Tuesday, April 8, 2025

ယနေ့ ဧပြီ ၇ ရက်အထိ...

မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးကြောင့် ယနေ့ ဧပြီ ၇ ရက်အထိ ‌ေ-သဆုံးသူ ၃၆၀၀ ဦး၊ထိခိုက်ဒဏ်ရာရသူ ၅၀၁၇...

မန္တလေးငလျင်ကြီးကြောင့် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းအတွင်း ပျက်စီးခဲ့မှုများကို နစက...

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးသည် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းအတွင်းရှိ အားကစားရုံများကိုပါသက်ရောက် ထိခိုက်ခဲ့သဖြင့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊...

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့မှ ဧပြီ ၁၅...

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း(ကပ္ပလီကျွန်းအနီး)တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့ ဧပြီ ၇ ရက်မှ ဧပြီ ၁၅ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ...

ချင်းမိန်ပွဲတော်အားလပ်ရက်အတွင်း Longmen ဂူများသို့ လာရောက်လည်ပတ်သူများပြား

တရုတ်တို့၏ဘိုးဘေးကန်တော့ခြင်းချင်းမိန်ပွဲတော်နေ့သည် ယခုနှစ် ဧပြီလ ၄ရက်နေ့တွင် ကျရောက်ပြီးအားလပ်ရက်များပိတ်ပေးသည့် တရုတ်ရိုးရာပွဲတော်တစ်ခုလည်းဖြစ်သည်။ ယင်းနေ့တွင် ကွယ်လွန်လေပြီးသော ဘိုးဘွားမိဘများ၏ဂူသင်္ချိုင်းများအား သန့်စင်ခြင်း၊ ခြုံနွယ်များရှင်းလင်းပြီးကွယ်လွန်သွားသောဘိုးဘေးဘီဘင်များကို ကန်တော့ဖွယ်များဖြင့် သွားရောက်ကန်တော့ကြပြီး...
HomeArticlesသိလိုရာမေး အဖြေပေးမည့် မီးခွက်စောင့်ဘီလူးလေး...

သိလိုရာမေး အဖြေပေးမည့် မီးခွက်စောင့်ဘီလူးလေး ဂျင်းနီ (သို့မဟုတ်) ChatGPT အပိုင်း (၂)

သင့်အနေနဲ့သင်ရေးစေချင်တဲ့ အရေးအသားပုံစံ၊ သင်လိုချင်တဲ့ ဘယ်လိုအကြောင်းအရာ မျိုးကိုမဆို တိတိကျကျနဲ့ လိုချင်တဲ့အတိုင်း ChatGPT က ရေးပေးမှာဖြစ်ပါတယ်။ စာပိုဒ်ပေါင်းများစွာကို စက္ကန့်ပိုင်းအတွင်း ရေးထုတ်ပေးနိုင်ပါတယ်။ ChatGPT ကထုတ်ပေးလိုက်တဲ့စာတွေကို အလွယ်တကူပြင်ဆင်ပြီး မွမ်းမံကာရေးသားလို့ရပါတယ်။ 

CNET, Buzzfeed နဲ့ အခြားသော ဝဘ်ဆိုက်တွေဟာ လူသားစာရေးဆရာတွေနဲ့အတူ ChatGPT တွေကိုတွဲဖက်အသုံးပြုပြီး စာတွေရေးသားခိုင်းနေပြီဆိုတာပါပဲ။ ဒီနည်းပညာကို အသုံးပြုဖို့ဆုံးဖြတ်သူတွေအတွက် အန္တရာယ်ရှိတဲ့အလားအလာတွေ၊ စွန့်စားစရာတွေလည်း ရှိနေပါတယ်။ 

နည်းပညာဆိုတာ တစ်ခါတစ်လေမှာ မှားယွင်းတာမျိုး၊ အချက်အလက်အမှားတွေ ထုတ်ပေးတာမျိုးနဲ့ အဓိပ္ပါယ်လွဲမှားဖော်ပြတာမျိုးတွေရှိနိုင်ပါတယ်။ 

နောက်ပြီး သူရေးပေးလိုက်တဲ့ အချက်အလက်က ခေတ်မမီတော့တာ၊ အကြောင်းအရာ ခိုးယူထားတာမျိုး၊ ဒါမှမဟုတ် အချက် အလက်မှားနေတာတွေလားဆိုတာကို ပြန်လည် စစ်ဆေးဖို့အတွက်လည်း အခက်အခဲတွေရှိနေပါတယ်။

