လက်ရှိ အနုပညာလောကမှာတော့ အနုပညာရှင်တွေ ကိုယ်စီက ဝါသနာပါရာ အနုပညာအပြင် စီးပွားရေးပိုင်းကိုပါ လက်လှမ်းလို့ လုပ် ကိုင်နေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သဘင်ပိုင်းမှ အနုပညာရှင်တွေလည်း ဇာတ်သဘင် ပိုင်းအပြင် အခြားစီးပွားရေး တစ်ခုခုကိုပါ လုပ် ဆောင်သွားဖို့ စိတ်ဆန္ဒတွေ ရှိနေမလားဆိုတာလည်း ပရိသတ် တွေ သိချင်နေကြမှာပါ။ ဒါကြောင့်လည်း စံပြသဘင်ကို ဦးစီးဦးဆောင်ပြုရင်း ဇာတ်သဘင် လောကကို ပိုမိုမြင့်မားအောင် လုပ်ဆောင်နေတဲ့ ဟန်ဇာမိုးဝင်းကို အခြားစီးပွားရေး လုပ်ဖြစ်ဦးမလားလို့ မေးတော့ ..
” ကျွန်တော်စီးပွားရေးလုပ်မယ်ဆိုရင်တောင်မှ ဇာတ်သဘင်နဲ့ ပတ်သက်တဲ့ စီးပွားရေးမျိုးပဲ လုပ်ဖြစ်မှာပါ။ အပြင်အလုပ်ဖြစ်တဲ့ ကုမ္ပဏီထာင်ဖို့ ဆိုတာ ကတော့ ကျွန်တော်မကျွမ်းကျင်ပါဘူး။ အဲဒီ အလုပ် လုပ်မယ်ဆိုရင်တောင် ကျွန်တော်သေချာကြီး ၃၊ ၄နှစ်လောက် သွားလေ့လာပြီး သင်ယူရပါဦး မယ်။ ဒါပေမဲ့ ကျွန်တော်တို့ အသက်တွေကငယ်သွားတာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့Long Time plan တွေအတွက်ကိုလည်း ကျွန်တော်တို့ စဉ်းစားရမယ်” လို့ ဟန်ဇာမိုးဝင်းက ပြောပြပါတယ်။ သဘင်မင်းသား တစ်ယောက်က ဇာတ်ရဲ့ဦးစီးတစ်ယောက်လည်း ဖြစ် တဲ့အတွက် တစ်ခုခုလုပ်ဖို့ဆိုရင် ဇာတ်သူဇာတ်သား တွေအားလုံးကို ပြန်ငဲ့ရတာတွေလည်းရှိပါတယ်။ ဟန်ဇာမိုးဝင်းဆိုရင်လည်း ရုပ်ရှင်မင်းသားတစ်ယောက် အနေနဲ့ ဇာတ်ကားတွေများစွာ ရိုက်ကူးခဲ့ပေမယ့် လည်း ရုပ်ရှင်ရိုက်ကူးတဲ့အချိန်တွေမှာ ဇာတ်ကို နားထားရတာဖြစ်တဲ့အတွက် ဇာတ်အဖွဲ့ကို ပြန်ငဲ့ကြည့်ရင်းနဲ့ နောက်ပိုင်းမှာ ဇာတ်ကားတွေကို ထပ်မံမရိုက်ကူးဖြစ် တော့ခြင်းပဲ ဖြစ်ပါတယ်။
” ကျွန်တော့်အနေနဲ့ ပွဲတွေ နားနားပြီး ဇာတ်ကား ရိုက်ကူးနေရင်ရတယ်။ သို့သော် ကျွန်တော်က ဟိုဘက် ကို တကယ်လုပ်မှာလား၊ ဒီဘက်ကို တကယ်လုပ်မှာလား ဆိုပြီးဖြစ်ခဲ့တာမျိုးတွေရှိတယ်။ဟိုဘက်ကိုပဲ ခြေချ လိုက်ရင်ကောင်းမလား။ ဒီဘက်ကိုပဲ ငါခြေချလိုက်ရင် ကောင်းမလားပေါ့။ အဲဒီအချိန်မှာ ကျွန်တော် ပြန်ငဲ့ ရတယ်။ ရုပ်ရှင်ဘက်ကိုသွားရင် ကျွန်တော်တစ် ယောက်တည်းသွားရမှာ။ ဒီဘက်က လူ၇ဝကျော် ၈ဝ ကျော်ကို ကျွန်တော် ထားခဲ့ရမယ်။ အဲဒီတော့ဒီဘက်မှာပဲ ကျွန်တော်အခြေချလိုက်တဲ့အတွက် ဒီလူ ၇ဝ ကျော် ၈ဝေ ကျာ်ကို ၁ဝစုနှစ်တစ်ခုကျွန်တော်လုပ်ပေးနိုင်ခဲ့ တယ်။ အဲဒီအတွက်ဟိုဘက်က ကျွန်တော့်ရဲ့ Plan တွေကို ဖျက်သိမ်းလိုက်ရတယ်။ ဒါပေမဲ့ ကျွန်တော်ဝမ်းမနည်းပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့် ရဲ့မိသားစုနဲ့ ဇာတ်သဘင်အတွက် ကျွန်တော်ရှိနေတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ အဖွဲ့သူ၊ အဖွဲ့သားတွေ အတွက် ကျွန်တော်ရပ်တည်ပေးနိုင်ခဲ့တယ်။ ကျွန်တော့်ရဲူ့င်နမှာတော့ ရုပ်ရှင်မင်းသားတစ် ယောက်မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့အဖွဲ့အတွက် ခေါင်းဆောင် တစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ ကျွန်တော် ရပ်တည်ပေးခဲ့တယ်။ အတူတူပါပဲ။ ကျွန်တော်ကျေနပ်ပါတယ်” လို့ သဘင်နဲ့ ရုပ်ရှင် သူ့ရဲ့ ရွေးချယ်ခဲ့မှုနဲ့ ပတ်သက်လို့ ဟန်ဇာမိုးဝင်းက ပြောပြပါတယ်။
လင်းအက္ခရာ