သီလဝါ ဆိပ်ကမ်းဧရိယာအတွင်း ဆိပ်ကမ်းတံတား (၃) ခု တည်ဆောက်မည်ဖြစ်ကာ တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ (၆၁) သန်း ရင်းနှီးမြှုပ်နှံသွားရန်ရှိကြောင်း သိရသည်။
ယင်း ဆိပ်ကမ်းတံတား (၃) ခုကို လုပ်ကွက်အမှတ် (၂၇)၊ (၂ ၈)၊ (၂၉) တို့၌ တည်ဆောက်မည်ဖြစ်ကာ စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံသူများနှင့် သဘောတူညီမှုစာချွန်လွှာကို ဇန်နဝါရီလ (၂) ရက်၊ နိုဗိုတယ်(ရန်ကုန်)၌ ရေးထိုးခဲ့ကြောင်းလည်း သိရသည်။
စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံသူများသည် Myanmar Edible Oil Industrial Public Corporation (MEICO) ၊ မြန်မာနိုင်ငံ လယ်ယာစီးပွားအများပိုင်ကော်ပိုရေးရှင်း (MAP CO) ၊ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်လီမိတက် (MAGDPL) တို့နှင့် တာဝန်ယူတည်ဆောက်မည့် Myanmar China Harbour Engine ering Co., Ltd. (MCHEC) တို့ ဖြစ်သည်ဟုလည်း BETV Business သတင်းဖော်ပြမှုအရ သိရသည်။
ယင်း ဆိပ်ကမ်းတံတား (၃) စင်းတည်ဆောက်မှုသည် ပို့ကုန်နှစ်ဆ တိုးမြှင့်နိုင်ရေးမူဝါဒကြောင့် တိုးတက်လာမည့် ကုန်သွယ်မှုပမာဏကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ရန်အတွက် အဆင်သင့်ဖြစ်မှုကို ရရှိစေနိုင်မည် ဖြစ်ကြောင်းလည်း ပို့/ဆက်ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကလည်း ပြောသည်။
BETV business သတင်းဖော်ပြမှုတွင် Myanmar China Harbour Engineering (MCHEC) နှင့် သဘောတူညီချက်အရ MEICO က သီလဝါလုပ်ကွက်အမှတ် (၂၇) ၌ စားသုံးဆီဆိပ်ကမ်းတံတား၊ MAPCO က လုပ်ကွက်အမှတ် (၂၈) ၌ ကောက်ပဲသီးနှံဆိပ်ကမ်းတံတား၊ MAGDPL က လုပ်ကွက်အမှတ် (၂၉) ၌ ကောက်ပဲသီးနှံဆိပ်ကမ်းတံတား တည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံသွားမည်ဟု သိရသည်။
ထို့အပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) အနေဖြင့် ဆူးလေသိုလှောင်ရုံ အမှတ် (၁)၊ (၂)၊ (၃) တို့နှင့် ဆိပ်ကမ်းတံတားများ၌ အမိုးအကာပါ ကွန်ဗေယာစနစ် (Sheltered Conveying System) တပ်ဆင်ရေးလုပ်ငန်းအတွက် MCH EC နှင့် သဘောတူထားကြောင်းလည်း သိရသည်။