တစ်နည်းဆိုရရင် ChatGPT မှာ အကျိုးကျေးဇူးတွေ အများကြီးရှိနေတယ်ဆိုပေမည့် သူဟာ ပြည့်စုံတဲ့အဆင့်ကိုတော့ မရောက်သေးပါဘူး။ ChatGPT ကို အသုံးပြုမယ်ဆိုရင် သူ့မှာ ကန့်သတ်ချက်ဆိုတဲ့ အချို့သော စိန်ခေါ်စရာတွေ ရှိကြောင်း သတိထားဖို့လိုပါတယ်။

ChatGPTရဲ့စာအရေးအသားနဲ့ပတ်သက်ပြီးပြောရရင် သူ့ရဲ့ဖန်တီးနိုင်စွမ်းကို ကန့်သတ် ထားတာမျိုးမရှိပါဘူး။ သူ့ကို စာအရေးအသားတွေရေးခိုင်းလို့ရယုံတင်မကဘဲ နည်းပညာပိုင်းအရေးအသားတွေကိုပါ ရေးခိုင်းလို့ရပါတယ်။ သူ့မှာ ဖန်တီးရေးသားနိုင်စွမ်းရှိတာကြောင့် အိပ်ယာဝင်ပုံပြင်တွေ၊ စွန့်စားခန်းတွေ၊ ဆယ်ကျော်သက် စိတ်ကူးယဉ် ဝတ္ထုတွေ၊ ဇာတ်ညွှန်းရေးတာတွေ၊ ဟာသပျက်လုံးတွေအပြင် အခြားဖန်တီးမှုအရေးအသားအစုံကို ရေးခိုင်းလို့ရပါတယ်။ ဒါ့အပြင် သူ့ကို သီချင်းစာသားရေးဖွဲ့ခိုင်းတာမျိုး၊ ကဗျာနဲ့ကာရံတွေ ရေးခိုင်းတာမျိုးကိုလည်း  ရေးခိုင်းလို့ရပါတယ်။

အလားတူပဲ သင်ရေးထည့်လိုက်တဲ့ ဘယ်လိုအရေးသားမျိုးကိုမဆို ဆန်းစစ်ဝေဖန်ပေးတာ၊ အကျဉ်းချုံ့ပေးတာနဲ့ စိစစ်ပိုင်းခြားပေးတာမျိုးတွေကိုပါ ChatGPT ကဆောင်ရွက်ပေးပါလိမ့်မယ်။ ChatGPT က ချက်ချင်းငှားလို့ရနိုင်မည့်စာအုပ်စာရင်းတွေ၊ ဇာတ်ကောင်တွေရဲ့ လှုပ်ရှားမှုနဲ့ ဇာတ်လမ်းအတက်အကျတွေ၊ သီချင်းစာသား(သို့) စိတ္တဇကဗျာတွေနဲ့ အကြောင်းအရာတစ်ခုကိုနားလည်ဖို့အတွက် အနှစ်ချုပ်ထုတ်ပေးတာတွေကိုပါ သင့် အတွက် ရေးသားပေးနိုင်ပါလိမ့်မယ်။

AI ကိုသုံးပြီးပုံတွေရေးဆွဲလို့ရတဲ့ DALL-E နဲ့ သီချင်းတွေဖန်တီးခိုင်းလို့ရတဲ့ Google’s MusicLM ဝဘ်ဆိုက်တို့လိုပဲ ChatGPT ဟာ လူသားတွေရဲ့ခံစားမှုရသနဲ့ ဖန်တီးနိုင်စွမ်းကို နားလည်ပြီး အံ့ဩလောက်ဖွယ်ကောင်းလောက်အောင်တုပကာဖန်တီးနိုင်စွမ်းရှိနေပါ တယ်။ အနုပညာနဲ့ ဖန်တီးနိုင်စွမ်းရှိခြင်းဆိုတဲ့အချက်က ကျွန်တော်တို့လူသားတွေနဲ့ စက်ရုပ်တွေကို ခွဲခြားပေးထားတယ်ဆိုတဲ့ယူဆချက်ကို အဆုံးသတ်စေတော့မှာဖြစ်ပါ တယ်။

ဒီစက်ရုပ်တွေက လူသားတွေခံစားသလို မခံစားနိုင်ပေမည့် သူတို့ဆီမှာ ကျွန်တော်တို့လူသားတွေ ထည့်သွင်းပေးထားတဲ့အချက်အလက်အမြောက်အများရှိနေ တာမို့ လူသားတွေရဲ့လုပ်အားကိုဆန့်ကျင်ကာ သူတို့ဘာသာတီထွင်ဖန်တီးမှုတွေကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

