သီရိလင်္ကာ၏အစိုးရအဖွဲ့အတွင်း အပြောင်းအလဲ
သီရိလင်္ကာသမ္မတ Gotabaya Rajapaksa ၏ အာဏာရညွန့်ပေါင်းအဖွဲ့သည် ပါလီမန်တွင် အင်အားချိနဲ့လာနေပြီးသမ္မတနုတ်ထွက်ပေးရန် တောင်းဆိုမှုများပင်ရှိလာနေသည်။
အရေးပေါ်အခြေအနေကြေညာပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ကျင်းပသည့် ပါလီမန်အစည်းဝေးပြီးနောက်နေ့တွင် ဘဏ္ဍာရေးဝန်ကြီးက ရာထူးမှနုတ်ထွက်ခဲ့သည်။
ဝတ္တရားများပျက်ကွက်သောဗဟိုဘဏ် အရာရှိချုပ်ဟောင်းလည်း တနင်္လာနေ့ကနုတ်ထွက်ပေးလိုက်ရပြီဖြစ်သည်။သီရိလင်္ကာ၏ ငွေကြေးဆိုင်ရာ အခွင့်အာဏာကို စီမံရန် ဗဟိုဘဏ်အုပ်ချုပ်ရေးအရာရှိ အသစ် P. Nandalal Weerasinghe အား အစားထိုး ခန့်အပ်လိုက်ပြီး ၄င်းသည် ဧပြီ ၇ ရက်တွင် စတင် တာဝန်ထမ်းဆောင်မည်ဟုခန့်မှန်းရသည်။