Monday, April 7, 2025

အခွန်ကိစ္စကို အရှေ့တောင်အာရှက ပူးပေါင်းတုန့်ပြန်ရန် မလေးရှား...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကို အရှေ့တောင်အာရှဒေသက တုန့်ပြန်နိုင်ရေး ညှိနှိုင်းဆောင်ရွက်မှုများကို မလေးရှားနိုင်ငံက ဦးဆောင်သွားမည်ဟု ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က ပြောကြားလိုက်သည်။ “အာဆီယံဥက္ကဌအနေနဲ့ မလေးရှားနိုင်ငံဟာ ဒေသရဲ့စည်းလုံးညီညွတ်မှုကိုပြဖို့၊...

ကုန်သည်စက်မှု အသင်းချုပ်နှင့် ညီနောင်အသင်းများမှ ရှင်သာမ‌ဏေ...

ပြည်သူ့ရင်ပြင်၌ ပြုလုပ်သည့် ရှင်သာမ‌ဏေ အပါး (၅,၅၀၀) အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။ ဧပြီ (၆) ရက်တွင်...

လေဖိအားနည်း ရပ်ဝန်းကြောင့် မိုးများနိုင်သဖြင့် ရှာဖွေကယ်ဆယ်ရေး...

ယခု ရက်သတ္တပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်းကြောင့် ငလျင်သင့်ဒေသများ အပါအဝင် နိုင်ငံအနှံ့မိုးများနိုင်သဖြင့် မြေကျွံကျမှုများ ဖြစ်ပွားလာနိုင်သည့်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ် ကိုင်နေသူများ သတိပြုရန်...

ရတနာပုံတံတားအား ပြန်လည်ဖြတ်သန်းခွင့်ပြု

ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ရတနာပုံတံ တား၏ စစ်ကိုင်းဘက်ခြမ်းမှ တံတားချဥ်းကပ်လမ်းတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် စစ်ကိုင်းမြို့ရှိ လမ်းဦးစီးဌာနကပြန်လည်ပြင်ဆင်မှုများပြု လုပ်ခဲ့ကြသည်။ ထိုသို့ ပြန်လည်ပြင်ဆင်ခဲ့ရာ ယနေ့ ဧပြီ ၇...
HomeArticlesသိလိုရာမေး အဖြေပေးမည့် မီးခွက်စောင့်ဘီလူးလေး...

သိလိုရာမေး အဖြေပေးမည့် မီးခွက်စောင့်ဘီလူးလေး ဂျင်းနီ (သို့) ChatGPT အပိုင်း (၁)

၂၀၂၃ ယခုနှစ်ဟာ ကမ္ဘာကြီးကိုပြောင်းလဲစေမည့် AI နည်းပညာရဲ့စွမ်းဆောင်ရည်ကြောင့် အမှတ်ရစရာတွေကျန်ရစ်စေမည့်နှစ်တစ်နှစ်ဖြစ်လာပါလိမ့်မယ်။ သင့်အနေနဲ့ ChatGPT ကိုသုံးပြီးရင် အရင်နဲ့တူတော့မှာမဟုတ်ဘူးဆိုတဲ့စကားကို OpenAI ကုမ္ပဏီရဲ့ ChatGPT chatbot ကသက်သေပြနိုင်ခဲ့ပါပြီ။

ယနေ့ခေတ်ရဲ့နည်းပညာအပြောင်း အလဲတစ်ရပ်ကို မိမိတို့အနေနဲ့မြင်တွေ့ခွင့်ရနေပြီဖြစ်ပါတယ်။ မနှစ်က OpenAI ကုမ္ပဏီအနေနဲ့ Dall-E2 Image generator ကိုပွဲထုတ်ပြသပြီးတဲ့နောက် 2022 ခုနှစ်၊နိုဝင်ဘာလမှာတော့ လူတွေရဲ့လက်ထဲကို ChatGPT chatbot ထည့်ပေးနိုင်ခဲ့ပါပြီ။ 

အဲ့လိုထည့်ပေးပြီးတဲ့ နောက်မှာတော့ ChatGPT အသုံးပြုသူဦးရေဟာ တောမီးလောင်ကျွမ်းသွားလိုပဲ နှစ်လ အတွင်း သန်း ၁၀၀ ကျော်ချက်ချင်း ပျံ့နှံ့သွားခဲ့ပါတယ်။ နှစ်လအတွင်း အခုလို သန်းတစ်ရာ ကျော်အသုံးပြုသူဦးရေတိုးတက်လာခြင်းဟာ သမိုင်းဝင်စေခဲ့ပြီး တစ်နှစ်တာအတွက် အကောင်းဆုံး Chatbot တစ်မျိုးဖြစ်လာစေခဲ့ပါတယ်။ 

