သုခဒဂုံ ပြည်သူ့အငှားအိမ်ရာမှ ထပ်မံပြီးစီးသည့် အဆောက်အဦး(၂) လုံးမှ အခန်းများကို မတ်လ (၂၃) ရက်တွင် မဲ-နှို-က်ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် ဆောက်လုပ်ပြီးစီးသည့် တိုက်အမှတ်(၈၇)နှင့် အမှတ် (၆၅) တိုက်များရှိ အခန်းပေါင်း (၃၃၄) ခန်းကို မဲ-နှို-က်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ မဲ-နှို-က်ခွင့်ပေးရာတွင် ဗိုလ်တစ်ထောင်ခရိုင် ၊ သာကေတမြို့နယ် မှ (၁၃၅)ဦး ၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်မှ (၃၂)ဦး၊ သင်္ကန်းကျွန်းခရိုင်၊ သင်္ကန်းကျွန်းမြို့နယ်မှ (၁၆၇) ဦးကို ယင်းနေ့တွင် မဲနှိုက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများကို သက်သာသောနှုန်းထားဖြင့် (၅) နှစ် ငှားရမ်းနေထိုင်ခွင့် ပြုထားသည်။
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ အခန်းများ၏ တစ်လငှား ရမ်းခနှုန်းထားများမှာ ပထမထပ် (၆၇,၀၀၀) ကျပ်၊ ဒုတိယထပ် (၆၀,၀၀၀) ကျပ်၊ တတိယထပ် (၅၅,၀၀၀) ကျပ်နှင့် စတုတ္ထထပ် (၄၆,၀၀၀)ကျပ်တို့ဖြစ်ကြောင်း ကြေညာထားချက်များအရ သိရသည်။