အကယ်ဒမီကို ကျွန်တော် ခံယူထားတာကတော့ ဒီလိုလူသိရှင်ကြား၊ တိုင်းပြည်အရှေ့မှာ တကယ့်ပညာရှင်တွေအကြီးအကဲတွေရဲ့ရှေ့မှာ ထူးချွန်တယ်ဆိုတာကို……..
” ကျွန်တော်ရဲ့ သက်ရှိထင်ရှား ရှိနေသေးတဲ့ အဖေနဲ့၊ အမေနဲ့ အတွက်တစ်ဆုစီယူပေးနိုင်ပြီဖြစ်တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါ တယ်။ ဒါ့အပြင် ကျွန်တော့်သားနဲ့ သမီးနှစ်ယောက်အတွက် တစ်ဆုစီယူ ပေးနိုင်တဲ့အတွက်လည်း ဝမ်းသာပါ တယ်။ ပြီးတော့ ကျွန်တော်လေးစား ရတဲ့ ဘဘဗိုလ် ကလေးတင့်အောင်က ဒီလိုနေရာမှာ လက်ဆွဲနှုတ် ဆက်ပြီး ဆက်ကြိုးစားပါလို့ အားပေးစကား ပြောခံရတာကိုလည်း ဂုဏ်ယူပါ တယ်။ အကယ်ဒမီ ကို ကျွန်တော် ခံယူထားတာကတော့ ဒီလိုလူသိရှင် ကြား၊ တိုင်းပြည်အရှေ့မှာ တကယ့် ပညာရှင်တွေ အကြီးအကဲတွေရဲ့ ရှေ့မှာ ထူးချွန်တယ်ဆိုတာကို ထိုက် ထိုက်တန်တန်ဂုဏ်ပြုလိုက်တဲ့ ဆုတစ်ဆုလို့ခံယူထားပါတယ်။ ဒါ့အပြင်ဆက်ပြီးတော့ ကြိုး စားပါ ဆိုတဲ့ တွန်းအားကိုပေးတဲ့ ဆုတစ် ဆုလို့ခံယူထားပါတယ်။၂ဝဝ၉ခုနှစ် မှာ “ဇော်က ကနေသည်” နဲ့ ရတဲ့ဆုတစ် ဆုနဲ့ ကျွန်တော်ကြိုးစားလို့ မကုန်သေးပါဘူး။ အခုနောက်ထပ်တစ်ဆု ရတယ်ဆိုတော့ အများကြီး ဆက်ကြိုး စားသွားမှာပါ။ ကျွန်တော့်ကို ကြိုးစားခွင့်ပေးတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီဇာတ်ကားအတွက်လည်း အများကြီး အကူအညီ အကြံဥာဏ်တွေပေး ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်”
ဓီရာမိုရ်
(တေးဂီတဆု-
လူးရတနာသိုက် ဇာတ်ကား)
ကျွန်တော်တတ်စွမ်းတဲ့ အတတ်ပညာနဲ့တတ်နိုင်တဲ့ဘက်ကနေ ရုပ်ရှင်ဇာတ်ကားကောင်း ပေါင်းများစွာ ထွက်ပေါ်လာအောင်….
