Sunday, December 22, 2024

မော်လမြိုင်တွင် အဆင့်မြင့်ငါးဈေးသစ်ကြီး တည်ဆောက်လျက်ရှိ

မွန်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်း၍ မော်လမြိုင်အဆင့်မြင့် ငါးဈေးသစ်ကြီးကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်...

YPS ကတ် နှင့် Qr...

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များတွင် YBS ယာဉ်စီးခငွေပေးချေရန် YPS ကတ် အသုံးပြုသူ နှစ်သိန်းကျော်ရှိလာပြီး QR Code အသုံးပြုရန်...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရိုဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုးလက္ခာ...

မြန်မာနိုင်ငံတောင်ပိုင်း၊ ကရင်ပြည်နယ်၊ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရို ဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုး လက္ခာ ဖြစ်ပွားသူမရှိသေးကြောင်း ဒေသတွင်း မြေပြင်စောင့်ကြည့်နေသူ လူမှုကူညီကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ယနေ့တွင် ပေါ်ပြူလာနယူးစ်သို့...

ရန်ကုန်တွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဟု MEODA...

ဈေးကွက်အတွင်း စားသုံးဆီများကို အိမ်အရောက်ပို့စနစ်နှင့် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက...
HomeInternationalသီရိလင်္ကာနိုင်ငံတွင် အစိုးရဝန်ထမ်းများအားစိုက်ပျိုး​ရေးကိုတွနိးအား​ပေးနိုင်ရန် ပိတ်ရက်တိုးပေး

သီရိလင်္ကာနိုင်ငံတွင် အစိုးရဝန်ထမ်းများအားစိုက်ပျိုး​ရေးကိုတွနိးအား​ပေးနိုင်ရန် ပိတ်ရက်တိုးပေး

သီရိလင်္ကာနိုင်ငံတွင် အစိုးရဝန်ထမ်းများအားစိုက်ပျိုး​ရေးကိုတွနိးအား​ပေးနိုင်ရန် ပိတ်ရက်တိုးပေး

ကိုလမ်ဘို၊ဇွန် ၁၄
ဆယ်စုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံးစီးပွားရေးအကျပ်အတည်းကြုံနေရသည့် သီရိလင်္ကာနိုင်ငံတွင် အစိုးရဝန်ထမ်းများအား တစ်ပတ်လျှင်လေးရက်သာအလုပ်ဆင်းကာ ကျန်ရက်များတွင်စား​ရေရိက္ခာအတွက် ထွန်ယက်စိုက်ပျိုးလုပ်ကိုင်ရန် နားရက်အဖြစ်သတ်မှတ်အတည်ပြုလိုက်ပြီဖြစ်ကြောင်း အင်္ဂါနေ့တွင်အစိုးရကဆိုသည်။

အစိုးရဌာနအသီးသီးအတွက် လူတစ်သန်းခန့်ကို အလုပ်ခန့်အပ်ထားသော ကျွန်းနိုင်ငံငယ်လေးသည် နိုင်ငံခြားငွေပြတ်လပ်မှုအပြင်းအထန်ဖြစ်ပေါ်နေကာ အရေးကြီးသောသွင်းကုန်များဖြစ်သည့် လောင်စာ၊အစားအသောက်နှင့်ဆေးဝါးများအတွက် ပေးချေစရာငွေမရှိဖြစ်နေသည်။

နိုင်ငံရှိလူဦးရေအများစုဖြစ်သော လူပေါင်း ၂၂ သန်းခန့်သည် အချိန်အတော်ကြာဓာတ်အားပြတ်တောက်မှုများနှင့်ကြုံတွေ့နေရပြီး ‌နေ့တိုင်းလိုလို ဓာတ်ဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းနေကြရသည်။

ထို့ကြောင့် တနင်္လာနေ့တွင် သီရိလင်္ကာအစိုးရအဖွဲ့က ဆီပြတ်တောက်မှုကြောင့်သွားလာရေးခက်ခဲနေသည့် ဝန်ထမ်းများအဆင်ပြေစေရန်နှင့် စားနပ်ရိက္ခာအတွက်ကိုယ်တိုင်စိုက်ပျိုးနိုင်ရန် တစ်ပတ်လေးရက်အလုပ်ဆင်းစေသည့်စနစ်ကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယခုစနစ်ကိုနောက်သုံးလလောက်အထိကျင့်သုံးသွားမည်ဖြစ်သည်။

“အခုလိုအစိုးရဝန်ထမ်းတွေကို ခွင့်တစ်ရက်တိုးပေးပြီး ကိုယ့်မိသားစုအတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်စေတာက ဖြစ်ပေါ်နေတဲ့ စားနပ်ရိက္ခာပြတ်လပ်မှုအတွက် သင့်လျော်တဲ့ဖြေရှင်းချက်ဖြစ်မယ်လို့မျှော်လင့်ရပါတယ်” ဟု အစိုးရရုံး၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကမ္ဘာ့ကုလသမဂ္ဂကလည်း ပြီးခဲ့တဲ့အပတ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို သတိပေးခဲ့ပြီး ထိခိုက်လွယ်သူ တစ်သန်းကျော်ကို ကူညီဖို့ အမေရိကန် ဒေါ်လာ ၄၇ သန်း ထောက်ပံ့ပေးရန် စီစဉ်ထားသည်။

