Wednesday, November 20, 2024

ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုကဏ္ဍတွင် လက်ရှိလျာထားချက် ပြည့်မီအောင်...

၂၀၂၄ ခုနှစ်အတွက် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုကဏ္ဍတွင် လက်ရှိလျာထားချက် ပြည့်မီအောင် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ သိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကို...

ပြည်ပ သက်ရောက်မှုနှင့် မြန်မာ့အနာဂတ်

ယခု နိုဝင်ဘာလဆန်းပိုင်းမှာ မြန်မာနိုင်ငံစီးပွားရေး လောကအတွက် အရေးကြီးတဲ့ ပြည်ပက သက်ရောက်မှု နှစ်ခုနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ တိုးတက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ တစ်ခုက မြန်မာနိုင်ငံအနေနဲ့ ငွေကြေးခဝါချမှုကို...

တရုတ်နှင့်အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး

ရီယိုဒီဂျနေးရိုး၊နိုဝင်ဘာ ၁၉ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေးရှန်ကာတို့သည် ရီယိုဒီဂျနေးရိုးမြို့၌ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလေးထားဆွေးနွေးခဲ့ကြကြောင်းသိရသည်။ မစ္စတာဝမ်ယိက မကြာသေးမီကကျင်းပခဲ့သည့် BRICS ထိပ်သီးအစည်းအဝေးတွင်...

တရုတ်နှင့်ရုရှားနိုင်ငံခြားရေးဝန်ကြီးများရီယိုဒီဂျနေးရိုး၌ဆွေးနွေး

ရီယိုဒီဂျနေးရိုး၊နိုဝင်ဘာ ၁၉ တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်နှင့်ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ တနင်းလာနေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် မစ္စတာဝမ်ယိက ယခုနှစ်သည် တရုတ်-ရုရှားသံတမန်ဆက်ဆံရေး၏ ၇၅ နှစ်မြောက်နှစ်ပတ်လည်ဖြစ်ပြီး...
HomeNewsLocal Newsသမိုင်းဝင်ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်၌ သီတင်းကျွတ်လပြည့်နေ့...

သမိုင်းဝင်ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်၌ သီတင်းကျွတ်လပြည့်နေ့ ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံများ လွှတ်တင်ပူဇော်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်)နေ့၌ ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံများ လွှတ်တင်ပူဇော်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သမိုင်းဝင်ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့်နေ့က မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟိုင်းကြီးကျွန်းမြို့သူ၊ မြို့သားများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်ကြသူများမှ ဆီမီး (၁၀၀၀)၊ ပန်း (၁၀၀၀) တို့ဖြင့် ကပ်လှူပူဇော်ကြပြီး မိဘမေတ္တာဆရာတော် သာသနဓဇဓမ္မာစရိယ နယ်လှည့်ဓမ္မာကထိက ဘဒ္ဒန္တတေ ဇောဘာသ (ဘိုကလေး) အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြားခဲ့ကြောင်း သိရသည်။

ထိုနောက် ဘုရားဖူးလာရောက်ကြသူများက တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွမြန်းတော်မူလာသည့် ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရည်မှန်း၍ မီးပုံးပျံများ လွှတ်တင်ပူဇော်ခဲ့ကြကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့သူ၊ မြို့သားများနှင့် ရပ်ဝေးရပ်နီးမှ လာရောက်သည့် ဘုရားဖူးဧည့်သည်များမှ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးနှင့် ဟိုင်းကြီးကျွန်းမြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများအား ပန်း၊ ဆီမီး၊ သောက်တော်ရေချမ်း၊ အမွှေးနံ့သာများဖြင့် ကပ်လှူပူဇော်ခြင်းများ၊ ရွှေသင်္ကန်းများကပ်လှူခြင်း၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ဥပုသ်သီလစောင့်တည်ခြင်းတို့ဖြင့် ဟိုင်းကြီးကျွန်းမြို့၌ စည်ကားလျက်ရှိကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်နေ့တွင် နိုင်ငံတစ်ဝန်းရှိ ပြည်သူများအနေဖြင့် ဘုရား၊ ပုထိုး၊ စေတီတို့၌ ကုသိုလ်ကောင်းမှုများ ပြုကြပြီး အထူးစည်ကားလျက်ရှိရာ ဒေသအသီးသီးတွင်လည်း ဘုရားဖူးခရီးသွားဧည့်သည့် ဝင်‌ရောက်မှု များပြားလျက်ရှိကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုကဏ္ဍတွင် လက်ရှိလျာထားချက် ပြည့်မီအောင် တင်ပို့နိုင်ခဲ့