ယခင်က AI Chatbot ပေါင်းများစွာရှိခဲ့ပေမည့် အခုလို ChatGPT ရဲ့စွမ်းဆောင်ရည်လို မျိုးတော့ မရှိခဲ့ကြပါဘူး။ ChatGPT ရဲ့အရှည်ကောက်ကတော့ Chat Generative Pre-trained Transformer ပဲဖြစ်ပါတယ်။

ChatGPT ဆိုတာ အသိဉာဏ်တု AI ကိုစကားလုံး ပေါင်း ဘီလျံနဲ့ချီမှတ်သားထားနိုင်ဖို့ လေ့ကျင့်ပေးထားတဲ့ chatbot တစ်မျိုးပဲဖြစ်ပါတယ်။ ChatGPT ဟာ စာအုပ်ပေါင်း ဘီလျံချီပြီးဖတ်ထားတယ်၊ ဘီလျံနဲ့ချီတဲ့ အင်တာနက် စာမျက်နှာပေါင်းများစွာကစာတွေကိုလည်းဖတ်ထားတယ်၊ ဝီကီပီးဒီးယားမှာရှိတဲ့ ဘီလျံချီ တဲ့အချက် အလက်တွေကိုလည်းမှတ်သားထားတယ်။ ဘယ်လောက်အထိတောင် မှတ်သား ထားလဲဆိုရင် 2021 ခုနှစ်၊ ဇွန်လအထိ အင်တာနက်မှာရှိသမျှ သိမှတ်ဖွယ်အကုန်လုံးကို အသေးစိတ်ကျယ်ကျယ်ပြန့်ပြန့် မှတ်သားထားပြီးဖြစ်တယ်။ ဒီလိုအချက်အလက်တွေ မှတ်သားဖို့ကို GPT 3.5 model ကိုလေ့ကျင့်ပေးထားတယ်။

အခုလိုအဖိုးတန်ပညာဗဟုသုတရတနာသိုက်ကြီးကို အခကြေးငွေမယူဘဲ လူတွေရဲ့ လက်ထဲကိုထည့်ပေးပြီးတဲ့နောက်မှာလည်း ChatGPT ကို အသုံးပြုသူပေါင်းများစွာနဲ့ အပြန်အလှန်ဆက်သွယ်ပြောဆိုနိုင်ဖို့ လေ့ကျင့်ပေးထားသလို သူ့ရဲ့အရည်အသွေးတွေ တိုးတက်လာစေဖို့ လူသားတွေရဲ့ကြီးကြပ်မှုနဲ့အတူ ထိန်းကျောင်းပေးထားတယ်။

ChatGPT အသုံးပြုခြင်းရဲ့အကျိုးရလဒ်ကတော့ အံ့ဩဖွယ်ပါပဲ။ ChatGPT ရဲ့စာရေး စွမ်းရည်ဟာ လူသားအများစုထက်တောင်ပိုကောင်းနေတာတွေ့ရတယ်။ ဘယ်လို အကြောင်းအရာမျိုးကိုမဆို မီလီစက္ကန့်ပိုင်းအတွင်း ခလုပ်လေးတစ်ချက်နှိပ်လိုက်ယုံနဲ့တင် ရေးသားပေးနိုင်စွမ်းရှိပြီး လူသားစာရေးဆရာတစ်ဦးကရေးထားတာလားလို့ခွဲရခက်၊ ခန့်မှန်းရခက်လောက်အောင်ကောင်းမွန်တဲ့ အရေးအသားပုံစံမျိုးကို ChatGPT ကပေးစွမ်း နိုင်ပါတယ်။ ကျိုးကြောင်းဆီလျော်တဲ့ဆွေးနွေးချက်တွေကို ထုတ်ပေးနိုင် ယုံတင်မကဘဲ အကြောင်းအရာနိဂုံးချုပ်ဖို့အတွက် အဓိကအချက်အလက်တွေကိုတောင် ရေးပေးနိုင်စွမ်း ရှိပါတယ်။ သူ့ရဲ့စာသားတည်ဆောက်ထားတာတွေ၊ ဆက်စပ်တွေးခေါ်ရေးသားထားတာ တွေဟာ လူသားတွေကတောင်ပြန်ပြီး လေးစားဖွယ်ပါပဲ။

သင်ပြောဆိုလိုက်တဲ့စကားတွေကို မှတ်မိနေယုံတင်မကဘဲ သင်မေးလိုက်တဲ့မေးခွန်းနဲ့ ပတ်သက်ပြီး အသေးစိတ်ချဲ့ထွင်ကာ ပြန်ဖြေပေးပါတယ်။ ကိုယ်ရေးခိုင်းလိုက်လို့ ထွက်လာတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး စိတ်ထဲမှာ ကျေနပ်မှုမရှိသေးရင် ပြန်ပြင်ပြီး ရေးခိုင်းတာမျိုး၊ ပိုကောင်းအောင်ရေးဖို့ကိုလည်း ခိုင်းနိုင်ပါသေးတယ်။

