Monday, April 7, 2025

သဒ္ဒါတရား လက်မနှေးသည့် တာချီလိတ်ဒေသခံများ၏ ငလျင်သင့်ဒေသများအတွက်...

ငလျင်ဒဏ်သင့်ဒေသများအတွက် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ တာ့ဟွာတရုတ်ဘုံကျောင်း၏မတည်မှုဖြင့် ဒေသခံများပါဝင်လှူဒါန်းသည့် ကျပ်သိန်း (၄,၀၀၀)ခန့်တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် ဆေးဝါးများကို လှူဒါန်းပေးပို့ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆေးဝါး၊ အသုံးအဆောင်နှင့်...

အမေရိကတွင် မုန်တိုင်းနှင့် ရေကြီးမှုများကြောင့် သေဆုံးသူ...

အမေရိကန်ပြည်ထောင်စု အရှေ့အလယ်ပိုင်းတွင် ပြင်းထန်သော မုန်တိုင်းများဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီး ရုတ်တရက် ရေလွှမ်းမိုးမှု...

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ နေပြည်တော်နှင့် မန္တလေး ခရီးစဉ်များအား...

ငလျင်ကြောင့် ရပ်နားထားသည့် နေပြည်တော်နှင့် မန္တလေး ခရီးစဉ်များကို မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း MNA လေကြောင်းလိုင်းမှ ထုတ်ပြန်ထားသည်။ မြန်မာအမျိုးသား လေကြောင်းလိုင်း အနေဖြင့်...

ငလျင်ဒဏ်သင့်ခဲ့သည့် သာသနိက အဆောက်အဦးများအပါအဝင် အများနှင့်သက်ဆိုင်သော...

ငလျင်ဒဏ်သင့်ခဲ့ရသည့် သာသနိကနှင့်ဘာသာရေးဆိုင်ရာအဆောက်ဦးများ၊ ပညာရေး၊ ကျန်းမာရေးနှင့် အများနှင့်သက်ဆိုင်သော အဆောက်အဦးများအား အဆောက်အဦးတစ်ခုချင်းအလိုက် တာဝန်ယူ၍ ပြုပြင်မွမ်းမံအသစ်တည်ဆောက် လှူဒါန်းလိုသူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။ မတ် (၂၈)...
HomeNewsLocal Newsသီရိလင်္ကာအစိုးရနှင့် ပြည်သူများမှ ကန်ဒေါ်လာ...

သီရိလင်္ကာအစိုးရနှင့် ပြည်သူများမှ ကန်ဒေါ်လာ (၁)သန်း လှူဒါန်းပြီး ဆေးကုသရေးအဖွဲ့တစ်ဖွဲ့ကို ဆေးဝါးပစ္စည်းများနှင့် အတူစေလွှတ်မည်

ငလျင်ဒဏ် ခံစားခဲ့ရသည့် မြန်မာပြည်သူများအား သီရိလင်္ကာအစိုးရနှင့် ပြည်သူများမှ အမေရိကန်ဒေါ်လာ (၁)သန်း လှူဒါန်းပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးကုသရေးအဖွဲ့တစ်ဖွဲ့ကို ဆေးဝါးပစ္စည်းများ နှင့်အတူ စေလွှတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

(၆)ကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ် သမ္မတနိုင်ငံ နိုင်ငံခြားရေး၊ ပြည်ပအလုပ်အကိုင်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာအာရွန်ဟီမချန်ဒရာတို့ ဧပြီ (၂) ရက်က တွေ့ဆုံစဉ်ဆွေးနွေးပြောကြားခဲ့ကြခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မတ်လ (၂၈)ရက်က ပျက်စီးဆုံးရှုံးမှု ကြီးမားသည့် ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် မြန်မာအစိုးရ၏ ကယ်တင်ရေးနှင့် ကယ်ဆယ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံနှင့် အခြားနိုင်ငံများမှ လူသားချင်းစာနာ ထောက်ထားရေးအကူအညီ၊ ဆေးအဖွဲ့နှင့် ကယ်တင်ရေးအဖွဲ့များ မြန်မာနိုင်ငံသို့ ပေးပို့စေလွှတ်မှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြန်လည် ပြောကြားခဲ့သည်။

မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုခိုင်မာရေးနှင့် စပ်လျဉ်း၍ နှစ်ဖက်လုံးက ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သဒ္ဒါတရား လက်မနှေးသည့် တာချီလိတ်ဒေသခံများ၏ ငလျင်သင့်ဒေသများအတွက် ကျပ်သိန်း (၄,၀၀၀)အလှူ

ငလျင်ဒဏ်သင့်ဒေသများအတွက် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ တာ့ဟွာတရုတ်ဘုံကျောင်း၏မတည်မှုဖြင့် ဒေသခံများပါဝင်လှူဒါန်းသည့် ကျပ်သိန်း (၄,၀၀၀)ခန့်တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် ဆေးဝါးများကို လှူဒါန်းပေးပို့ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆေးဝါး၊ အသုံးအဆောင်နှင့် စားနပ်ရိက္ခာများကို တာချီလိတ် တာ့ဟွာတရုတ်ဘုံကျောင်း ဂေါပကအဖွဲ့ဝင်များမှဦးဆောင် မတည်၍ မြို့သူမြို့သားများ၏ ဝိုင်းဝန်းထည့်ဝင် လှူဒါန်းမှုဖြင့် ယမန် နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ငလျင်ဒဏ်သင့်ဒေသများသို့ ဒုတိယအကြိမ် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဧပြီ (၁) ရက်မွန်းလွဲပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး ငလျင်ဒဏ်သင့်ဒေသများသို့ ပထမအကြိမ် ပို့ဆောင်လှူဒါန်းခဲ့ကြသေးပြီး၊ နှစ်ကြိမ်ပေါင်းလှူဒါန်းမှု ကျပ်သိန်း (၄,၀၀၀)ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ...

အမေရိကတွင် မုန်တိုင်းနှင့် ရေကြီးမှုများကြောင့် သေဆုံးသူ ၁၇ ဦး ရှိလာ

အမေရိကန်ပြည်ထောင်စု အရှေ့အလယ်ပိုင်းတွင် ပြင်းထန်သော မုန်တိုင်းများဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီး ရုတ်တရက် ရေလွှမ်းမိုးမှု ဆိုးရွားစွာဖြစ်နိုင်သည်ဟု နိုင်ငံတော်မိုးလေဝသဌာနက သတိပေးခဲ့သည်။ ကန်တပ်ကီ၊ တင်နက်စီနှင့် အလာဘားမားပြည်နယ်တို့တွင် ရေလွှမ်းမှု သတိပေးချက်သည် အသက်ဝင်နေဆဲဖြစ်သည်ဟု မိုးလေဝသခန့်မှန်းသူများက ပြောဆိုသည်။ တင်နက်စီပြည်နယ်သည် သဘာဝဘေးဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရပြီး ပြည်နယ်အနောက်ပိုင်းတွင် သေဆုံးသူ ၁၀ ဦးအထိ ရှိခဲ့သည်။ ကန်တပ်ကီ၊ မစ်ဆူရီပြည်နယ်များတွင် နှစ်ဦးစီသေဆုံးခဲ့ပြီး အာကန်‌ဆော၊ အင်ဒီယားနားနှင့် မစ္စစ္စပီပြည်နယ်များတွင် တစ်ဦးစီ သေဆုံးခဲ့ကာ သေဆုံးဦးရေ...

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ နေပြည်တော်နှင့် မန္တလေး ခရီးစဉ်များအား ပြန်လည်ပြေးဆွဲ

ငလျင်ကြောင့် ရပ်နားထားသည့် နေပြည်တော်နှင့် မန္တလေး ခရီးစဉ်များကို မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း MNA လေကြောင်းလိုင်းမှ ထုတ်ပြန်ထားသည်။ မြန်မာအမျိုးသား လေကြောင်းလိုင်း အနေဖြင့် သဘာဝငလျင် ဘေးဒဏ်ကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရသော မန္တလေး ခရီးစဉ်များကို ဧပြီလ (၄)ရက်နှင့် နေပြည်တော် ခရီးစဉ်များကို ဧပြီလ (၇) ရက်များမှ စတင်၍ ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ စစ်ကိုင်းမြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး (၇.၇) အဆင့်ရှိ အင်အား ပြင်းငလျင် လှုပ်ခတ်မှုကြောင့် မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071