောပစ္စည်းများဖြင့် ကျန်းမာရေးနှင့်ရောဂါကာ ကွယ်ရေးဆိုင်ရာ ကျွမ်းကျင်အဖွဲ့များကို ကုသရေးနှင့် ပိုးသတ်ရေးလုပ်ငန်းများဆောင်ရွက်ရန် မြန်မာ နိုင်ငံသို့စေလွှတ်မည်ဖြစ်ကာ ဘေးအန္တရာယ်အကဲ ဖြတ်ရေးအဖွဲ့စေလွှတ်၍လည်း ငလျင်ဒဏ်ခံစားရဒေသများသို့ ကွင်းဆင်းစစ်ဆေးပြီး ငလျင်ဒဏ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဘေးအန္တရာယ် ကာကွယ်လျှော့ချရေးလုပ်ငန်းစဉ်များရေးဆွဲရာတွင်ပံ့ပိုးကူညီသွားမည်ဟု တရုတ်နိုင်ငံတကာဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ(CIDCA)၏ ပြော ရေးဆိုခွင့်ရှိသူ Mr....

ငလျင်ကြီးဒဏ်ကြောင့်ပျက်စီးခဲ့သည့် စာသင်ကျောင်းများကို ကျောင်းဖွင့်ချိန်အမီ ပြန်လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်လျက်ရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများကို ကျောင်းဖွင့်ချိန်အမီပြန်လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ဧပြီ ၁၀ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ ငလျင်သဘာဝဘေးဒဏ်ဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအားဆွေးနွေးမှာကြားစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ စာသင်ကျောင်းများကို ကျောင်းဖွင့်ချိန်အမီပြန် လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်လျက်ရှိသကဲ့သို့ ငလျင်ဒဏ်သင့်သူများကို မိုးရာသီမရောက်မီ အမိုးအကာအောက်၌ လုံခြုံစွာနေထိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များဆောက်လုပ်ရာတွင် စနစ်တကျဆောက်လုပ်ရန်လိုကာ အဆောက်အဦများတည်ဆောက်ရာ၌ သတ်မှတ်ချက်များနှင့်အညီတည်ဆောက်မှုများရှိစေရေးကို အသိပညာပေးမှုများဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ငလျင်ဖြစ်ပေါ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအား ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071