Friday, January 24, 2025

NSPNC နှင့် နိုင်ငံရေးပါတီများဆက်လက်ပူး ပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကိုဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် နိုင်ငံရေးပါတီများဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို NSPNC နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင်...

အမေရိကန်နှင့် နျူလက်နက်ဖျက်သိမ်းရေး ဆွေးနွေးရန် အသင့်ရှိနေပြီဟု...

မော်စကိုသည် ဝါရှင်တန်နှင့် နျူလက်နက် ဖျက်သိမ်းရေး ဆွေးနွေးမှုများအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး အမေရိကန်၏ မဟာမိတ်များဖြစ်ကြသည့် ဗြိတိန်နှင့် ပြင်သစ်တို့ကိုလည်း ယင်း‌ဆွေးနွေးပွဲအတွက် ထည့်သွင်းစဉ်းစားရန် အဆင်သင့်ရှိကြောင်း...

ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ တည်ထောင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိနေဟုဆို

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်များကို လာရော က်လျှောက်ထားနေကြကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောသည်။ လာရောက်လျှောက်ထားမှုများအရ ယနေ့အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ...

မန်းရွှေစက်တော် ဘုရားပွဲတော်အတွက် တည်းခိုဆောင်အလုံးပေါင်း (၁၄၀)...

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်သို့ လာရောက်ကြမည့် ဘုရားဖူးပြည်သူများအတွက် တည်းခိုဆောင်အလုံးပေါင်း (၁၄၀) ကျော်ထိ တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရသည်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊...
HomePopular Academy2012 Academy"အကယ်ဒမီ စိုးသူ နဲ့...

“အကယ်ဒမီ စိုးသူ နဲ့ ၁၂နှစ်ခန့် အကြာမှာ ပြန်လည် ဆုံစည်းတဲ့ ပေါ်ပြူလာ အင်တာဗျူး”

012

ပရိသတ်တွေ လွမ်းဆွတ်သတိ ရနေကြတဲ့ အကယ်ဒမီ စိုးသူကို အကယ် ဒမီပေးပွဲနေ့က မေးမြန်း ထားပြီး နောက်ပိုင်းမှာ မိခင်ဖြစ်သူ ဆေးကုသမှု ခံယူနေတဲ့ ဆာကူရာ ဆေးရုံကြီးမှာ အနီးကပ် ပြုစုစောင့်ရှောက် နေတဲ့ အကယ်ဒမီ စိုးသူနဲ့ တွေ့ဆုံကာ ရုပ်ရှင်လောက အကြောင်း၊ မိသားစု အကြောင်း၊ ရုပ်ရှင်၊ ဗီဒီယိုတွေပြန် လည် ရိုက်ကူးမယ့် အကြောင်းတွေ၊ ဂီတဖျော်ဖြေပွဲ ပြုလုပ်မယ့် အကြောင်း တွေကိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါ တယ်။

မေး- အကယ်ဒမီ ပွဲပြန်တက်ရတဲ့ ခံစား ချက်နဲ့အရင်တုန်းက အကယ်ဒမီ ပွဲဘာတွေကွာခြားသွားလဲ သိချင်ပါတယ်။
ဖြေ-အကယ်ဒမီပွဲ ကကြည့်ရတာ တော် တော်လေး အဆင်ပြေပါတယ်။ ကျွန် တော်ကတော့ အချိန်အကြာ ကြီးခွဲပြီး အဝေးကြီးမှာ နေနေရတော့ အားလုံး က အသစ်အ ဆန်း ဖြစ် နေတာပေါ့။ ကြည့် ရတာ အင်မတန် ကို ကြည်နူးစရာ၊ ပျော်ရွှင်စရာကောင်း ပါတယ်။အကြိုက် ဆုံး ကတော့ဆုရတဲ့ တစ်ယောက် ချင်း ချက် ချင်းကျေးဇူးတင် စကားပြော ရတာတော် တော် အဆင်ပြေတယ် ထင်ပါတယ်။ ကျွန်တော်တို့ခေတ်တုန်းက အမျိုးသား ကဇာတ်ရုံမှာလည်း တက်ခဲ့ရတဲ့ အကယ်ဒမီ ပွဲတွေလည်း ရှိပါတယ်။ အမျိုးသားက ဇာတ်ရုံနဲ့သုဝဏ္ဏအား ကစားကွင်းမှာတက်ရတာများပါတယ်။

