Saturday, January 25, 2025

NSPNC နှင့် နိုင်ငံရေးပါတီများဆက်လက်ပူး ပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကိုဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် နိုင်ငံရေးပါတီများဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို NSPNC နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင်...

အမေရိကန်နှင့် နျူလက်နက်ဖျက်သိမ်းရေး ဆွေးနွေးရန် အသင့်ရှိနေပြီဟု...

မော်စကိုသည် ဝါရှင်တန်နှင့် နျူလက်နက် ဖျက်သိမ်းရေး ဆွေးနွေးမှုများအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး အမေရိကန်၏ မဟာမိတ်များဖြစ်ကြသည့် ဗြိတိန်နှင့် ပြင်သစ်တို့ကိုလည်း ယင်း‌ဆွေးနွေးပွဲအတွက် ထည့်သွင်းစဉ်းစားရန် အဆင်သင့်ရှိကြောင်း...

ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ တည်ထောင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိနေဟုဆို

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်များကို လာရော က်လျှောက်ထားနေကြကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောသည်။ လာရောက်လျှောက်ထားမှုများအရ ယနေ့အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ...

မန်းရွှေစက်တော် ဘုရားပွဲတော်အတွက် တည်းခိုဆောင်အလုံးပေါင်း (၁၄၀)...

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်သို့ လာရောက်ကြမည့် ဘုရားဖူးပြည်သူများအတွက် တည်းခိုဆောင်အလုံးပေါင်း (၁၄၀) ကျော်ထိ တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရသည်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊...
HomePopular Academy2012 Academyအကယ်ဒမီပွဲကြီးကို ဆီးဂိမ်းပွဲကြီးလိုခမ်းနားစေချင်သူ စင်ကာပူနိုင်ငံသား...

အကယ်ဒမီပွဲကြီးကို ဆီးဂိမ်းပွဲကြီးလိုခမ်းနားစေချင်သူ စင်ကာပူနိုင်ငံသား မစ္စတာ ဘရိုင်ယန်နှင့် တွေ့ဆုံခြင်း

7၂ဝ၁၂ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲအခမ်းအနားမှာ အကယ်ဒမီဗန်းကိုင်အနေနဲ့ ဆောင်ရွက်သွားမယ့် ဗန်းကိုင် အလှမယ် ၈ ဦးကို အကယ်ဒမီ မို့မို့မြင့်အောင်နဲ့ အတူ စင်ကာပူ နိုင်ငံသား မစ္စတာ ဘရိုင်ယန်က အနီးကပ်လေ့ကျင့် သင်ကြား ပေးလျက်ရှိပါတယ်။ မစ္စတာ ဘရိုင်ယန်က စင်ကာပူနိုင်ငံမှာ Creative Director တစ်ဦး အနေနဲ့အသက်မွေးလုပ် ကိုင် နေတာဖြစ်ပြီး မြန်မာနိုင်ငံ ကို ရောက်ရှိနေတာကတော့ ၁၇ နှစ်နီးပါးအထိ ရှိနေပြီလို့ သိရပါတယ်။

ဒါကြောင့် မစ္စတာ ဘရိုင်ယန်ကို မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု အခမ်း အနားနဲ့ပတ်သက်ပြီး မေးမြန်း ဖြစ်ခဲ့ပါတယ်။

မေး- ဘာလို့ အကယ်ဒမီဗန်းကိုင်တွေကို အခုလိုလာရောက် သင်ကြားပေးဖြစ်နေတာလဲဆိုတာကို သိချင်ပါတယ်။

► ကျွန်တော့်ကို မမို့ (မို့မို့မြင့် အောင်)က အကူအညီတောင်း လာတဲ့အတွက် ကျွန်တော် လာပြီးတော့ သင်ကြားပေးဖြစ် နေတာပါ။ အဓိကကတော့ မမို့ကပြောတယ်။ အရင် အကယ်ဒမီတွေတုန်းကလို သစ်သားတုံးကြီးတွေလို တောင့် တောင့်ပုံကြီးတွေ မဖြစ်စေချင် တော့ဘူးတဲ့။ အဲဒါကြောင့် သူတို့တွေရဲ့ လမ်းလျှောက် ဟန်အနေအထားတွေကို ပိုယုံကြည်မှုရှိပြီး စမတ်ကျစေဖို့ အတွက်ကို အဓိကသင်ပြပေး သွားပါမယ်။သူတို့ရဲ့ ပြုံးဟန် တွေကအစပေါ့။

