ဟောင်ကောင်၊မတ် ၂၉
ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီရန်အတွက် မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ဒေသများသို့ အင်အား ၅၁ ဦးပါ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို စနေနေ့ကစေလွှတ်ခဲ့ကြောင်းသိရသည်။
အဆိုပါအဖွဲ့တွင် လုံခြုံရေးဗျူရိုမှအရာရှိများ၊ မီးသတ်ဌာန၊လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ဆေးရုံအာဏာပိုင်တို့ပါဝင်ပြီး ၎င်းတို့နှင့်အတူ ရှာဖွေရေး ခွေးနှစ်ကောင်ကိုလည်းယူဆောင်လာခဲ့သည်ဟုသိရသည်။
HKSAR ၏ အမှုဆောင်အရာရှိချုပ် ဂျွန်လီက ကယ်ဆယ်ရေးမစ်ရှင်အတွက်လာမည့်သူများအား လေဆိပ်အထိလိုက်ပါပို့ဆောင်နှုတ်ဆက်ပြီး အဖွဲ့ကိုယ်စားလှယ်အား အလံပေးအပ်ခဲ့သည်ဟုဆိုသည်။
HKSAR အစိုးရအနေဖြင့် ဟောင်ကောင်ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးထံမှ အကူအညီတောင်းဆိုမှုကြောင့် ကယ်ဆယ်ရေးအဖွဲ့ကိုပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်းလည်း လီကပြောကြားခဲ့သည်။
ဆက်လက်၍လည်း မြန်မာနိုင်ငံ၌ ငလျင်ပြင်းထန်စွာလှုပ်ခတ်ခဲ့သဖြင့် လူေ-သဆုံးမှုများအတွက် ေ-သဆုံးသူများ၏မိသားစုဝင်များနှင့်ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်းလည်းဆိုခဲ့သည်။
Source : ရှင်းဟွာ