Sunday, December 22, 2024

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရိုဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုးလက္ခာ...

မြန်မာနိုင်ငံတောင်ပိုင်း၊ ကရင်ပြည်နယ်၊ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရို ဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုး လက္ခာ ဖြစ်ပွားသူမရှိသေးကြောင်း ဒေသတွင်း မြေပြင်စောင့်ကြည့်နေသူ လူမှုကူညီကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ယနေ့တွင် ပေါ်ပြူလာနယူးစ်သို့...

ရန်ကုန်တွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဟု MEODA...

ဈေးကွက်အတွင်း စားသုံးဆီများကို အိမ်အရောက်ပို့စနစ်နှင့် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက...

ယခုနှစ် အကောင်းဆုံး E-sport နိုင်ငံဆုတွင်...

နိုင်ငံတကာ Esport အဖွဲ့ချုပ် (IESF)၏ ယခုနှစ် အကောင်းဆုံး Esport နိုင်ငံဆုတွင် မြန်မာနိုင်ငံမှ Myanmar Electronic Sports Federation...

ပနားမားတူးမြောင်းကို ပြန်လွှဲပေးရန် တောင်းဆိုမည်-ထရမ့်ပ်

ပနားမားတူးမြောင်း အသုံးပြုခ ကို ကောက်ခံသည့်နှုန်းထားများသည် မြင့်မားလွန်းသည်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က စနေနေ့တွင် စွပ်စွဲပြောကြားလိုက်ပြီး ပနားမားအစိုးရအနေဖြင့် တူးမြောင်း ဖြတ်သန်းခကို လက်ခံနိုင်လောက်သည့်...
HomeInternationalသံတမန်ဆက်ဆံရေးရွှေရတု မတိုင်မီစင်္ကာပူနှင့်လာအိုတို့ပူးပေါင်းဆောင်ရွက်ရေး ခိုင်မြဲစေရန်ကြိုးပမ်းမည်

သံတမန်ဆက်ဆံရေးရွှေရတု မတိုင်မီစင်္ကာပူနှင့်လာအိုတို့ပူးပေါင်းဆောင်ရွက်ရေး ခိုင်မြဲစေရန်ကြိုးပမ်းမည်

သံတမန်ဆက်ဆံရေးရွှေရတု မတိုင်မီစင်္ကာပူနှင့်လာအိုတို့ပူးပေါင်းဆောင်ရွက်ရေး ခိုင်မြဲစေရန်ကြိုးပမ်းမည်

စင်္ကာပူ၊စက်တင်ဘာ ၂၈

စင်္ကာပူနှင့်လာအိုနိုင်ငံတို့သည် ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးသာမက မြို့ပြစီမံကိန်းနှင့်ထောက်ပံ့ပို့ဆောင်ရေး အပါအဝင်နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကိုခိုင်မာအားကောင်း အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်လီရှန်လွန်းက စက်တင်ဘာ ၂၈ ရက်တွင်ပြောကြားခဲ့သည်။

စင်္ကာပူနိုင်ငံသို့တရားဝင်လာရောက်လည်ပတ်‌နေသော လာအိုဝန်ကြီးချုပ် မစ္စတာ Phankham Viphavanh အား ဂုဏ်ပြုသည့်အနေဖြင့် နေ့လည်စာနှင့်ဂုဏ်ပြုမိန့်ခွန်းပြောကြားဧည့်ခံခဲ့သည်။လာအိုဝန်ကြီးချုပ်၏ခရီးစဉ်သည် ၂၀၂၄ ခုနှစ်တွင် အရေးကြီးသောမှတ်တိုင်တစ်ခုသို့ရောက်ရှိမည့် လာအိုနှင့်စင်္ကာပူတို့၏သံတမန်ဆက်ဆံရေးနှစ် ၅၀ ပြည့်အထိမ်းအမှတ်မတိုင်မီ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံစွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ရာသီဥတုပြောင်းလဲမှုနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ လက်ရှိသဘောတူညီချက်ကိုလည်း သက်တမ်းတိုးခဲ့ကြောင်း မစ္စတာလီကပြောကြားခဲ့သည်။