ChatGPT ရဲ့ စွမ်းဆောင်ရည်တွေကို ဆက်လက်ပြီး ဖော်ပြပေးသွားပါမယ်။

ဥာဏ်​ဝေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အခွန်ကိစ္စကို အရှေ့တောင်အာရှက ပူးပေါင်းတုန့်ပြန်ရန် မလေးရှား တွန်းအားပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကို အရှေ့တောင်အာရှဒေသက တုန့်ပြန်နိုင်ရေး ညှိနှိုင်းဆောင်ရွက်မှုများကို မလေးရှားနိုင်ငံက ဦးဆောင်သွားမည်ဟု ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က ပြောကြားလိုက်သည်။ “အာဆီယံဥက္ကဌအနေနဲ့ မလေးရှားနိုင်ငံဟာ ဒေသရဲ့စည်းလုံးညီညွတ်မှုကိုပြဖို့၊ ပွင့်လင်းပြီး ပြန်လည်ရုန်းထနိုင်တဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကို ထိန်းသိမ်းဖို့နဲ့ နိုင်ငံတကာစင်မြင့်မှာ ခိုင်မာတဲ့ အာဆီယံရဲ့ စုပေါင်းအသံကို ရှင်းလင်းစွာ ကြားစေဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ဦးဆောင်သွားပါမယ်” ဟု ဧပြီ ၆ ရက်က ဖေ့စ်ဘုတ်အပါအဝင် သူ၏ ဆိုရှယ်မီဒီယာချန်နယ်များတွင် တင်ခဲ့သော ဗီဒီယိုမိန့်ခွန်း၌ အန်ဝါက ပြောကြားထားသည်။ ဒေသဆိုင်ရာ စုပေါင်းတုန့်ပြန်မှုနှင့်ပတ်သက်၍ ဗီယက်နမ်ဝန်ကြီးချုပ် Pham...

ကုန်သည်စက်မှု အသင်းချုပ်နှင့် ညီနောင်အသင်းများမှ ရှင်သာမ‌ဏေ အပါး (၅,၅၀၀) အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပါဝင်လှူဒါန်း

ပြည်သူ့ရင်ပြင်၌ ပြုလုပ်သည့် ရှင်သာမ‌ဏေ အပါး (၅,၅၀၀) အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။ ဧပြီ (၆) ရက်တွင် သဲဖြူတောရ ဓမ္မရိပ်သာနှင့် မဟာမြိုင်တောရ ဓမ္မရိပ်သာတို့၏ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တပညာ‌ဇောတ အမှူးပြုသည့် ရှင်သာမ‌ဏေ အပါး (၅,၅၀၀) အား ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဆွမ်းဆန်စိမ်းလော င်းလှူပွဲကျင်းပခဲ့ခြင်း ဖြစ်သည်။ ယင်းတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများက...

လေဖိအားနည်း ရပ်ဝန်းကြောင့် မိုးများနိုင်သဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ကိုင်နေသူများ သတိပြုရန် မိုး/ဇလ ပညာများ အသိပေးနှိုးဆော်

ယခု ရက်သတ္တပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်းကြောင့် ငလျင်သင့်ဒေသများ အပါအဝင် နိုင်ငံအနှံ့မိုးများနိုင်သဖြင့် မြေကျွံကျမှုများ ဖြစ်ပွားလာနိုင်သည့်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ် ကိုင်နေသူများ သတိပြုရန် မိုး/ဇလပညာရှင်ဦးဝင်းနိုင်နှင့်အတူ ပြင်ပမိုးလေဝသပညာရှင်အချို့က အသိပေးနှိုး ဆော်ထားသည်ကို တွေ့ရသည်။ "ကယ်ဆယ်ရေးအဖွဲ့တွေ၊ ဖြိုဖျက်ရှင်း လင်းရေးလုပ်ငန်းလုပ်နေကြသူတွေအား လုံးက မိုးများလာတဲ့အခါ မြေကျွံနိုင်တာကြောင့် အဆောက်အဦးပြိုကျပြီးအန္တရာယ်ဖြစ်လာနိုင်မှာကို မပြတ်သတိထားကြပါလို့ အသိပေးချင်ပါတယ်။"ဟု ဦးဝင်းနိုင်က အသိပေးထားသည်။ ထိုအပြင် ငလျင်လှုပ်ခတ်မှုအတွင်း ပြတ်ရွေ့ကြောကြောင့် မြေသားများ(၂) ပေမှအများဆုံး (၁၅) ပေအထိ အံလွဲသွားခဲ့ပြီး ၊မြေလွှာအက်ကွဲကြောင်းများမှာတောင် မြောက် (၉) မိုင်အထိရှိနေသည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071