အစိုးရသည် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ငွေကြေးအထောက်အကူအစီအစဉ်အတွက် ဆွေးနွေးနေပြီး ဇွန် ၂၀ ရက်၌ IMF ၏ကိုယ်စားလှယ်အဖွဲ့ သီရိလင်္ကာသို့လာရောက်ရန်မျှော်မှန်းထားသည်။

ပြီးခဲ့သည့်တနင်္လာနေ့က သီရိလင်္ကာဝန်ကြီးချုပ် မစ္စတာ Ranil Wickremesinghe နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Antony Blinken တို့ ဖုန်းဖြင့်ဆွေးနွေးကြရာတွင် အမေရိကန်အနေဖြင့်လည်း သီရိလင်္ကာကိုကူညီရန်အဆင်သင့်ရှိနေကြောင်း ဘလင်ကန် က‌ဆိုခဲ့သည်။

သီရိလင်္ကာဝန်ကြီးချုပ် မစ္စတာ Wickremesinghe ကမူ ယခုလမှစ၍တစ်နှစ်လုံးစာအတွက် မရှိမဖြစ်လိုအပ်သော သွင်းကုန်များပြည့်မီရန် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ ဘီလီယံလိုအပ်ကြောင်းပြောကြားခဲ့သည်။

Source – Reuters/nh

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မော်လမြိုင်တွင် အဆင့်မြင့်ငါးဈေးသစ်ကြီး တည်ဆောက်လျက်ရှိ

မွန်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်း၍ မော်လမြိုင်အဆင့်မြင့် ငါးဈေးသစ်ကြီးကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် အဆိုပါ အဆင့်မြှင့် ငါးဈေးသစ်စီမံကိန်း တည်ဆောက်နေမှုကို ဒီဇင်ဘာ (၂၁)ရက်က ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး၊ စံချိန်စံညွှန်းမီ တည်ဆောက်ရေး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ရတနာထွန်း သား၊ ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ ရောင်းချသည့်ဈေးမှာ မြို့အတွင်းတွင်ရှိသဖြင့် ယာဉ်ကြောပိတ်ဆိုမှုများ...

YPS ကတ် နှင့် Qr Code အသုံးပြုသူ သုံးသိန်းခွဲကျော်ရှိလာ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များတွင် YBS ယာဉ်စီးခငွေပေးချေရန် YPS ကတ် အသုံးပြုသူ နှစ်သိန်းကျော်ရှိလာပြီး QR Code အသုံးပြုရန် App Download ပြုလုပ်ပြီး အသုံးပြုသူ တစ်သိန်းခွဲကျော်ရှိကြောင်း Asia Starmar Transport Intelligent မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ကြောင့် YPS ကတ်ကို စတင်ဖြန့်သည့်အချိန်မှ လက်ရှိအချိန်အထိ (၅၀) ရာခိုင်နှုန်း၊ (၆၀) ရာခိုင်နှုန်း ခန့်အထိ တိုးလာခြင်း ဖြစ်ကြောင်းလည်း သူကဆိုသည်။ လက်ရှိတွင် YPS ကတ်ကို...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရိုဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုးလက္ခာ ဖြစ်ပွားမှုမရှိဟု ဆို

မြန်မာနိုင်ငံတောင်ပိုင်း၊ ကရင်ပြည်နယ်၊ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရို ဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုး လက္ခာ ဖြစ်ပွားသူမရှိသေးကြောင်း ဒေသတွင်း မြေပြင်စောင့်ကြည့်နေသူ လူမှုကူညီကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ယနေ့တွင် ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ယခု ရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်မြို့သစ်တွင် ဝမ်းပျက်ဝမ်းလျောသူအချို့ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် အခြေခံ၍ မြဝတီမြို့၏ အခြေအနေကို ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်သည်။ "မြဝတီမှာတော့ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်တဲ့သူမရှိပါဘူး။ ကျွန်တော်တို့ကဆေးရုံအမြဲဝင်ထွက်နေတဲ့သူတွေ အသိဆုံးပါ။ ရွှေကုက္ကိုလ်မြို့မှာတော့ အယောက်(၄၀)လောက် ဝမ်းပျက်ဝမ်းလျောနေတဲ့သူတွေ ရှိတယ်လို့ သိရပေမယ့် ဘာကြောင့်ဖြစ်တာလဲတော့မသိဘူး"ဟု ၎င်း သိရှိထားမှုအား ရှင်းပြသည်။ ယင်းနှင့်ပတ်သက်၍ ရွှေကုက္ကိုလ်မြို့အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုထံသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071