Tuesday, January 7, 2025

AFF Shopee Cup 2024-2025...

AFF Shopee Cup 2024-2025 ၏ အုပ်စု(A)ပွဲစဉ်တွင် ပြည်တွင်းချန်ပီယံ ကလပ်အသင်း တစ်သင်းဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းနှင့် တီရန်ဂါနူး(မလေးရှား) အသင်းတို့ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ အဆိုပါ ပွဲစဉ်ကို...

ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ (၃ ဒသမ ၅)...

၂၀၂၄ ခုနှစ်အကုန်၌ မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူ ဦးရေ (၃ ဒသမ ၅) သန်းကျော်အထိ ရှိလာကြောင်း UNOCHA Myanmar မှ...

မြောက်ကိုရီးယားသည် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်အသစ်ကို ဇန်နဝါရီ...

မြောက်ကိုရီးယားသည် ၎င်း၏ တာလတ်ပစ် မြန်နှုန်းမြင့် ပဲ့ထိန်းဒုံးကျည် အသစ်ကို ဇန်နဝါရီ ၆ ရက်က စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA)...

အသက် (၁၅)နှစ်အောက် လူငယ်ပြိုင်ပွဲအတွက် ထပ်တိုး...

MFF U15 YOUTH LEAGUE 2024-2025 ပြိုင်ပွဲ(ရန်ကုန်ဇုန်)အတွက် ထပ်တိုး ကစားသမားများကို အသက်နှင့်အထောက်အထား စိစစ်သည့် ပုံရိပ်များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ...
HomeNewsLocal Newsသီတင်းကျွတ်လပြည့်နေ့အတွက် ကျိုက်ထီးရိုးစေတီတော်တွင် တောင်တက်မော်တော်ယာဉ်များကို...

သီတင်းကျွတ်လပြည့်နေ့အတွက် ကျိုက်ထီးရိုးစေတီတော်တွင် တောင်တက်မော်တော်ယာဉ်များကို ကြံ့ခိုင်မှုပြင်ဆင်နေ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျိုက်ထီးရိုးစေတီတော်တွင် သီတင်းကျွတ်လပြည့်နေ့ဘုရားဖူးများ ဖူးမြော်နိုင်ရန် ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်များအား ကြံ့ခိုင်မှုများ ပြင်ဆင်နေသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားပွဲတော်ဖွင့်ပွဲအား သီတင်းကျွတ်လပြည့်‌နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပမည် ဖြစ်ကာ ကျိုက်ထီးရိုးဘုရားသို့ပို့ဆောင်ပေးမည့် တောင်တက်မော်တော်ယာဉ်များ ကြံ့ခိုင်မှုရှိ/မရှိ စစ်ဆေးမှုကို ဘုရားသုံးဆူထိုင်တော်မူဘုရားတောင်‌ခြေ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ပြုလုပ်ရာတွင် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနအပါအဝင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တောင်တက်မော်တော်ယာဉ်အသင်းအဖွဲ့ဝင်များတို့မှ တွေ့ဆုံညှိနှိုင်းပြီး ဘုရားဖူးပြည်သူများအန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်ချမ်းသာစွာဖူးမြော်နိုင်ရန် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယခုနှစ် သီတင်းကျွတ်ရုံးပိတ်ရက်များတွင် သွားလာရ လွယ်ကူသည့် ပုဂံနှင့် ချောင်းသာအပါအဝင် ကျိုက်ထီးရိုးကို သွားရောက်ရန်အတွက် ခရီးစဉ်များ ကြိုတင် စုံစမ်းမှုများပြားနေသည်ဟု ခရီးသွားလုပ်ငန်းများမှ ပြောသည်။

သီတင်းကျွတ်ရုံးပိတ်ရက်သည် အောက်တိုဘာ ၁၆ ရက်မှ စတင်ကာ အစိုးရရုံးပိတ်ရက်ဖြစ်သော စနေ၊ တနင်္ဂနွေပါခံသောကြောင့် အောက်တိုဘာ ၁၆ မှ ၂၀ ရက်အထိသည် ငါးရက်ဆက်တိုက် အစိုးရရုံးပိတ်ရက် ဖြစ်လာသည်။