အသိပညာနှင့်ကျွမ်းကျင်မှုများအပြန်အလှန်ဖလှယ်ရာတွင် လွယ်ကူချောမွေ့စေပြီး နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများအတွက် တိုးတက်မှုအခွင့်အလမ်းများဖန်တီးပေးမည်ဖြစ်ကြောင်း၎င်းကဆိုသည်။အဆိုပါသဘောတူညီချက်များသည် နှစ်နိုင်ငံစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း၎င်းကပြောကြားခဲ့သေးသည်။

စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုအပြင် နှစ်နိုင်ငံသည်မြို့ပြစီမံကိန်းနှင့် ထောက်ပံ့ပို့ဆောင်ရေးအပါအဝင် အခြားနယ်ပယ်များစွာတွင်လည်း အတူတကွလုပ်ဆောင်နိုင်သည်ဟု မစ္စတာလီကပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်တွင် အာဆီယံဥက္ကဌအဖြစ်တာဝန်ယူမည့် လာအိုနိုင်ငံအားပံ့ပိုးကူညီသွားမည်ဟုလည်း မစ္စတာလီက ထပ်မံကတိပြုခဲ့သည်။လာအို၏အာဆီယံဥက္ကဌတာဝန်ကိုပံ့ပိုးပေးမည့် စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များပါဝင်သည့် တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

Source – CNA/vl(ta)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရိုဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုးလက္ခာ ဖြစ်ပွားမှုမရှိဟု ဆို

မြန်မာနိုင်ငံတောင်ပိုင်း၊ ကရင်ပြည်နယ်၊ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရို ဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုး လက္ခာ ဖြစ်ပွားသူမရှိသေးကြောင်း ဒေသတွင်း မြေပြင်စောင့်ကြည့်နေသူ လူမှုကူညီကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ယနေ့တွင် ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ယခု ရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်မြို့သစ်တွင် ဝမ်းပျက်ဝမ်းလျောသူအချို့ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် အခြေခံ၍ မြဝတီမြို့၏ အခြေအနေကို ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်သည်။ "မြဝတီမှာတော့ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်တဲ့သူမရှိပါဘူး။ ကျွန်တော်တို့ကဆေးရုံအမြဲဝင်ထွက်နေတဲ့သူတွေ အသိဆုံးပါ။ ရွှေကုက္ကိုလ်မြို့မှာတော့ အယောက်(၄၀)လောက် ဝမ်းပျက်ဝမ်းလျောနေတဲ့သူတွေ ရှိတယ်လို့ သိရပေမယ့် ဘာကြောင့်ဖြစ်တာလဲတော့မသိဘူး"ဟု ၎င်း သိရှိထားမှုအား ရှင်းပြသည်။ ယင်းနှင့်ပတ်သက်၍ ရွှေကုက္ကိုလ်မြို့အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုထံသို့...

ရန်ကုန်တွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဟု MEODA ဥက္ကဋ္ဌပြော

ဈေးကွက်အတွင်း စားသုံးဆီများကို အိမ်အရောက်ပို့စနစ်နှင့် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက ပြောသည်။ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ယင်းကဲ့သို့ ထိန်းသိမ်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ လက်ရှိတွင် စားသုံးဆီကို အိမ်အရောက်ပို့စနစ်ဖြင့် ပို့ဆောင်ပေးနေသလို ဆီဝယ်ယူခွင့်စာအုပ်များဖြင့်လည်း အိမ်ထောင်စုတစ်စုလျှင် (၃) ပိဿာနှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။ " စားသုံးဆီဈေးက ရန်ကုန်တိုင်းမှာတော့ ကျွန်တော်တို့ တော်တော်လေးကို ထိန်းသိမ်းပြီးတော့...

ယခုနှစ် အကောင်းဆုံး E-sport နိုင်ငံဆုတွင် မြန်မာနိုင်ငံမှ ဒုတိယရရှိ

နိုင်ငံတကာ Esport အဖွဲ့ချုပ် (IESF)၏ ယခုနှစ် အကောင်းဆုံး Esport နိုင်ငံဆုတွင် မြန်မာနိုင်ငံမှ Myanmar Electronic Sports Federation က ဒုတိယဆုရရှိကြောင်း IESF က ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသ ည်။ အကောင်းဆုံး Esport နိုင်ငံဆုတွင် အင်ဒိုနီးရှားနိုင်ငံက အကောင်းဆုံးဆုကို ရရှိခဲ့ပြီး ဆုအတွက်ကြေညာခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ ကျင်းပခဲ့သော IESF World Esports Summit တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆုပေးအပ်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071