Tuesday, January 7, 2025

အသက် (၁၅)နှစ်အောက် လူငယ်ပြိုင်ပွဲအတွက် ထပ်တိုး...

MFF U15 YOUTH LEAGUE 2024-2025 ပြိုင်ပွဲ(ရန်ကုန်ဇုန်)အတွက် ထပ်တိုး ကစားသမားများကို အသက်နှင့်အထောက်အထား စိစစ်သည့် ပုံရိပ်များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ...

ဘာစီလိုနာတိုက်စစ်မှုးဟောင်း ကလွိုက်ဗက်ကို အင်ဒိုအသင်း နည်းပြချုပ်အဖြစ်ခန့်အပ်

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအပြီး အင်ဒိုနီးရှားလက်ရွေးစင်အသင်း နည်းပြချုပ်နေရာအား ဘာစီလိုနာတိုက်စစ်မှုးဟောင်း ကလွိုက်ဗက်ကို ခန့်အပ်လိုက်ကြောင်း အင်ဒိုနီးယားဘောလုံးအဖွဲ့ချုပ်က အသိပေးကြေညာထားသည်။ အင်ဒိုအသင်း၏ ယခင် နည်းပြချုပ်ဖြစ်သူ ရှင်ထယ်ယော င်းကို စာချုပ်ရပ်ဆိုင်းခဲ့ပြီးနောက်...

ရွှေပြည်သာ (၅) ရပ်ကွက် သီရိမင်္ဂလာပတ်လမ်းတွင်...

ယနေ့ ဇန်နဝါရီလ (၇) ရက် နံနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းတွင် Level 1 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။ ယနေ့နံနက်...

၀န်ကြီးချုပ်ရာထူး ပြန်ယူရန်မရှိဟု သက်ဆင် ပြောကြား

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက သူသည် ဝန်ကြီးချုပ်ရာထူးကို ပြန်ယူမည်မဟုတ်သကဲ့သို့ ပြန်ယူရန်ဆန္ဒလည်းမရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ယင်းအစား သမီးဖြစ်သူ၏ နိုင်ငံရေးအသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ပံ့ပိုးကူညီရန်နှင့် ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓါတ်အားခ...
HomeInternationalသမ္မတယွန်းကို ထောက်ခံသူနှင့် ဆန့်ကျင်သူ...

သမ္မတယွန်းကို ထောက်ခံသူနှင့် ဆန့်ကျင်သူ ပြိုင်ဘက်အုပ်စုများ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်

ရာထူးဆိုင်းငံ့ခံထားရသည့် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်ကို ဖ-မ်းဆီးရန်ကြိုးပမ်းမှု မအောင်မမြင်ဖြစ်ခဲ့ပြီးနောက်တစ်နေ့ ဇန်နဝါရီ ၄ ရက်တွင် သူ့ကို ထောက်ခံ/ဆန့်ကျင်သော ထောင်နှင့်ချီသည့် ဆန္ဒပြသူများသည် မြို့တော်သို့ ချီတက်စုရုံးခဲ့ကြသည်။

နိုင်ငံ၌ ဒီဇင်ဘာလကတည်းက နိုင်ငံရေးမငြိမ်သက်မှုဖြစ်ခဲ့ပြီး မစ္စတာယွန်းသည် ၎င်းကိုဖ-မ်းဆီးရန် အစိုးရရှေ့နေများ၏ ကြိုးပမ်းမှုကို ဆန့်ကျင်သည့် ရာနှင့်ချီသော သစ္စာခံလုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ဝန်းရံထားသော သမ္မတအိမ်တော်တွင် အာခံရပ်တည်လျက်ရှိနေသည်။

မစ္စတာယွန်းကို ဆန့်ကျင်/ထောက်ခံသော ဆန္ဒပြသူများသည် ဇန်နဝါရီ ၄ ရက်က ဆိုးလ်မြို့တော်ရှိ သမ္မတအိမ်တော်ရှေ့နှင့် အဓိကလမ်းများပေါ်တွင် စုဝေးခဲ့ကြပြီး တစ်ဖက်က သူ့ကို ဖ-မ်းဆီးရန်တောင်းဆိုသကဲ့သို့ အခြားတစ်ဖက်က သူအပေါ် စွပ်စွဲပြစ်တင်ခြင်းကို တရားမဝင်ကြောင်း ကြေညာပေးရန် တောင်းဆိုခဲ့ကြသည်။

မစ္စတာယွန်းကို ဖ-မ်းဆီးခြင်းဖြင့် တောင်ကိုရီးယား၏ အမေရိက၊ ဂျပန်တို့နှင့် လုံခြုံရေးမဟာမိတ်ပြုမှုကို ပျက်ပြားသွားစေနိုင်ကြောင်း ထောက်ခံဘက်တော်သားတစ်ဦးဖြစ်သည့် အသက် ၆၀ နှစ်အရွယ် ကင်မ်ချူးဟောင်က ပြောဆိုသည်။