အမှန်တကယ်တော့ ဒီလိုတွေစွမ်းဆောင်နိုင်တယ်ဆိုတာဟာလည်း လူသားတွေဆီကနေ တုပကူးယူထားခြင်းသာဖြစ်ပါတယ်။ အမှန်တိုင်းပြောရရင်တော့ ကျွန်တော်တို့လူသားတွေ ကိုယ်တိုင်လည်း လူတစ်ဦးဆီကနေ အခြားတစ်ဦးက အခုလို ဆင့်ပွားကူးယူခဲ့ကြတာပါပဲ။

လူ့ဦးနှောက်ဆိုတာ ကျွန်တော်တို့မြင်တွေ့ဖူးသမျှထဲမှာတော့ အကြီးကျယ်အခမ်းနားဆုံး အချက်အလက်တွေကိုထည့်သွင်းတာ၊ တွက်ချက်ပြီး ပြန်ထုတ်ပေးတာတွေပြုလုပ်ပေး နိုင်တဲ့ အယ်ဂိုရသမ်တစ်မျိုးပဲဖြစ်ပါတယ်။

လူ့ဦးနှောက်ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်းသန်းချီ ကတည်းက ဆင့်ကဲစမ်းသပ်မှုတွေနဲ့မှားယွင်းခဲ့တဲ့အမှားတွေအပေါ်အခြေခံတည်ဆောက် ထားပြီး အလွန်အဖိုးတန်တဲ့ဘဝအတွေ့အကြုံထဲကအချက်အလက်တွေနဲ့ လေ့ကျင့် သင်ကြားထားခြင်းသာဖြစ်ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာရှိခဲ့ကြတဲ့ မူလတွေးခေါ် သူတွေနဲ့ ဖန်တီးသူတွေဟာ တစ်ယောက်တစ်မျိုးစီပုံစံအမျိုးမျိုးနဲ့ မွေးဖွားကြီးပြင်းလာခဲ့ ကြတာကြောင့် သူတို့ဖန်တီးမှုတွေ၊ စဉ်းစားတွေးခေါ်မှုတွေဟာလည်း ဘယ်တော့မှ တူညီနေမှာ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှ အခုလိုပေါ်ပေါက်လာတဲ့ AI တွေဟာ အားလုံးထက်ကို သာလွန်ပြီး ကြောက်စရာကောင်းလောက်အောင် စွမ်းဆောင်နိုင်တယ်လို့ထင်ရပေမည့် လည်း ဖန်တီးမှုနယ်ပယ်မှာတော့ လူသားတွေဟာ အထူးချွန်ဆုံးပဲဖြစ်ပါတယ်။ 

ပျင်းရိငြီးငွေ့ဖွယ် အဖန်ဖန်တလဲလဲလုပ်ရတဲ့အလုပ်တွေကိုအစားထိုးဖို့ အလိုအလျောက် လုပ်ဆောင်ပေးနိုင်မည့်စနစ်တွေ ရောက်လာခဲ့ပြီဆိုတာ ကျွန်တော်တို့အားလုံးအသိပါပဲ။ နောင်လာနောက်သား လူသားတွေကို အားလပ်ချိန်တွေနဲ့ ဆက်လက်ရှင်သန်နိုင်ဖို့ ချန်ထားရစ်နိုင်မယ်၊ ဘဝမှာအချိန်အတော်ကြာအောင် မလုပ်ဖြစ်ခဲ့တဲ့ စာရေးတာတွေ၊ ပန်းချီဆွဲတာ၊ ဂီတဖန်တီးရေးသားတာတွေကိုလုပ်ရင်း အနာဂတ်လူ့ဘောင်အသိုင်းဝိုင်း ဟာချမ်းသာကြွယ်ဝမှုတွေကြား ရှင်သန်နေထိုင်သွားနိုင်မယ်လို့ အကောင်းမြင်သမားတွေ ကတော့မျှော်လင့်ထားကြတယ်။ 

ဒါပေမည့်လည်း အခုဆိုတဖြည်းဖြည်းနဲ့ ရှင်းရှင်းလင်းလင်း  မြင်တွေ့လာရမှာကတော့ မကြာခင်မှာ စက်ရုပ်တွေဟာ လူသားတွေရဲ့စိတ်ကူးတွေးမြင်ထားတာထက်ကို ကျော်လွန် ပြီး အရည်အသွေးမြင့်အကြောင်းအရာတွေကို ဖန်တီးတာနဲ့ သီချင်းဂီတတွေကို ရေးသား ပေးနိုင်တာတွေကို အရှိန်ဟုန်ပြင်းပြင်းနဲ့ လုပ်ဆောင်ပေးနိုင်စွမ်းရှိလာတော့မှာဖြစ်ပါ တယ်။