မေး- မြန်မာပြည်မှာ နေလာ တာ ၁၇ နှစ်နီးပါးရှိနေပြီ ဆိုတော့ အကယ်ဒမီ ဆုပေးပွဲ အကြောင်း ကို ဘယ်လောက် အထိ သိပါသလဲ။ အကယ်ဒမီပေးပွဲကို ကြည့်ဖူးလား။

► မြန်မာနိုင်ငံမှာ နေတာ ကြာပြီဆိုတော့ ဒီမှာ အကယ် ဒမီဆုပေးပွဲကြီး တစ်နှစ် တစ်ခါ လုပ်တယ်ဆိုတာကိုတော့ ကျွန်တော်သိပါတယ်။ ဒီနှစ် မှာတော့ အကယ်ဒမီဗန်းကိုင် လေးတွေကို မမို့ကနေပြီး ကူညီနိုင်ရင် ကူညီပေးပါဆိုလို့ ကျွန်တော်လာပြီးတော့ ကူညီ ပေးဖြစ်တာပေါ့။ အကယ်ဒမီ ပေးပွဲတွေကိုတော့ ကျွန်တော် ကြည့်ဖူးပါတယ်။ ခမ်းခမ်းနား နားပွဲကြီးတွေပါပဲ။

မေး-အကယ်ဒမီပေးပွဲကို ကြည့်ဖူးထားတာဆိုတော့ ဒီ အကယ်ဒမီပေး ပွဲပုံစံကို ဘယ်လို မြင်ပါသလဲ။ ဒီနှစ်အတွက် အကယ်ဒမီကို ဘယ်လို အကြံပြု ပေးချင်တာရှိပါမလဲ။

► ကျွန်တော်မြင်တာကို ပြော ရမယ်ဆိုရင် ဒီပွဲကြီးက တအား ကို ခမ်းနားလှတဲ့ပွဲ တစ်ခုပါ။ ပြီးတော့ ဒီနိုင်ငံက နာမည်ကျော် သရုပ်ဆောင်တွေနဲ့ အတတ် ပညာ ရှင်တွေ အများကြီးကို တက် ရောက်ဂုဏ်ပြုတာကို တွေ့ရ တယ်။ ကျွန်တော် နိုင်ငံခြား သားတစ်ယောက်အနေနဲ့ ပြော ရရင်တော့ ထင်သာမြင်သာ အရှိဆုံးကတော့ နာမည်ကျော် အနုပညာရှင်တွေ ထိုင်ရတဲ့ထိုင် ခုံတွေပဲ။ထိုင်ခုံတွေက ပလတ်စတစ် ခုံတွေ ဖြစ်နေတယ်။အဲဒါတွေ က မဖြစ်သင့်ဘူးလို့ ထင်တယ်။ပြင်သင့်တယ်။ကျွန်တော် ဆီးဂိမ်း ဖွင့်ပွဲကြီးကိုလည်း ကြည့်ဖြစ်ခဲ့ တယ်။တအားကို ခမ်းနားထည် ဝါလွန်းတယ်။အဲဒီလိုပါပဲ မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးအပ်ပွဲကြီးကိုလည်းအဲဒီလိုမျိုးဖြစ်စေချင်ပါတယ်။

မေး- အခု အကယ်ဒမီဗန်း ကိုင်တွေကို လေ့ကျင့်ပေးနေတာ ဆိုတော့ အကယ်ဒမီပေးပွဲ အခမ်းအနားကို တက်ဖြစ် ဖို့ရှိမလား။

► အကယ်လို့ ကျွန်တော့်ကို အကယ်ဒမီပေးပွဲတက်ဖို့ ဖိတ် ခံခဲ့ရမယ်ဆိုရင်တော့ ကျွန် တော် တက်ဖူးချင်ပါတယ်။ဒါပေမဲ့ အခု ကျွန်တော့်ရဲ့ လောလောဆယ် အလုပ်ကတော့ ဗန်းကိုင်၈ဦးကို သင်ကြားပေးဖို့ပါပဲ။အရင်နှစ် တွေကနဲ့မတူတဲ့ ပုံစံတွေကိုအကောင်း ဆုံး ကြိုးစားပေးသွားပါမယ်။ အကယ်ဒမီပေးပွဲကိုတော့ ဖိတ်ကြားခံရမယ်ဆိုရင် ကျွန်တော်တက်မှာပါ။

ထက်လူလူ၊ စကားပြန်-ကိုကျော်ချစ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071