ဟားမတ်စ်ရဲ့ အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုမျိုးကြုံလာခဲ့ရင် သူ့အနေနဲ့လည်း အစ္စရေးတို့ လုပ်ခဲ့သလိုမျိုး တုန့်ပြန်မှာဖြစ်ပေမယ့် နိုင်ငံတကာထောက်ခံမှုတွေ ဆုံးရှုံးလာနေတဲ့ အစ္စရေးအနေနဲ့ ဂါဇာရှိ အုပ်စုအပေါ် စစ်ဆင်နေခြင်းကို အဆုံးသတ်သင့်ပြီလို့ ရီပတ်ဘလီကန် သမ္မတကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့် ပြောဆိုပါတယ်။
အစ္စရေးတောင်ပိုင်းတခွင်မှာ ဟားမတ်စ်တွေရဲ့ သ-တ်ဖြ-တ်ခဲ့မှုတွေဟာ မိမိ မြင်တွေ့ဖူးသမျှ ဝမ်းနည်းစရာအကောင်းဆုံးဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ ထရန့်က ဆိုခဲ့သလို သင်တို့ရဲ့ စစ်ပွဲကို ပြီးအောင်လုပ်ရမယ်၊ အဆုံးသတ်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။
အစ္စရေးသတင်းစာ Israel Hayom နဲ့ အင်တာဗျူးမှာ အမေရိကန်သမ္မတဟောင်းက ယင်းကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်ပြီး အင်တာဗျူး ဗီဒီယိုဖိုင်တစ်ခုကိုလည်း သတင်းစာရဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုမှ အစပြုပေါ်ပေါက်လာတဲ့ ဂါဇာစစ်ပွဲ တစ်နှစ်ခွဲနီးပါးကြာလာပြီဖြစ်ကာ ဟားမတ်စ်အဖွဲ့ကို မချေမှုန်းနိုင်မချင်း၊ ဓ-ါးစာခံတွေ မလွတ်မချင်း ၎င်းတို့ရဲ့ ထိုးစစ်ကို ဆက်လုပ်သွားမှာဖြစ်တယ်လို့ အစ္စရေးက ပြောဆိုထားပါတယ်။
အစ္စရေးဟာ ပါလက်စတိုင်းစစ်ရှောင် တစ်သန်းကျော် ခိုလှုံနေရာ ဂါဇာတောင်ပိုင်း ရာဖာမြို့တွင်းထိ ၎င်းရဲ့ စစ်ဆင်ရေးကို တိုးချဲ့ဆောင်ရွက်ဖို့ ရည်ရွယ်ထားပြီး ဒီလိုလုပ်ခဲ့ရင် အမှားတစ်ခုဖြစ်လာလိမ့်မယ်လို့ ပြောဆိုထားတဲ့ ဘိုင်ဒင်အစိုးရအဖွဲ့နဲ့ အကွဲအပြဲဖြစ်လာစေခဲ့ပါတယ်။
တနင်္လာနေ့မှာ ကုလလုံခြုံရေးကောင်စီရဲ့ ဂါဇာအပစ်ရပ်စဲရေး တောင်းဆိုတဲ့ အဆိုပြုချက်ကို အမေရိကန်က ဗီတိုသုံး ပယ်ချခြင်းမလုပ်ခဲ့တာကြောင့် ရာဖာစစ်ဆင်ရေး အစီအမံနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ရာ ဝါရှင်တန်ကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်တော့မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်နေတန်ယာဟုက တုန့်ပြန်ခဲ့ပါတယ်။
ဟားမတ်စ်တို့ရဲ့ မဆင်မခြင်တိုက်ခိုက်မှုမှာ သူ့မိသားစုပါ သားကောင်ဖြစ်ရတာမျိုးဆိုရင် ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့အမေးကို ထရန့်က တုန့်ပြန်ရာမှာတော့ “ခင်ဗျားတို့ လုပ်သလိုပဲ ကျွန်တော်လည်း အတော်များများ လုပ်ဖြစ်မယ်လို့ ပြောရမှာပဲ၊ ရူးနေရင်တော့ အဲလိုလုပ်မှာ မဟုတ်ဘူးပေါ့၊ ဒါက ကြောက်လန့်စရာ တိုက်ခိုက်မှုပါ” လို့ သူက ဆိုခဲ့ပြီး အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့တော့ မပြောကြဘဲ အစ္စရေးရဲ့ ရန်လိုမှုအကြောင်းပဲ ပြောနေကြတဲ့ လူတွေကို တွေ့ရတိုင်း သူ စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်က အစ္စရေးနယ်မြေအတွင်း ဟားမတ်စ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၂၀၀ ေ-သဆုံးခဲ့ကာ ၂၅၀ ကျော် ဓ-ါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။ ယင်းနောက် အစ္စရေးက ဂါဇာထိုးစစ်စတင်ခဲ့ရာမှာ လက်ရှိအထိ ေ-သဆုံးသူ ၃၂၀၀၀ ကျော်ရှိခဲ့ပြီလို့ ဟားမတ်စ်အုပ်ချုပ်မှုအောက်ရှိ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြောဆိုပါတယ်။
Ref: MEMO