Sunday, November 24, 2024

ထိုင်းအိမ်ခြံမြေဈေးကွက်တွင် မြန်မာဝယ်လက်များ ဝယ်ယူမှုမြင့်တက်လာဟုဆို

ထိုင်းအိမ်ခြံမြေဈေးကွက်တွင် တရုတ်နှင့် ရုရှားရင်းနှီးမြုပ်နှံသူများ၏ဝယ်ယူမှု ကျဆင်းလာပြီး မြန်မာနိုင်ငံဝယ်လက်များ မြင့်တက်လာ‌ကြောင်း ဘန်ကောက်ပို့စ်သတင်းစာကြီးကရေးသားဖော်ပြထားသည်။ မြန်မာနိုင်ငံမှ ဝယ်ယူသူများသည် ထိုင်းနိုင်ငံ၏ နှေးကွေးသော အိမ်ခြံမြေဈေးကွက်အတွက် တောက်ပသော မီးတောက်တစ်ခုအဖြစ်...

ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းတို့၌ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းရေးဆောင်ရွက်ထားမှုကို YESC...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့၌ ဓာတ်အားဖြန့်ဖြူးထားမှုနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းရေးဆောင်ရွက်ထားမှုတို့ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ နိုဝင်ဘာ ၂၃ ရက်က ကွင်းဆင်းစစ်ဆေးခဲ့သည်။ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၌ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရန် ဆောင်ရွက်လျက်ရှိသည့် ဖီဒါများအလိုက်လက်ခံယူနစ်ဖတ်ရှုထားရှိမှုအား...

ပိုလန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများက ချုပ်ပြီးအထည်မှာယူမှုမြင့်တက်နေ

မြန်မာနိုင်ငံမှ ချုပ်ပြီးအထည်များကို ဥပရောပသမဂ္ဂအဖွဲ့ဝင် ပိုလန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများက ဝယ်ယူမှုမြင့်တက်လာကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ မြန်မာနိုင်ငံမှအထည်ချုပ်ကို ယခင်ဝယ်ယူနေသည့်နိုင်ငံများအပြင် အဆိုပါ နိုင်ငံများမှ ဝယ်ယူမှု မြင့်တက်နေခြင်းဖြစ်ကြောင်း...

ဥရောပနှင့် အာဆီယံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအပါအဝင်...

ဥရောပပါလီမန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DASE) နှင့် ဘရပ်ဆဲလ်မြို့အခြေစိုက် အီးယူဆိုင်ရာ အာဆီယံသံအမတ်ကြီးများမှ ဒေသနှစ်ခုအကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွ က်မှုနှင့်...
HomeInternationalသူအသတ်ခံရလျှင် သမ္မတလည်း လုပ်ကြံခံရလိမ့်မည်--ဆာရာ

သူအသတ်ခံရလျှင် သမ္မတလည်း လုပ်ကြံခံရလိမ့်မည်–ဆာရာ

သူ အသတ်ခံခဲ့ရပါက သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာကို လုပ်ကြံသတ်ဖြတ်ခိုင်းမည်ဖြစ်ကြောင်း ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာ ဒူတာတေးက စနေနေ့တွင် ပြောကြားလိုက်သည့်အတွက် သင့်တော်သည့် အရေးယူဆောင်ရွက်မှုကိုချက်ချင်းလုပ်သွားမည်ဟု မားကို့စ်၏ ရုံးက ကတိပြုခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၏ သြဇာအကြီးဆုံး နိုင်ငံရေးမိသားစုနှစ်ခုအကြား အကွဲအပြဲ ကြီးမားကျယ်ပြန့်လာသည့် လက္ခဏာရပ်အဖြစ် နံနက်အစောပိုင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဒူတာတေးက သူ လူသတ်သမားတစ်ဦးနှင့် စကားပြောခဲ့ကြောင်းနှင့် သူသာ အသတ်ခံခဲ့ရပါက မားကို့စ်၊ သူ့ဇနီးနှင့် ဖိလစ်ပိုင်အောက်လွှတ်တော် ဥက္ကဌတို့ကို သတ်ဖြတ်ရန် သူ့ကို ညွှန်ကြားခဲ့ကြောင်း ပြောဆိုခဲ့သည်။