“သမ္မတယွန်းကို ကာကွယ်ခြင်းဟာ နိုင်ငံရဲ့ လုံခြုံရေးကို မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကနေ ကာကွယ်စောင့်ရှောက်တာပဲဖြစ်ပါတယ်” ဟု သူက ဆိုခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ အဖွဲ့ဝင်များသည် မစ္စတာယွန်း၏နေအိမ်သို့ ချီတက်ဆန္ဒပြရန် ကြိုးပမ်းခဲ့သော်လည်း ရဲတပ်ဖွဲ့က ပိတ်ဆို့ခဲ့သည်။ ၎င်းတို့အဖွဲ့ဝင်နှစ်ဦး ဖ-မ်းဆီးခံခဲ့ရကြောင်းနှင့် ရုန်းရင်းဆန်ခတ်မှုတွင်းး အများအပြားဖ-မ်းဆီးခံခဲ့ရကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

မစ္စတာယွန်းသည် သမ္မတကင်းလွတ်ခွင့်မရသော ရာဇဝတ်မှုအနည်းအကျဉ်းတွင်ပါဝင်သည့် ဆူပူအုံကြွမှုဆိုင်ရာ ရာဇဝတ်မှုစွဲချက်များနှင့် ရင်ဆိုင်နေရပြီး ထောင်ဒဏ် သို့မဟုတ် အဆိုးဆုံးအခြေအနေတွင် သေဒဏ်ပါချခံရနိုင်သည်။

ဖ-မ်းဝရမ်းကို အကောင်အထည်ဖော်နိုင်ခဲ့ပါက သူသည် ဖ-မ်းဆီးခံရသည့် ပထမဆုံးတောင်ကိုရီးယားသမ္မတဖြစ်လာမည်ဖြစ်သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အသက် (၁၅)နှစ်အောက် လူငယ်ပြိုင်ပွဲအတွက် ထပ်တိုး ကစားသမားများကို အသက်နှင့်အထောက်အထား စိစစ်နေဟု ဆို

MFF U15 YOUTH LEAGUE 2024-2025 ပြိုင်ပွဲ(ရန်ကုန်ဇုန်)အတွက် ထပ်တိုး ကစားသမားများကို အသက်နှင့်အထောက်အထား စိစစ်သည့် ပုံရိပ်များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဖော်ပြသည်။ ပြိုင်ပွဲဝင် ကစားသမားများကို အသက်နှင့် အထောက်အထား စိစစ်ရာတွင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အသက်စိစစ်ရေးအဖွဲ့၊ ပြိုင်ပွဲကျင်းပရေး၊ ဆေးဘက်ဆိုင်ရာဌာန၊ တို့ ပူးပေါင်း၍ (မှတ်ပုံတင်၊ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း၊ ကျောင်းထောက်ခံစာ) အထောက်အထား မူရင်းများကို စိစစ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ MFF U15 YOUTH LEAGUE 2024-2025...

ဘာစီလိုနာတိုက်စစ်မှုးဟောင်း ကလွိုက်ဗက်ကို အင်ဒိုအသင်း နည်းပြချုပ်အဖြစ်ခန့်အပ်

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအပြီး အင်ဒိုနီးရှားလက်ရွေးစင်အသင်း နည်းပြချုပ်နေရာအား ဘာစီလိုနာတိုက်စစ်မှုးဟောင်း ကလွိုက်ဗက်ကို ခန့်အပ်လိုက်ကြောင်း အင်ဒိုနီးယားဘောလုံးအဖွဲ့ချုပ်က အသိပေးကြေညာထားသည်။ အင်ဒိုအသင်း၏ ယခင် နည်းပြချုပ်ဖြစ်သူ ရှင်ထယ်ယော င်းကို စာချုပ်ရပ်ဆိုင်းခဲ့ပြီးနောက် နယ်သာလန်လက်ရွေးစင်အသင်းနှင့် ဘာစီလိုနာ တိုက်စစ်မှူးဟောင်းဖြစ်သူ ပက်ထရစ်ကလွိုက်ဗက်ကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်အနေဖြင့်နည်းပြချုပ် ရှင်ထ ယ်ယောင်း၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြု‌သော် လ ည်း ဘာသာစကားအခက်အခဲကြောင့်ဟုဆိုကာ ပြောင်းလဲရခြင်းဖြစ် သည်ဟုဆိုထားသည်။ အင်ဒိုနီးရှားအသင်းအနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ လက် ကျန်ပွဲစဥ်များအတွက် အမှားမခံဘဲ ပိုမိုကောင်းမွန် သောရလဒ်များရရှိရန် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟုလည်း ဆိုထားသည်။ အင်ဒိုနီးရှားလက်ရွေးစင်အသင်း နည်းပြအသစ်ဖြစ်လာသည့် ကလွိုက်ဗက်သည်...

ရွှေပြည်သာ (၅) ရပ်ကွက် သီရိမင်္ဂလာပတ်လမ်းတွင် Level 1 အဆင့် မီးလောင်မှုဖြစ်ပွား

ယနေ့ ဇန်နဝါရီလ (၇) ရက် နံနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းတွင် Level 1 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။ ယနေ့နံနက် (၄) နာရီ (၅၀) မိနစ်ဝန်းကျင်က သီရိမင်္ဂလာပတ်လမ်းရှိ လူနေအဆောင်မှ မီးစတင်လောင်ကျွမ်းသည်ဟု ကနဦး သိရပြီး အဆိုပါ မီးလောင်ကျွမ်းမှုကို Level 1 အဆ င့် ယာဉ်အုပ်စု ထွက်ခွာကာ အချိန် (၂) နာရီ နီးပါး ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ " မွန်မလေး ဆိုင်အနောက်က အဆောင်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071