Friday, January 17, 2025

နာဂဒေသအား အေးချမ်းသည့်၊ ငြိမ်းချမ်းသည့်ဒေသအဖြစ် အမြဲထိန်းသိမ်းထားရန်လိုအပ်

နာဂဒေသအား အေးချမ်းသည့်၊ ငြိမ်းချမ်းသည့်ဒေသအဖြစ် အမြဲထိန်းသိမ်းထားရန်လိုအပ်သည်ဟု နစက ဒု-ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးမှ ဇန်နဝါရီ ၁၅ ရက်နံနက်ပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊...

မော်လမြိုင်မြို့ SONY ဆိုင်မီးလောင်မှုတွင် တွေ့ရှိခဲ့ရသည့်...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ် ကွက်၊ အောက်လမ်းမကြီးတွင်ဖွင့်လှစ်ထားသည့် SONY ဆိုင်တွင် ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့လည် ၁ နာရီခန့်က...

ပင်လုံမြို့ရှိ နန်းကင်ပူ စေတီထီးတော်တင်ပွဲနှင့် တရားကျင်းပရန်...

ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့ရှိ နန်းကင်ပူစေတီ ထီးတော်တင်ပွဲနှင့် တရားပွဲကျင်းပရန် ယနေ့ ဇန်နဝါရီ(၁၇)ရက်၌ မိုင်းဖုန်းဆရာတော် ကြွချီသွားကြောင်း ဆရာတော်၏ တပည့်သာဝကများထံက သိရသည်။ ယခုကြွချီသည့်ခရီးစဉ်အတွင်း ဆရာတော်အနေဖြင့်...

ဆေးယဉ်ပါး တီဘီမျိုးဗီဇဓာတ်ခွဲစမ်းသပ်မှု နည်းပညာဆိုင်ရာများကို ကိုရီးယားနိုင်ငံမှ...

မြန်မာနိုင်ငံအမျိုးသား တီဘီတိုက်ဖျက်ရေး စီမံကိန်းမှ ပညာရှင်များက ကိုရီးယားနိုင်ငံမှ လာရောက်သော ပညာရှင်များနှင့် ပူးပေါင်း၍ တီဘီဆေးသစ်များ၏ ဆေးယဉ်ပါးမှုနှင့် ဆေးယဉ်ပါးတီဘီမျိုးဗီဇဓာတ်ခွဲစမ်းသပ်မှု နည်းပညာဆိုင်ရာ စာတွေ့လက်တွေ့လုပ်ဆောင်မှုများကို...
HomeNewsLocal Newsသံရည်ကျိုရုံ (၃)ရုံ လည်ပတ်နိုင်ရန်...

သံရည်ကျိုရုံ (၃)ရုံ လည်ပတ်နိုင်ရန် ဆောင်ရွက်နေ

တောင်ကြီးမြို့၌ရှိသည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) တွင် သံစိမ်းထုတ်လုပ်နိုင်ရန်အတွက် အထောက်ကူပေးမည့် သံရည်ကျို အလုပ်ရုံကြီး(၃)ရုံကို လည်ပတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

ယင်း သံရည်ကျို အလုပ်ရုံကြီး (၃)ရုံကို လည်ပတ်နိုင်ရန်လည်း ပြည်ပနိုင်ငံများနှင့် စာချုပ်ချုပ်ဖို့ ညှိနှိုင်းနေကြောင်းလည်း သိရသည်။

လက်ရှိတွင် အမှတ်(၂)သံမဏိ စက်ရုံ (ပင်းပက်)၌ သံရည်ကျို မည့်စက်ရုံအပါအဝင် အလုပ်ရုံခွဲ (၂၂) ရုံရှိနေပြီး ယင်းအနက် အလုပ်ရုံ (၁၉)ရုံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့ကပင် စမ်းသပ်လည်ပတ်နေကြောင်း သိရသည်။

ကျန်ရှိသည့် သံရည်ကျို(၃)ရုံသာ လည်ပတ်နိုင်ပါက အလုပ်ရုံခွဲ (၂၂) ရုံလုံး လည်ပတ်နိုင်ပြီဖြစ်ကာ သံစိမ်းထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းမှ ထွက်ရှိလာသည့် သံစိမ်းများကို အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)ကို ပို့ဆောင်မည် ဖြစ်ကာ ထိုမတစ်ဆင့် သံမဏိအချောင်းများ ထုတ်လုပ်မည် ဟုလည်း သိရသည်။

အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)တွင် သံ၊ သတ္တုရိုင်း တန်ချိန် သန်း (၇၀) ကျော် ထွက်ရှိမည်ဖြစ်ပြီး တစ်နှစ်လျှင်တန်ချိန် (၂) သိန်းထုတ်လုပ်နိုင်မှာဖြစ်ကာ လက်ရှိ၌လည်း နည်းပညာများ ထောက်ပံ့နိုင်ရန်အတွက် ပြည်ပပညာရှင်များနှင့် မြန်မာနိုင်ငံမှ ပညာရှင်များပူးပေါင်းပြီး စစ်ဆေးပြုပြင် စမ်းသပ်လည်ပတ်မှုများ ဆက်လက်လုပ်ဆောင်သွားနေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နာဂဒေသအား အေးချမ်းသည့်၊ ငြိမ်းချမ်းသည့်ဒေသအဖြစ် အမြဲထိန်းသိမ်းထားရန်လိုအပ်

နာဂဒေသအား အေးချမ်းသည့်၊ ငြိမ်းချမ်းသည့်ဒေသအဖြစ် အမြဲထိန်းသိမ်းထားရန်လိုအပ်သည်ဟု နစက ဒု-ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးမှ ဇန်နဝါရီ ၁၅ ရက်နံနက်ပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ နာဂဒေသသည် တည်ငြိမ်အေးချမ်းသည့်ဒေသဖြစ်၍ ကဏ္ဍအလိုက်လိုအပ်သည်များကို နိုင်ငံ တော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည် ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ငန်း(၈၂)ခု၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်း(၁၅၈) ခုဖြင့် နာဂဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု ပြောသည်။ " ဆူပူသောင်းကျန်းမှုတွေမရှိတဲ့ အေးချမ်းတဲ့ဒေသတွေမှာ မိသားစုအကျိုး၊ ရပ်ရွာအကျိုး၊...

မော်လမြိုင်မြို့ SONY ဆိုင်မီးလောင်မှုတွင် တွေ့ရှိခဲ့ရသည့် ငွေကျပ်သိန်း(၃၀၀)ခန့်နှင့်ရွှေထည်ပစ္စည်းအချို့ကို ပိုင်ရှင်ထံပြန်အပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ် ကွက်၊ အောက်လမ်းမကြီးတွင်ဖွင့်လှစ်ထားသည့် SONY ဆိုင်တွင် ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့လည် ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဘိုဘိုဝင်း လူမှုကူညီရေးအဖွဲ့တို့ထံမှ သိရသည်။ ထိုသို့ မီးလောင်ကျွမ်းခဲ့သဖြင့် မော်လမြိုင်ခရိုင်/မြို့နယ်/နယ်မြေမီးသတ်စခန်းများမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက တစ်နာရီကျော်ကြာ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် မွန်းလွဲ ၂ နာရီ ၁၁ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးငြိမ်းသွားပြီးချိန်၌ ပျက်စီးမှုများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ရှင်းလင်းမှုများပြုလုပ်ရာ ဆိုင်အတွင်း၌ မီးလောင်ကျွမ်းခြင်းမရှိဘဲကျန်ခဲ့သည့် မီးခံသေတ္တာအတွင်းမှ ငွေကျပ်သိန်း(၃၀၀)ခန့်နှင့် ရွှေထည်ပစ္စည်းအချို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း...

ပင်လုံမြို့ရှိ နန်းကင်ပူ စေတီထီးတော်တင်ပွဲနှင့် တရားကျင်းပရန် မိုင်းဖုန်းဆရာတော် ကြွချီ

ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့ရှိ နန်းကင်ပူစေတီ ထီးတော်တင်ပွဲနှင့် တရားပွဲကျင်းပရန် ယနေ့ ဇန်နဝါရီ(၁၇)ရက်၌ မိုင်းဖုန်းဆရာတော် ကြွချီသွားကြောင်း ဆရာတော်၏ တပည့်သာဝကများထံက သိရသည်။ ယခုကြွချီသည့်ခရီးစဉ်အတွင်း ဆရာတော်အနေဖြင့် ပင်လုံမြို့ရှိ နန်းကင်ပူစေတီ ထီးတော်တင်ဆက်ကပ်တင်လှူပွဲအပြင် ပင်လုံမွေတော်ကျောင်း၊ နောင်လှိုင်အထွက် ပန်ကန်ရွာတို့ ရှိ စေတီများကိုလည်း ထီးတော်တင်လှူသွားရန်ရှိကြောင်းနှင့် ဒေသခံများကိုလည်း တရားဟောကြားသွားရန်ရှိကြောင်း သိရသည်။ "ဆရာတော် ပင်လုံဘက်သွားမယ့် ခရီးစဉ်ရှိတာတော့ကြားထားတယ်။ ဘယ်လိုကြွမလဲဆိုတာတော့မသိရသေးဘူး။ ဆရာတော်ကို ဖူးချင်တဲ့သူတွေ စောင့်ပြီးဖူးကြမယ်လို့တော့ကြားထားပါတယ်"ဟု တောင်ကြီး‌မြို့ ဒေသခံတစ်ဦးက ပြောသည်။ ဆရာတော်အနေဖြင့် ဇန်နဝါရီ (၁၅)ရက်နှင့် (၁၆) ရက်တို့၌ တောင်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071