“ကျွန်မ လူတစ်ယောက်နဲ့ စကားပြောထားပါတယ်၊ ကျွန်မ အသတ်ခံရရင် ဘီဘီအမ်(မားကို့စ်) လီဇာ အေရာနက်တာ(သမ္မတကတော်) နဲ့ မာတင် ရိုမြူလ်ဒက်ဇ်(လွှတ်တော် ဥက္ကဌ) တို့ကို သတ်ပစ်လိုက်ပါလို့ ပြောခဲ့တယ်၊ နောက်နေတာမဟုတ်ဘူး၊ ရီစရာမဟုတ်ဘူးနော်” ဟု ဒူတာတေးက ပြောခဲ့ပြီး သူတို့ကို မသတ်နိုင်မချင်း တာဝန်ကို ရပ်မပစ်ရန် ပြောခဲ့ကြောင်းနှင့် သူကလည်း လိုက်နာမည်ဟု ပြန်ပြောခဲ့ကြောင်း ဆိုခဲ့သည်။

ဒူတာတေးသည် ကွန်ဂရက်၏ အောက်လွှတ်တော်ခန်းမတွင် သူ၏ အရာရှိချုပ်နှင့်အတူရှိနေခဲ့စဉ်က သူ့အနြေ့ဖင့် ရန်သူ့နယ်မြေတွင် ရောက်ရှိနေခြင်းဖြစ်သောကြောင့် လုံလုံခြုံခြုံနေထိုင်ရန် အွန်လိုင်း မှတ်ချက်ပေးသူတစ်ဦးက တိုက်တွန်းခဲ့မှုကို တုန့်ပြန်ခဲ့သည်။ သူ့အပေါ် ခြိမ်းခြောက်မှုတစ်စုံတရာရှိနေခြင်းနှင့်ပတ်သက်၍မူ ဒူတာတေးက ဖွင့်ဟပြောဆိုသွားခြင်း မရှိပေ။

ဒုသမ္မတ၏ ရှင်းလင်းပြတ်သားသော ထုတ်ဖော်ပြောဆိုချက်အရ သူ့အပေါ် လုပ်ကြံမှုတစ်ခု အောင်မြင်ခဲ့လျှင် သမ္မတကို လုပ်ကြံသတ်ဖြတ်ရန် သဘောတူစာချုပ်ထားသည့် သဘောဖြစ်ကြောင်းနှင့် အမှုဆောင်အတွင်းဝန်က အဆိုပါ ခြိမ်းခြောက်မှုနှင့်ပတ်သက်ပြီး သင့်တော်သော အရေးယူဆောင်ရွက်မှု ချက်ချင်းလုပ်ဆောင်ရန် သမ္မတလုံခြုံရေးကွပ်ကဲမှုအဖွဲ့ထံ လွှဲပြောင်းခဲ့သည်ဟု သမ္မတ၏ ဆက်သွယ်ရေးရုံးက တုန့်ပြန်ပြောဆိုခဲ့သည်။

သမ္မတရုံး၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုခဲ့မှုအပေါ် ဒူတာတေး၏ရုံးက လတ်တလော တုန့်ပြန်ဖြေကြားခြင်း မရှိသေးဟု သိရသည်။

Ref: စီအင်န်အင်န်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းအိမ်ခြံမြေဈေးကွက်တွင် မြန်မာဝယ်လက်များ ဝယ်ယူမှုမြင့်တက်လာဟုဆို

ထိုင်းအိမ်ခြံမြေဈေးကွက်တွင် တရုတ်နှင့် ရုရှားရင်းနှီးမြုပ်နှံသူများ၏ဝယ်ယူမှု ကျဆင်းလာပြီး မြန်မာနိုင်ငံဝယ်လက်များ မြင့်တက်လာ‌ကြောင်း ဘန်ကောက်ပို့စ်သတင်းစာကြီးကရေးသားဖော်ပြထားသည်။ မြန်မာနိုင်ငံမှ ဝယ်ယူသူများသည် ထိုင်းနိုင်ငံ၏ နှေးကွေးသော အိမ်ခြံမြေဈေးကွက်အတွက် တောက်ပသော မီးတောက်တစ်ခုအဖြစ် ဘန်ကောက်နှင့် ထိုင်းနိုင်ငံ အခြားဒေသများရှိ ကွန်ဒိုများကို ဝယ်ယူကြကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ပထမ ကိုးလတွင် ထိုင်းကွန်ဒိုတိုက်ခန်းများအား မြန်မာဝယ်လက်များ၏ ဝယ်ယူမှုသည် ယမန်နှစ် ကာလတူ အချိန်ကထက် သုံးဆ တိုးလာကြောင်း အိမ်ခြံမြေ သတင်းအချက်အလက်ဌာန (Real Estate Information Centre - REIC)မှ ထုတ်ပြန်ချက်အရသိရသည်။...

ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းတို့၌ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းရေးဆောင်ရွက်ထားမှုကို YESC ဥက္ကဋ္ဌကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့၌ ဓာတ်အားဖြန့်ဖြူးထားမှုနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းရေးဆောင်ရွက်ထားမှုတို့ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ နိုဝင်ဘာ ၂၃ ရက်က ကွင်းဆင်းစစ်ဆေးခဲ့သည်။ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၌ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရန် ဆောင်ရွက်လျက်ရှိသည့် ဖီဒါများအလိုက်လက်ခံယူနစ်ဖတ်ရှုထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ဓာတ်အားခွဲရုံအလိုက်ကွာခြားယူနစ်များနှင့်ပျောက်ဆုံးယူနစ်များသိရှိနိုင်စေရန် ဓာတ်အားဖြန့်ဖြူးရေးမီတာများအမြန်တပ်ဆင်ရန်နှင့်လစဉ်ယူနစ်များစနစ်တကျမှန်ကန်စွာဖတ်ရှုနိုင်ရန်လိုအပ်သည့်အဆင့်မြင့်မီတာဖတ်စက်များကို ရုံးချုပ်၌အမြန်ထုတ်ယူရန်လည်းမှာ ကြားခဲ့သည်။ ထို့ပြင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်လျှပ်စစ်မန်နေဂျာရုံးနှင့် ၆၆/၁၁ ကေဗွီ ၂၀ အမ်ဗွီအေဓာတ်အားခွဲရုံတွင် ဓာတ်အားခွဲရုံများဖီဒါများအလိုက် ဓာတ်အားလက်ခံရရှိမှုဖြန့်ဖြူးထားမှုအား ကြည့်ရှုစစ်ဆေး၍ ဓာတ်အားခွဲရုံများကြံ့ခိုင်ကောင်းမွန်စေရေး၊ ဓာတ်အားပြတ်တောက်မှုနည်းပါးရေး၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများမရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး၊ ဝင်ငွေတိုးတက်ရရှိရန် ဓာတ်အားခများကိုသတ်မှတ်နှုန်းထားများနှင့်အညီကောက်ခံရရှိရေး၊ လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ပိုလန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများက ချုပ်ပြီးအထည်မှာယူမှုမြင့်တက်နေ

မြန်မာနိုင်ငံမှ ချုပ်ပြီးအထည်များကို ဥပရောပသမဂ္ဂအဖွဲ့ဝင် ပိုလန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများက ဝယ်ယူမှုမြင့်တက်လာကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ မြန်မာနိုင်ငံမှအထည်ချုပ်ကို ယခင်ဝယ်ယူနေသည့်နိုင်ငံများအပြင် အဆိုပါ နိုင်ငံများမှ ဝယ်ယူမှု မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။ " အမှာစာတွေက အများကြီးရတယ်။ အခုဆိုရင် ပိုလန်က အများကြီးဝယ်နေပြီ။ အဲဒီလိုပဲ အရှေ့အလယ်ပိုင်းကလည်း တော်တော်ဝယ်နေပြီ။ အီးယူနိုင်ငံထဲမှာ အများဆုံးပို့တယ့်နိုင်ငံဆိုလို့ ဂျာမနီက အများဆုံးသွားတာ။ ပြီးရင် စပိန်၊ အီတလီ အဲဒီလိုသွားတာ" ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။ လက်ရှိတွင်အထည်ချုပ်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် တရုတ်နိုင်ငံမှ အများဆုံးဝင်ရောက်နေပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071