” နိုငံတစ်ခု တည်ဆောက်တဲ့ နေရာမှာ တိုးတက်ပြီးတော့ ငြိမ်းချမ်းတဲ့ နိုင်ငံတစ်ခုတည် ဆောက်တဲ့ နေရာမှာ ရုပ်ရှင်ဟာလည်း အဓိက အခန်းကဏ္ကကပါဝင်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန် တော်တတ်စွမ်းတဲ့ အတတ်ပညာနဲ့ တတ်နိုင်တဲ့ဘက်ကနေ ရုပ်ရှင် ဇာတ်ကားကောင်း ပေါင်းများစွာ ထွက်ပေါ်လာအောင် ကြိုးစားသွား မယ်လို့ပြောချင်ပါတယ်”
ဥာဏ်ဝင့်
(တည်းဖြတ်ဆု-ဧဒင်ရဲ့ နတ်သမီး)
ကျွန်တော် ရုပ်ရှင်လောကမှာ နှစ်ပေါင်းလေးဆယ်လောက် ဖြတ်သန်းပြီးချိန်မှာ ပထမဆုံ ချီးမြှင့် ခံရတဲ့ဆုဖြစ်တဲ့အတွက် အရမ်းကိုတန်ဖိုးထားပါတယ်….. ” ကျွန်တော် ရုပ်ရှင်လောကမှာ နှစ်ပေါင်းလေးဆယ်လောက် ဖြတ်သန်းပြီးချိန်မှာ ပထမဆုံချီးမြှင့်ခံရတဲ့ဆုဖြစ်တဲ့အတွက် အရမ်းကို တန်ဖိုးထားပါတယ်။ဝမ်းလည်းသာ ပါတယ်။ ဒါကျွန်တော်တို့ရဲ့ အိမ်မက် ပါ။ ကျွန်တော် အယ်ဒီတာ ဘဝကတည်းက တည်းဖြတ်ဆုကို ကြိမ်ဖန် များစွာ အိမ်မက်မက်ခဲ့ဖူးပါတယ်။လွဲခဲ့ပါတယ် ။ ကျွန်တော် ဒီဆုကိုရတဲ့အတွက် ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနှစ်ပေါင်းလေးဆယ်မှာ ကျွန်တော် နဲ့အတူ ဆိုးတူကောင်းတူ ဖြတ်သန်းခဲ့တဲ့ ကျွန်တော့်ဇနီးဖြူကိုလည် ကျေးဇူးတင်ပါတယ်”
ညွှန့် မြန်မာညီညီအောင် (ဒါရိုက်တာဆု- အုတ်ကြားးမြက်ပေါက်)
ခုလို စင်မြင့်ပေါ်မှာဆုယူခွင့်ရတာဟာ ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး)ရဲ့ ကျေးဇူးကြောင့်ပါ။
” ခုလို စင်မြင့်ပေါ်မှာ ဆုယူခွင့်ရတာဟာ ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး)ရဲ့ ကျေးဇူးကြောင့်ပါ။ ဒီဆုရရှိခဲ့တဲ့အတွက် ကျေးဇူးတင်ထိုက်တဲ့သူတွေအားလုံး ကိုကျေးဇူး တင်ပါတယ်ခင်ဗျာ”
မောင်မြင့်၊အေးမင်း၊အငယ်လေး
(ဓာတ်ပုံဆု-လူးရတနာသိုက်)
မြန်မာရုပ်ရှင်အသံပိုင်းနဲ့ ပတ်သက်ပြီးတော့ ကိုယ်တတ်စွမ်း သလောက်ဆက်လက်
လုပ်ကိုင်သွားပါမယ်….
” ဒီနေ့ မြန်မာရုပ်ရှင်ထူး ချွန်ဆု အခမ်းအနားကို လူကိုယ်တိုင်တက်ရောက်မလာနိုင်ပေမယ့် ကျွန် တော်တို့ ရုပ်ရှင်လောကသားတွေကို မေတ္တာရှေ့ထားပြီးတော့ သဝဏ်လွှာ ပေးပို့ပေးတဲ့ ကျွန်တော် လေးစားချစ် ခင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လည်းကောင်း၊ လူကိုယ် တိုင် တက်ရောက်ပေးတဲ့ ဒုတိယသမ္မ တကြီးနဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးက အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် များအားလုံး၊ နောက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကကြီးများ နဲ့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌကိုလူ မင်း၊ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင် များ၊ ကျွန်တော်တို့ ရုပ်ရှင်ထူးချွန်ဆု အကဲဖြတ်ပေးတဲ့ ဆရာ၊ ဆရာမများ၊ စာနယ်ဇင်းမှ ဆရာ၊ ဆရာမများ အားလုံး၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ အနုပညာရှင်မောင်နှမများ အားလုံး နဲ့ ဒီကနေ့ အခမ်းအနားကို မြန်မာ့ ရုပ်မြင်သံကြားကနေ ကြည့်ရှုနေတဲ့ တစ်ပြည်လုံးက မြန်မာ့ရုပ်ရှင် ချစ်ပရိသတ်ကြီးများအားလုံး စိတ်၏ချမ်း သာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ ကျွန်တော် ပဏာမဂါရဝပြုရင်းနဲ့ နှုတ်ခွန်းဆက် သပါတယ်။ ဒါက ကျွန်တော် ဒုတိယ အကြိမ်ရရှိတဲ့ ဆုဖြစ်တဲ့အတွက် ကျွန်တော်ရဲ့ လက်ဦးဆရာ၊ ကျွန် တော့်ကို အသံပညာရှင် Audio ဖြစ်အောင် မြေတောင်မြှောက်ပေးခဲ့တဲ့ ကိုရဲအောင်ကို ဒီစင်မြင့်ပေါ်ကနေ ဒုတိယအကြိမ် ဂါရဝတရားရှေ့ ထားပြီး ကျေးဇူးတင်ကြောင်း ပြော ကြားလိုပါတယ်။ မှော်ကျောက် စာ မရိုက်ကူးခင်ကတည်းက ကျေးဇူးတင် ထိုက်တဲ့ မီဒီယာ ၇ က ညီငယ်လေး ဝေမင်းမောင်၊ ညီငယ် ထွန်းလွင်စိုး။ သူတို့က ကျွန်တော့်ကို သေချာပြော ပါတယ်။ အစ်ကို စိတ်ကြိုက်လုပ်ပါ။ နောက်ပြီး ဇာတ်ကားကြီးတစ်ခုလုံး ကို ဦးဆောင်သွားတဲ့ ဒါရိုက်တာ ဝင်း ထွန်းထွန်း၊ နောက် ပါဝင်သရုပ် ဆောင်တဲ့ သရုပ်ဆောင်တွေ၊ အဓိက ဇာတ်ညွှန်း ကိုမြင့်ဦးနဲ့ ကျွန်တော် နဲ့အတူတူလိုကေးရှင်းတွေမှာ အမြဲတမ်း ကျွန်တော်တို့ အသံ အဖွဲ့ကို ကူညီပေးတဲ့ ရှုတင်မန်နေဂျာ တွေ၊ ကျွန်တော်ရဲ့ စက်မှုပညာရှင် များအားလုံးကိုလည်း ဒီစင်မြင့်ပေါ် ကနေ ကျေးဇူးတင်ကြောင်းပြော ကြားလိုပါတယ်။
ဒီလိုမျိုးဆုရတာ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရ ရင် ကျွန်တော် တစ်ယောက်တည်း တော်လို့ မဟုတ်ပါဘူး။ ဒါ ပါဝင် သရုပ်ဆောင်တဲ့ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ၊ စက်မှုပညာရှင်တွေ အားလုံး ကောင်းလို့လို့ ကျွန်တော် ခံ ယူပါတယ်။ ဒီလိုပဲ ကျွန်တော့်နောက်ကွယ်က ကျွန်တော့် အင်ဂျင်နီယာ Team ရှိပါတယ်။ ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ပြီးတော့ ထူးထူးခြားခြား ကျေးဇူးတင် စကားပြောချင်တဲ့ အဖွဲ့ တစ်ဖွဲ့ရှိပါတယ်။ အဲဒါကတော့ ကျွန် တော်တို့ မနှစ်က ၂ဝ၁၆ ခုနှစ်မှာ ကျွန်တော်တို့နဲ့ ထိုင်းက ရုပ်ရှင် အဖွဲ့တစ်ဖွဲ့နဲ့ ပေါင်းပြီး နှစ်နိုင်ငံချစ်ကြည်ရေး ” Bangkok To Mandalay ” ဆိုတဲ့ ဇာတ်ကားတစ်ကားဖြင့် ရိုက်ကူးရုံ တင်ပြသပြီးဖြစ်ပါတယ်။ အဲဒီကားမှာ ကျွန်တော်တို့ မြန်မာ သရုပ် ဆောင် နေတိုး၊ စိုင်းစိုင်းခမ်း လှိုင်နဲ့ ဝတ်မှုံရွှေရည် ပါသလို ထိုင်းဘက်က ထိုင်း သရုပ်ဆောင်မလေးလည်း ပါဝင်ပါတယ်။ အခု ဒီကနေ့ အခမ်း အနားကို ကျွန်တော် တို့ရဲ့ မြန်မာ့ရုပ်ရှင်လောကသား တွေကို ချစ်လို့ဆိုပြီးတော့ အဲ ဒီဇာတ်ကား ကြီးကို ရိုက်ကူးခဲ့တဲ့ ဒါ ရိုက်တာနဲ့ သရုပ်ဆောင် မင်းသမီး လေးနဲ့အတူ ဒီဇာတ်ကားကို ပရိုဂျူဆာ တာဝန်ယူ ထားတဲ့သူ။ ဒီမိတ် ဆွေ ၃ ဦးတို့က ဒီအခမ်းအနားကို တက်ရောက်ပေး လို့ ကျွန်တော်တို့ရဲ့ ရုပ်ရှင်လောက သားတွေ ကိုယ်စား ဒီနေရာကနေ ကျေးဇူးတင်စကား ပြောကြားလိုပါ တယ်။ ကျွန်တော့် အနေနဲ့ အသံပိုင်း နဲ့ပတ်သက်ပြီး ကျွန်တော့်ကို ယုံကြည်ပြီးတော့ တာ ဝန်ပေးကြတဲ့ လေးစားချစ်ခင်ရတဲ့ ပရိုဂျူဆာတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါ တယ်။
ကျွန်တော်တို့ စက်မှုပညာ ရှင်တွေကို ဘယ်သူမှမသိပါဘူး။ လိုကေးရှင်းတိုင်း၊ ရှုတင်တိုင်မှာ ကျွန်တော့်အသံအဖွဲ့ကို ကူညီပေးတဲ့ ရှုတင်မန် နေဂျာအဖွဲ့တွေ၊ စက်မှုပညာရှင်အဖွဲ့၊ လိုက်တင်အဖွဲ့၊ ဆက်တင်အဖွဲ့နဲ့၊ ကင်မရာအဖွဲ့နဲ့ ရှုတင်မှာ ဝိုင်းကူကြတဲ့ ကလေး တွေကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ပြီး မြန်မာတစ် ပြည်လုံးက မြန်မာ့ရုပ်ရှင် ချစ်ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားရင်းနဲ့ ကျွန်တော့် အနေနဲ့ မြန်မာရုပ်ရှင်အသံပိုင်းနဲ့ ပတ်သက် ပြီးတော့ ကိုယ်တတ်စွမ်း သလောက် ဆက်လက်လုပ်ကိုင်သွား ပါမယ်လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်”
ကြည်မင်းသိန်း
(အသံဆု-မှော်ကျောက်စာ)
‘အုတ်ကြား မြက်ပေါက်’ဆိုတဲ့အမည်ကို
လူလူ ချင်းနှိမ့်ချတဲ့ နေရာမှာသုံးတဲ့
အသုံးအနှုန်းလို့ မမြင်စေချင်ပါဘူး..
” ဒီဇာတ်ကားနဲ့ပတ်သက်ပြီး တော့ ကျွန်တော် ပထမဆုံးကျေးဇူးတင်ချင်တာက ကျွန်တော်ရဲ့ ဇာတ်ကိုပထမဦးဆုံး ဖန်တီးပေးတဲ့ ဆဲဗင်းဒေးတို့ သားအဖ နှစ်ယောက် ကို ကျေးဇူးတင်ပါတယ်။ နောက်ပြီး ဇာတ်ကိုအကောင်းဆုံး ဖန်တီးပေးတဲ့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်၊ ကျွန်တော့် ညီနေမင်း၊ ပါဝင်သရုပ် ဆောင်ကြတဲ့ နေတိုး၊ ထွန်းထွန်းနဲ့ အပါအဝင် သရုပ်ဆောင်ကြတဲ့သူ အားလုံး၊ ပြီးတော့ ဒီဇာတ်ကား ဖန်တီးနေတဲ့အချိန်မှာ ရုံတင်ဖို့ ကြန့် ကြာတဲ့ကိစ္စတွေကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးတဲ့ ကျွန်တော့်ဇနီး မသီတာကို ကျေးဇူးတင်ပါတယ်။ အားလုံးကျွန်တော်တို့ပြောရမယ်ဆိုရင်လည်း အများကြီးပါ။
ကျွန်တော်တို့ တစ်ခုပြောချင်တာက “အုတ်ကြား မြက်ပေါက်” ဆိုတဲ့ အမည်ကို လူလူချင်းနှိမ့်ချတဲ့ နေရာမှာသုံးတဲ့ အသုံးအနှုန်းလို့ မမြင်စေချင်ပါဘူး။ “အုတ်ကြားမြက်ပေါက်” ဆိုတာ အခက်အခဲတွေကြားထဲကနေ အကောင်းဆုံးတိုးထွက်ပြီး ရှင်သန်ပေါက်ရောက်တဲ့ မြက်ပင်လေးတွေဆိုတဲ့အမြင်ကို မြင်စေချင် ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။
ကိုကျော်လင်းထွန်း
ရွှေစင်ဦး ထုတ်လုပ်ရေး
(ဇာတ်ကားဆု – အုတ်ကြားမြက်ပေါက်)
ပေါ်ပြူလာ