Saturday, November 16, 2024

ရွှေပြည်သာ ၁၄ လမ်းဆုံတွင် ပံ့သကူကောက်သည့်...

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံတွင် ယနေ့ နိုဝင်ဘာ ၁၅ ရက်ည ၈ နာရီခွဲခန့်က ပံ့သကူကောက်သည့် အမျိုးသမီးတစ်ဦးကားတို-က်ခံရပြီး‌ေ-သဆုံးသွားခဲ့ကြောင်း ကနောင်လူမှုကူညီရေးအသင်းထံမှ...

အကြိမ် (၁၁၀) မြောက် ရွှေဘိုမြို့လုံးဆိုင်ရာ...

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို (၁၁၀) ကြိမ်မြောက်အဖြစ် ယနေ့ နိုဝင်ဘာ (၁၅)ရက်၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက်က အမှတ် (၆)ရပ်ကွက်ရှိ...

နေပြည်တော်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ...

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ယနေ့ နိုဝင်ဘာ ၁၅ ရက်ညပိုင်းက ဆီမီး(၁၀၀၀)ဖြင့်ထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။ ထို့ပြင်...

လာရောက်လည်ပတ်ချိန်တွင် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှုများစွာကိုခံစားမိဟု...

မိမိတို့လာရောက်လည်ပတ်ချိန်တွင် မြန်မာနိုင်ငံ ၏ တည်ငြိမ်အေးချမ်းမှုနှင့် သာယာလှပမှုများစွာကိုခံစားမိသည်ဟု ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ H.E. Mr. Tsydenov Alekesei Sambuevich...
HomeNewsLiterature Newsသား နဲ့ သမီး...

သား နဲ့ သမီး စိတ်နဲ့ ဘဝကို တစ်ယောက်တည်းပဲ ဖြတ်သန်းနေသူ သျှန်ထွန်း (မြန်မာစာ)

ကျန်းမာရေးမကောင်းတဲ့ အချိန်မျိုးမှာ သူ့ကိုဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်ပေးမယ့် သူတွေမရှိဘဲ တစ်ယောက်တည်းရုန်းကန်နေရတဲ့အတွက် အခက်အခဲတော့ဖြစ်ရတယ်လို့ သျှန်ထွန်း(မြန်မာစာ) ကပြောပါတယ်။ သျှန်ထွန်း(မြန်မာစာ)က တစ်ယောက်တည်းနေထိုင် လျက်ရှိပြီး သူ့ရဲ့ သားနဲ့သမီးကိုတော့ အဘိုးနဲ့အဘွားတို့အိမ်မှာ ထားထားတယ်လို့ပြောပါ တယ်။ ဒါကြောင့် လည်း သူ့အနေနဲ့ကတော့ နေထိုင်မကောင်းတဲ့အချိန်တွေမှာ အားငယ်မိ တာတော့ အမှန်ပဲလို့ ရင်ဖွင့်ပါတယ်။

“သားနဲ့သမီးအတွက်က ကျွန်တော်ရှိနေရင် သူတို့ဘဝပြည့်စုံတယ်။ ကျွန်တော် နေမကောင်းတဲ့ အချိန်ကျတော့ ကျွန်တော့်ဘေးနားမှာ ဘယ်သူမှမရှိဘူးလေ။ အဲဒီလိုမျိုး အကြောင်းအရာတွေကို ဖေ့စ်ဘုတ်ခ်ပေါ်တင်လိုက်ရင် ပရိသတ်တွေက ကျွန်တော်တို့ ရှိပါ တယ်၊ ကျွန်မတို့ရှိပါတယ်ဆိုတဲ့ အားပေးမှုတွေကြောင့် အားပြန်ရှိရပါတယ်။ သြော်.. ငါ့မှာ ဒီလိုမျိုး အားပေးကြတဲ့ ဆွေမျိုးမိသားစုတွေရှိပါလားဆိုတဲ့ ခံစားမှုမျိုးဖြစ်ပါတယ်” လို့ သူ့ရဲ့ခံစားမှုကို သျှန်ထွန်း(မြန်မာစာ)က ပြောပါတယ်။ သျှန်ထွန်း(မြန်မာစာ)အနေနဲ့ ကတော့ နောက်အိမ်ထောင်ထပ်မပြုဘဲ သားနဲ့သမီးကိုသာ အဓိကစောင့်ရှောက်လျက်ရှိနေ ပါတယ်။ သို့ပေမယ့်လည်း အခုလိုကျန်းမာရေးမကောင်းတဲ့ အချိန်မျိုးမှာတော့ သူ့ကို ဂရုစိုက်ပေးမယ့် အားပေးဖော်လိုချင်စိတ်ဖြစ်မိတယ်လို့ သူကပြောပြပါတယ်။

“တစ်ဖက်ကတွေးမိတော့လည်း နေမကောင်းတဲ့အချိန်မျိုးမှာ ပြုစုစောင့်ရှောက် ယုယပေးမယ့် လက်တွဲဖော်လေးရှိရင် ကောင်းမှာပဲပေါ့လေ။ ဒါပေမဲ့ အဲဒီလိုတွေးလိုက်တိုင်း တွေးလိုက် တိုင်း အဲဒီလိုဖြစ်လာခဲ့ရင် ငါ့သားတွေငါ့သမီးတွေက ငါတို့အဖေမှာ ချစ်ရ မယ့်သူ ကြင်နာရမယ့်သူရှိနေရင် ငါတို့ကို အပြည့်အဝချစ်ပါတော့မလားဆိုတဲ့ စိတ် မျိုး ဖြစ်လာမှာပဲဆိုတဲ့ အတွေးမျိုးက အမြဲတမ်းဖြစ်တယ်။ ဖြစ်တဲ့အတွက်ကြောင့်မို့ ခုနလိုတွေးမိပေ မယ့်လည်း သားနဲ့သမီးအတွက် စိတ်ကအမြဲပြန်ဖြစ်တဲ့အတွက် ကိုယ့်ဘာသာ ကိုယ်ပဲ အတတ်နိုင်ဆုံး နေမယ်ဆိုတဲ့ စိတ်ကိုပဲထားလိုက်ပါ တယ်” လို့ ဖခင်တစ်ယောက်ရဲ့ စိတ်ကို သျှန်ထွန်း(မြန်မာစာ)က ပြောပါ တယ်။ သူက ကျန်းမာရေးကောင်းမွန်လာဖို့အတွက် ဆေးလိပ်ဖြတ်လိုက်ရ ပြီး အခု လက်ရှိအချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ်ဂရုတစိုက်နဲ့ နေထိုင်ဖြစ် နေတယ်လို့ ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071