၂၀၂၄ ခုနှစ်အတွက် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုကဏ္ဍတွင် လက်ရှိလျာထားချက် ပြည့်မီအောင် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ သိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကို နှစ်စဉ်တန်ချိန် နှစ်သန်းကျော် ပြည်ပသို့တင်ပို့လျက်ရှိရာတွင် အဓိကပဲသုံးမျိုးဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံကို နှစ်စဉ် (၁ ဒသမ ၅) သန်းကျော်တင်ပို့နေပြီး ယခု ၂၀၂၄ ခုနှစ်အတွက် ပဲတင်ပို့မှုမှာ လျာထားချက်ပြည့်မီအောင် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ တင်ပို့မှုတွင် မတ်ပဲတန်ချိန် (၈) သိန်း၊ ပဲတီစိမ်း (၄)သိန်းခွဲ၊ ပဲစဉ်းငုံ (၂)...

ပြည်ပ သက်ရောက်မှုနှင့် မြန်မာ့အနာဂတ်

ယခု နိုဝင်ဘာလဆန်းပိုင်းမှာ မြန်မာနိုင်ငံစီးပွားရေး လောကအတွက် အရေးကြီးတဲ့ ပြည်ပက သက်ရောက်မှု နှစ်ခုနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ တိုးတက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ တစ်ခုက မြန်မာနိုင်ငံအနေနဲ့ ငွေကြေးခဝါချမှုကို ကိုင်တွယ်တားမြစ်တာနဲ့ ပတ်သက်တဲ့ Financial Action Task Force (FATF) ရဲ့အစည်းအဝေး ရလာဒ် နဲ့ နောက်တခုက အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ရဲ့ ၃၅၂ ကြိမ်မြောက် Governing Body (ILO-GB) အစည်းအဝေးက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် တို့ပဲဖြစ်ပါတယ်။ FATF အစည်းအဝေး ဆုံးဖြတ်ချက် မြန်မာနိုင်ငံအနေနဲ့...

တရုတ်နှင့်အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး

ရီယိုဒီဂျနေးရိုး၊နိုဝင်ဘာ ၁၉ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေးရှန်ကာတို့သည် ရီယိုဒီဂျနေးရိုးမြို့၌ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလေးထားဆွေးနွေးခဲ့ကြကြောင်းသိရသည်။ မစ္စတာဝမ်ယိက မကြာသေးမီကကျင်းပခဲ့သည့် BRICS ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတနှင့်အိန္ဒိယဝန်ကြီးချုပ်တို့တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးပြန်လည်စတင်ကာ နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်းဆိုခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီထားသည့်သဘောတူညီချက်များကို နှစ်ဖက်အပြန်အလှန်ယုံကြည်မှု၊ပူးပေါင်းဆောင်ရွက်မှုများဖြင့် အကောင်အထည်ဖော်ကာ မတူကွဲပြားမှုများကို အတူတကွကိုင်တွယ်ဖြေရှင်းသွားကြရန်လည်းပြောကြားခဲ့သည်။ လာမည့်နှစ်သည် တရုတ်-အိန္ဒိယ သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက်နှစ်ပတ်လည် အထိမ်းအမှတ်ဖြစ်ပြီး နှစ်ဖက်စလုံးက အထိမ်းအမှတ်လှုပ်ရှားမှုများ စီစဉ်သင့်သည်ဟုလည်းပြောကြားခဲ့သည်။ ယင်းနောက် နားလည်မှုနှင့်အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရန်အတွက် နယ်ပယ်အသီးသီးတွင် အပြန်အလှန် တွေ့ဆုံဆွေးနွေးလည်ပတ်မှုများကိုပါ ပြုလုပ်သင့်ကြောင်းလည်း ဝမ်ယိကပြောကြားခဲ့သည်။ ဖွံ့ဖြိုးဆဲအိမ်နီးချင်းနှစ်နိုင်ငံအကြား အပြန်အလှန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071