ထို့ကြောင့် ထိုရုံးပိတ်ရက်ငါးရက်အတွင်း သွားရလွယ်ကူကာ နယ်မြေအေးချမ်းသည့် ဒေသများကို ခရီးသွားမည့်လူများ များနေခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

AFF Shopee Cup 2024-2025 အုပ်စု(A)တွင် ရှမ်းယူနိုက်တက်အသင်းနှင့် တီရန်ဂါနူး(မလေးရှား) အသင်းတို့ ယှဉ်ပြိုင်မည်

AFF Shopee Cup 2024-2025 ၏ အုပ်စု(A)ပွဲစဉ်တွင် ပြည်တွင်းချန်ပီယံ ကလပ်အသင်း တစ်သင်းဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းနှင့် တီရန်ဂါနူး(မလေးရှား) အသင်းတို့ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ အဆိုပါ ပွဲစဉ်ကို ဇန်နဝါရီ(၈)ရက်၊ ညနေ(၆)နာရီအချိန်တွင် သုဝဏ္ဏဘောလုံးကွင်းအတွင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး၊ ဇန်နဝါရီ(၇)ရက် ညနေ(၅)နာရီခွဲအချိန်တွင် ရန်ကုန်မြို့သုဝဏ္ဏဘောလုံးကွင်း သတင်းစာ ရှင်းလင်းပွဲခန်းမ၌ ပွဲကြိုသတင်းစာကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမတိုင်မီ ညနေ (၄)နာရီတွင် ရှမ်းယူနိုက်တက်အသင်း၏ Official Training ပြုလုပ်မည်ဖြစ်ပြီး ညနေ (၆) နာရီအချိန်တွင် မလေးရှားကလပ် တီရန်ဂါနူးအသင်းကလည်း Official Training...

ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ (၃ ဒသမ ၅) သန်းကျော်ရှိခဲ့ဟုဆို

၂၀၂၄ ခုနှစ်အကုန်၌ မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူ ဦးရေ (၃ ဒသမ ၅) သန်းကျော်အထိ ရှိလာကြောင်း UNOCHA Myanmar မှ ယခုလ အစောပိုင်းတွင် ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်တွင် ၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံရှိ ပြည်သူလူထုအတွက် မဆုံးနိုင်သောပဋိပက္ခများ၊ ထပ်တလဲလဲ ဖြစ်ပွားခဲ့သည့် မုတ်သုံရာသီရေဘေး၊ စံချိန်တင်များပြားသည့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရမှုနှင့် ရန်ပုံငွေနည်းပါးခဲ့သည့် တုံ့ပြန်ကူညီရေးအစီအစဉ်တို့ကြောင့် နက်ရှိုင်းလှသော လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းများဖြင့် ရုန်းကန်ခဲ့ရသည့် နှစ်တစ်နှစ်ဖြစ်သည်ဟု ဖော်ပြထားသည်။ ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့်...

မြောက်ကိုရီးယားသည် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်အသစ်ကို ဇန်နဝါရီ ၆ ရက်က စမ်းသပ်ပ-စ်ခတ်

မြောက်ကိုရီးယားသည် ၎င်း၏ တာလတ်ပစ် မြန်နှုန်းမြင့် ပဲ့ထိန်းဒုံးကျည် အသစ်ကို ဇန်နဝါရီ ၆ ရက်က စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က အင်္ဂါနေ့တွင် ရေးသားဖော်ပြခဲ့သည်။ "ပြုံယမ်းမြို့ဆင်ခြေဖုံးရှိ ဒုံးကျည်ပစ်လွှတ်သည့်နေရာမှ အရှေ့မြောက်ဘက်သို့ အသံထက်မြန်သော ဒုံးကျည်သည် စီစဉ်ထားသည့်အတိုင်း ပျံသန်းနိုင်ခဲ့သည်။ အသံ၏ အမြန်နှုန်း၏ ဆယ့်နှစ်ဆ မြန်နှုန်းဖြင့် ပျံသန်းခဲ့ပြီး ပင်လယ်ပြင်ရှိ ပစ်မှတ်များကို တိကျစွာ ထိမှန်ခဲ့သည်" ဟု KCNAက ရေးသား ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် နိုင်ငံ၏ နောက်ဆုံးပေါ် ပဲ့ထိန်းဒုံးကျည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071