လူသားတို့ရဲ့သမိုင်းမှာ အံ့ဖွယ် အကောင်းဆုံးဖန်တီးပေးမည့် ကိရိယာတစ်မျိုးအဖြစ် စက်ရုပ်တွေကို ကျိန်းသေပေါက်မြင်တွေ့ရတော့မှာပါ။ သင်ဆွဲချင်တဲ့ပုံတွေကို ဖန်တီးရေးဆွဲပေးတာမျိုးကနေစပြီး AI ကိုခိုင်းစေကာ သင့်အနေနဲ့ ဝင်ငွေရှာနိုင်တော့မှာလည်းဖြစ်ပါတယ်။ အခြားတစ်ဖက်က ကြည့်မယ်ဆိုရင်တော့ စက်တွေရဲ့တီထွင်ဖန်တီးနိုင်မှု စွမ်းရည်က လူသားတွေအနေနဲ့ သက်ဆိုင်ရာလုပ်ငန်းတွေမှာ အောင်မြင်မှုရဖို့နဲ့ ရပ်တည်နိုင်ဖို့တောင်ခက်ခဲလာစေနိုင်ပါတယ်။ 

စာရေးခြင်း၊ ပန်းချီရေးဆွဲခြင်းနဲ့ ဒီဇိုင်ရေးဆွဲခြင်းအပါအဝင် အခြားအနုပညာနယ်ပယ်က လူသားတွေအနေနဲ့ စက္ကန့်ပိုင်းအတွင်း အနုပညာဖန်တီးမှုတွေထုတ်လုပ်ပေးနိုင်တဲ့ စက်တွေနဲ့ယှဉ်ပြိုင်နိုင်ဖို့ အရင်ထက်ပိုပြီးကြိုးစားဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

ဥာဏ်​ဝေ

အပိုင်း(၁) ဖတ်ရန်>>
https://www.popularmyanmar.com/?p=104103

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ ဧပြီ ၇ ရက်အထိ မန္တလေးငလျင်ကြီးကြောင့် ‌ေ-သဆုံးသူ ၃၆၀၀ ဦးရှိ

မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးကြောင့် ယနေ့ ဧပြီ ၇ ရက်အထိ ‌ေ-သဆုံးသူ ၃၆၀၀ ဦး၊ထိခိုက်ဒဏ်ရာရသူ ၅၀၁၇ ဦး၊ ပျောက်ဆုံးနေသူ ၁၆၀ ဦး ရှိသည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ထို့ပြင် ကူညီကယ်ဆယ်မှုများအနေဖြင့် ယနေ့ ဧပြီ ၇ ရက်အထိ နိုင်ငံပေါင်း ၂၀ မှ လေယာဥ် ၉၄ ခေါက်၊ ကား ၆ စီး၊ သင်္ဘော ၅...

မန္တလေးငလျင်ကြီးကြောင့် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းအတွင်း ပျက်စီးခဲ့မှုများကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးသည် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းအတွင်းရှိ အားကစားရုံများကိုပါသက်ရောက် ထိခိုက်ခဲ့သဖြင့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၇ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ အားကစားပြိုင်ကွင်းကြီးအတွင်းရှိ ဘောလုံးကွင်းနှင့် ပြေးလမ်း ထိခိုက်ပျက်စီးခဲ့ရမှုများ၊ ပွဲကြည့်စင်နှင့် ဝင်ပေါက်များထိခိုက်ပျက်စီးခဲ့ရမှုများကို ပြန်လည်ပြုပြင်ရာတွင် သက်ဆိုင်ရာအဖွဲ့များမှ နည်းပညာရှင်များဖြင့် စနစ်တကျစစ်ဆေးပြုပြင်ရန်၊ အားကစားပွဲများကျင်းပချိန်တွင် အားကစားသမားများနှင့် ပရိသတ်များ အများအပြားလာရောက်မည်ဖြစ်၍ ကြံ့ခိုင်မှုကို အလေးပေးဆောင်ရွက်ရန်၊ မီတာ ၄၀၀ ပြေးလမ်းနှင့် ပွဲကြည့်စင်များရှိထိုင်ခုံများကို စနစ်တကျပြန်လည်ပြုပြင်ရန်...

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့မှ ဧပြီ ၁၅ ရက်အတွင်း တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း(ကပ္ပလီကျွန်းအနီး)တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့ ဧပြီ ၇ ရက်မှ ဧပြီ ၁၅ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။ ယနေ့ ဧပြီ ၇ ရက်မှစ၍ ဧပြီ ၁၄ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071