ဟနွိုင်း၊မတ် ၂၆
ဗီယက်နမ်နိုင်ငံ၌ SpaceX ကုမ္ပဏီ၏ စတားလင့်ခ်ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကိုိုနိုင်ငံအတွင်း အစမ်းသဘောဖြင့်စတင်လုပ်ဆောင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။
အဆိုပါလုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံခြားပိုင်ဆိုင်မှုကို ကန့်သတ်ထားခြင်းမရှိကြောင်းလည်း အစိုးရဘက်ကပြောကြားခဲ့ပြီး စမ်းသပ်ခွင့်ပြုကာလသည် ၂၀၃၀ ပြည့်နှစ်ကုန်အထိကြာမြင့်မည်ဖြစ်ကြောင်းကိုလည်းပြောကြားခဲ့သည်။
အမေရိကန်အင်တာနက်ကုမ္ပဏီကို ဗီယက်နမ် နိုင်ငံတွင်း၌ ယခုကဲ့သို့ လုပ်ဆောင်ခွင့်ပြုလိုက်ခြင်းသည် ဗီယက်နမ်အနေဖြင့် အမေရိကနှင့်ထိပ်တိုက်ရင်ဆိုင်ရမည့် အခွန်စည်းကြပ်မှုဒဏ်ကို ရှောင်ရှားလိုခြင်းလည်းပါဝင်လိမ့်မည်ဟုလေ့လာသုံးသပ်သူအချို့ကသုံးသပ်ပြောကြားလျှက်ရှိကြသည်။
SpaceX အနေဖြင့်မူ ဗီယက်နမ်နိုင်ငံ၌ ၎င်း၏လုပ်ငန်းကိုစတင်ရန် လိုင်စင်လျှောက်ထားခြင်းရှိ၊ မရှိကိုလည်း ရှင်းရှင်းလင်းလင်းမသိရသေးပေ။စတားလင့်ခ်သည် ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်ပေါင်း ၁၂၀ ကျော်တွင် လုပ်ငန်းလည်ပတ်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်ဟုလည်းသိရသည်။
Source : ရိုက်တာ