အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် နိုင်ငံရေး၊ အားကစား၊ ဖျော်ဖြေရေး၊ နိုင်ငံသားအခွင့်အရေး၊ LGBT အရေးနှင့် သိပ္ပံပညာတို့တွင် နာမည်အကျော်ကြားဆုံးသူ ၁၉ ဦးကို စနေနေ့က အိမ်ဖြူတော်၏ အရှေ့ပိုင်းခန်းမတွင် လွတ်လပ်ရေး သမ္မတဆုတံဆိပ် ကို ချီးမြှင့်အပ်နှင်းခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟစ်လာရီကလင်တန်သည် သူ၏ ဆုတံဆိပ်ကို လက်ခံရယူစဉ်တက်ရောက်လာသူများက မတ်တပ်ရပ်ကာ ဂုဏ်ပြုခဲ့ကြသည်။ အခမ်းအနားကို သူနှင့်အတူ ခင်ပွန်းဖြစ်သူ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ သမီးဖြစ်သူ ချယ်လ်ဆီးကလင်တန်နှင့် မြေးများလည်း တက်ရောက်ခဲ့ကြသည်။ ဒီမိုကရက်တစ်တစ်ဦးဖြစ်သော ပရဟိတသမား ဂျော့ဆိုရော့စ်နှင့် သရုပ်ဆောင်ဒါရိုက်တာဖြစ်သော ဒန်ဇယ်ဝါရှင်တန်တို့သည်လည်း အိမ်ဖြူတော်အခမ်းအနားတွင် နိုင်ငံ၏ အရပ်ဖက်အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခံခဲ့ရသည်။
ယဉ်ကျေးမှုနှင့် အမေရိက၏ အကြောင်းရင်းကို ပုံဖော်ရာတွင် သူတို့၏ မြင့်မြတ်သော အားထုတ်မှု၊ မြင့်မြတ်သောကြိုးပမ်းမှုများလုပ်ခဲ့သော ထူးကဲသည့် လူတစ်စုကို လွတ်လပ်မှုဆိုင်ရာ ဆုတံဆိပ်ကို သမ္မတတစ်ဦးအနေဖြင့် နောက်ဆုံးအကြိမ်အဖြစ် ဂုဏ်ယူစွာ ချီးမြှင့်ပေးအပ်ပါကြောင်း အခမ်းအနားအဖွင့်မိန့်ခွန်းတွင် ဘိုင်ဒင်က ပြောကြားခဲ့သည်။
“ကျေးဇူးတင်ပါတယ် ဒီနိုင်ငံကို ကူညီပေးခဲ့သမျှအတွက် ခင်ဗျားတို့တစ်ယောက်ချင်းဆီကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်” ဟု ဘိုင်ဒင်က ပြောဆိုခဲ့သည်။
Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်