မေး-အစ်ကို တို့နှစ်တွေတုန်းက အကယ် ဒမီစာရင်းဝင်တဲ့ ဇာတ်ကားတွေက အများကြီးပဲ။ ဒီနှစ်အကယ် ဒမီဇာတ် ကားတွေကတော့ ၁၅ ကားပဲရှိတယ်။ အဲဒီလိုဇာတ် ကား တွေနည်းလာတဲ့ အပေါ်မှာကော ဘယ်လိုမြင်လဲ။
ဖြေ-ကျွန်တော်တို့ ဇာတ်ကားတွေ စရိုက်ခါစ ၈၃၊ ၈၄ ပတ်ဝန်းကျင် လောက် တုန်းက ရုပ်ရှင်ဇာတ်ကား တွေအများကြီး ရုံတင်နိုင် တယ်လေ။ နောက် တစ်ဖြည်းဖြည်းနဲ့ ဖလင်တွေ ရှားလာတယ်။ ရှားလာပေမယ့်လို့ သူ့အတိုင်းအတာနဲ့ သူလောက်တော့ ရုပ်ရှင်ဇာတ်ကား ကြီးတွေ တော် တော် များများ ထုတ်လုပ်နိုင်သေး တယ်။ ဟိုးBlack & White ခေတ် ကနေစပြီး ကာလာခေတ်၊ အဲဒီကနေ တဖြည်းဖြည်းတော့ ဖလင်တွေရှား လာတယ်။ ဇာတ်ကားကြီးတွေ ရိုက် ဖို့ အခက်အခဲ ရှိလာတော့ နည်းလာ ကြတယ်။ဒီလောက်ကြီး နည်းနည်း လေးဖြစ်သွားတာ ကြားနေ၊ သိနေရ တယ်။ အခုလည်း ကိုယ်တိုင် သေသေ ချာချာကြားရ ၊မြင်နေရတာပေါ့။ ရုပ်ရှင် ဇာတ်ကားကြီးတွေ ရိုက်နို င်ရင်တော့ ကောင်းတာပေါ့။ ကျွန်တော့်လိုပဲ အား လုံး ဆန္ဒ အတူတူရှိကြမှာပါ။ ဒါပေမဲ့ အခက်အခဲတွေလည်း အများကြီးရှိ တယ်ဆိုတော့ အဆင်ပြေရင်ရိုက်ဖြစ်ကြ ပါစေ လို့ဆုတောင်းပေးတယ်။ အဲဒီလို ဖြစ် ရင် တအားကောင်းမှာပဲလို့တွေးမိတယ်။

