Looking for something?

Explore the website

Looking for something?

Friday, March 14, 2025

MNL-2 တန်းတက်ရေး ဟက်ထရစ်ဂိုးများဖြင့် တာထွက်လှခဲ့သည့်...

MNL-2 သို့ တန်းတက်ရေးအတွက် MNL II Promotion Amateur Club Tournament 2025 အုပ်စု(က)ပွဲဦးထွက် ပွဲစဥ်များကို ယနေ့...

လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်းပေးရမည့်ကိစ္စဖြစ်၍ အလေးထားဆောင်ရွက်ရန်...

လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်းပေးရမည့်ကိစ္စဖြစ်၍ အလေးထားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၄ ရက်နံနက်ပိုင်းက လှိုင်သာယာမြို့နယ်ရှိ...

တာချီလိတ်မြို့တွင် သင်္ကြန်ကာလ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး...

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် သင်္ကြန်ကာလယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ကယ်မောင်းနှင်သူများအား ကြိုတင်အသိပညာပေးခြင်းကို ယနေ့မတ်လ (၁၄)ရက်မှစတင်၍ (၃) ရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီး၊ ပညာပေးကာလကျော်လွန်ပါက မော် တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေဖြင့် အရေး...

အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ...

အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်တို့အား အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ကသီးခြား စီ အသီးသီး သွားရောက် တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန၏...
HomeNewsLocal Newsသွင်းကုန်လုပ်ငန်းရှင်များအား တရုတ်ယွမ် (၁၀)...

သွင်းကုန်လုပ်ငန်းရှင်များအား တရုတ်ယွမ် (၁၀) သန်း ရောင်းချပေးမည်

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေး ဈေးကွက်တွင် သွင်းကုန်လုပ်ငန်းရှင်များအား တရုတ်ယွမ် (၁၀) သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၊ ဘတ်နှင့် ယွမ်များကို ဆက်တိုက်‌ထုတ်ရောင်းပေးထားသည်။

ယင်းတွင် ဗဟိုဘဏ်မှ ယခုထပ်မံထုတ်ရောင်းပေးသည့်တရုတ်ယွမ် (၁၀) သန်းအပါအဝင် သွင်းကုန်လုပ်ငန်းရှင်များနှင့် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဇန်နဝါရီလ (၂) ရက်မှ (၃၁) ရက်အထိ ဒေါ်လာ (၁၇၃) သန်းကျော်၊ ထိုင်းဘတ် (၉) သန်းနီးပါး၊ တရုတ်ယွမ် (၁၅) သန်းကျော် ထုတ်‌ရောင်းပေးထားသည်။

ယမန်နေ့တွင် ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း (၂၀) ထပ်မံရောင်းချပေး၍ ယခုဇန်နဝါရီလအတွင်း ဒေါ်လာ (၁၇၃) သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ထို့ပြင် ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၉) ရက်အထိ လေးလအတွင်း ဒေါ်လာ (၃၃ ၅) သန်းကျော်၊ ထိုင်းဘတ် (၁ ဒသမ ၂၇၄) ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၆)သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည့်အပြင် ယခုဘဏ္ဍာနှစ် (၇)လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ(၁)ဘီလီယံ သီးသန့်ထုတ်ရောင်းပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MNL-2 တန်းတက်ရေး ဟက်ထရစ်ဂိုးများဖြင့် တာထွက်လှခဲ့သည့် Enjoy Brother အသင်း

MNL-2 သို့ တန်းတက်ရေးအတွက် MNL II Promotion Amateur Club Tournament 2025 အုပ်စု(က)ပွဲဦးထွက် ပွဲစဥ်များကို ယနေ့ မတ်လ (၁၄)ရက်၌ ယှဉ်ပြိုင်ကစားကြရာ W United အသင်းနှင့် Enjoy Brother အသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲစဥ်၌ Enjoy Brother အသင်းက သွင်းဂိုး (၄)ဂိုးပြတ်သွင်းယူ၍ အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။ ပွဲစဉ်အတွင်း Enjoy Brother အသင်း၏ လက်ရွေးစင်ကစားသမားဟောင်းတစ်ဦးဖြင့်သည့် ကျောနံပါတ်(၈၈) ဝတ်ဆင်ကစားသည့် နေလင်းထွန်းက ဟက်ထရစ်ဂိုးနှင့် ကျောနံပါတ်(၁၉)ဝတ်ဆင်ကစားသည့် ချစ်လှအောင်၏...

လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်းပေးရမည့်ကိစ္စဖြစ်၍ အလေးထားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်းပေးရမည့်ကိစ္စဖြစ်၍ အလေးထားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၄ ရက်နံနက်ပိုင်းက လှိုင်သာယာမြို့နယ်ရှိ လှိုင်သာယာဘုရင့်နောင်ပြည်သူ့ပန်းခြံအားကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ လှိုင်သာယာမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ လျှပ်စစ်မီးတိုင်များစနစ်တကျရှိစေရေး ဆောင်ရွက်ရာ၌ လုပ်ငန်းဆောင်ရွက်မှုများမှာ လိုအပ်ချက်များရှိနေ၍ ရေထွက်စနစ်များ စနစ်တကျကောင်းမွန်စေရန် ရေနုတ်မြောင်းများ၊ တံတားများကို သတ်မှတ်ချက်များနှင့်အညီ ရေစီးရေလာကောင်းမွန်အောင် ပြန်လည်ပြုပြင်ဆောင်ရွက်ရမည်ဟု မှာကြားသည်။ " လှိုင်သာယာမှာ ရေစီးရေလာကောင်းမွန်ရေးဟာ အဓိကဖြေရှင်းဆောင်ရွက်ပေးရမယ့်ကိစ္စတစ်ခုဖြစ်တာကြောင့် အလေးထားဆောင်ရွက်ရပါမယ်။ တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ ရေဝင်ရေထွက်ကောင်းမွန်ရပါမယ်။ မိုးရာသီမရောက်ခင် ရေစီးရေလာကောင်းမွန်စေဖို့နဲ့ ရေထွက်ပေါက်တွေစနစ်တကျ ဖြစ်အောင်ဆောင်ရွက်ရပါမယ်"ဟု နစက...

တာချီလိတ်မြို့တွင် သင်္ကြန်ကာလ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး (၃)ပြုလုပ်၊ ပညာပေးကာလကျော်လွန်ပါက အရေးယူမှုများ လုပ်ဆောင်မည်

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် သင်္ကြန်ကာလယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ကယ်မောင်းနှင်သူများအား ကြိုတင်အသိပညာပေးခြင်းကို ယနေ့မတ်လ (၁၄)ရက်မှစတင်၍ (၃) ရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီး၊ ပညာပေးကာလကျော်လွန်ပါက မော် တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေဖြင့် အရေး ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ မတ်လ (၁၄) ရက်နေ့ နံနက်ပိုင်းအချိန်တွင် ပြုလုပ်သည့် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဗိုလ်ချုပ်လမ်းမကြီတစ်လျှောက် ပြုလုပ်ခဲ့ကြကြောင် သိရသည်။ အသိပညာပေးရာ၌ သင်္ကြန်ကာလ မော် တော်ဆိုင်ကယ် မောင်းနှင်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်မတော်တဆမှုများမှ ကာကွယ်ရန် ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းကြရန်နှင့် မေးသိုင်းကြိုးအား စနစ်တကျတပ်ဆင်ရန်၊ နှစ်ဦးထက်ပိုမို စီးနှင်းခြင်းမပြုရန်အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071