မေး-အစ်ကိုနဲ့ ဦးကျော်သူ ရိုက်ခဲ့တဲ့ ‘ဒိုး’ ရုပ်ရှင်ဇာတ်ကား အကြောင်း လည်း ပြန်မေးချင်ပါတယ်။ ဒီဇာတ်ကား ရိုက်တုန်းက အမှတ်တရတွေနဲ့ အခု အချိန်အထိ သတိ ရဖြစ်နေတဲ့ အကြောင်း တွေကို သိချင်ပါတယ်။
ဖြေ- အဲဒီဒိုး ဇာတ်ကားရိုက်တော့ မှတ် မှတ်ရရ ကျွန်တော်မှတ်မိတာ သေချာ မယ် ထင်တယ်။ ၁၉၈၆၊ ၈၇ ပတ်ဝန်း ကျင်လောက်ကပေါ့။ ကျွန် တော်တို့ စရိုက်တာက ၁၉၈၃၊ ၈၄မှာ နှစ် ယောက်အတူရိုက်ကြတယ်။ကိုကျော်သူကကျွန်တော့်ထက်လပိုင်းလောက် စောပါတယ်။ ကိုကျော်သူတို့ရဲ့ အမျိုး သား ရုပ်ရှင် ထုတ်လုပ်ရေးက အန်ကယ် ဦးစိန်တင် ကိုယ်တိုင်လာပြီးတော့ ဆရာ မောင်ညွန့်လွင်ရဲ့ အမျိုးသားစာ ပေဆုရ “တဒင်္ဂလေးများစွာ” ဆိုတဲ့ ဆရာ့ ရဲ့ ဝတ္တုကို ရိုက်ချင်တယ်။ ဇာတ်ကို ဖတ်ကြည့်ပါဆို လို့ ကျွန်တော်တို့ ဖတ်ကြည့်တယ်။ သဘောကျတယ်။ တိုင် ပင်တယ်။ ရိုက်မယ့် ဒါရိုက်တာက လည်း ဆရာ ဦးကြည်စိုးထွန်း။

အားလုံးသဘော တူညှိနှိုင်းပြီးတော့ဒိုးဇာတ် ကား ရိုက် ဖြစ်တာပေါ့။ သရုပ်ဆောင်တွေကလည်း အကယ်ဒမီ ဒေါ်မေဝင်းမောင် တို့ အကယ်ဒမီ ဇင်မာဦးတို့ တခြားဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တွေလည်း အများ ကြီးပါပါတယ်။ အဓိကက အားကစား နဲ့ လူငယ်ပညာပေးဇာတ် လမ်းလေးပါ။ ကျွန်တော်နဲ့ ကိုကျော်သူ နဲ့လည်း တက္က သိုလ်ဘောလုံးကွင်းထဲမှာ ဘောလုံး သွားလေ့ကျ င့်ကြတယ်။ ကျွန်တော် တို့လချီပြီးတော့ကိုလေ့ကျင့်ကြတယ်။ အဲဒီတုန်းက ကံကောင်း တာတစ်ခုက ကျွန်တော်ကလည်း ကျောင်းကနေ ခွင့်တစ်နှစ်ယူထား တယ်။ ကျောင်း က ဒုတိယနှစ်အောင် ပြီးတဲ့အချိန်မှာ ကျောင်း အတွက်က လည်းအချိန် တအား ပေးရတယ်။ ရုပ်ရှင်ရိုက်တာလည်း တအား အချိန်ပေး ရတော့ အချိန်မရလို့ဆိုပြီး ခွင့်တစ်နှစ်ယူလိုက်တယ်။ အဲဒီတုန်း က ဖလင်တွေ နည်းနည်း စရှားနေပြီ။ ဖလင်တွေ လျော့သွားတဲ့ အချိန်ဆို တော့ ဇာတ်ကား ရိုက်က အများကြီး ရိုက်စရာ မလိုဘူး။ ကျွန်တော်တို့ ဒိုး အတွက် တော်တော်လေးအချိန် ပေး နိုင်တယ်။

အချိန်ပေးနိုင်တော့ ဘောလုံးသွားလေ့ကျင့်ကြတယ်။ကျွန်တော် တို့ လေ့ကျင့် တဲ့နေရာကိုပြေငြိမ်းလည်း လာတယ်။ အပျော်သူ လည်း ဘော လုံး ဝင်ကန်တယ်။ကျွန်တော်တို့ အချိန်တော် တော်ပေးပြီး ၊ကြိုးစားရိုက်ခဲ့ရ တဲ့ ဇာတ် ကားပေါ့။ အမှတ်တရတွေက အများ ကြီးပဲ။ကြည့်မြင်တိုင် ဘောလုံးကွင်း ထဲမှာ တစ်ပတ်လောက်တောင်မက ဘူး။ တစ်နေကုန် နေပူထဲမှာနေပြီး သွား ရိုက်ရတယ်။ပရိသတ်တွေလည်း အများ ကြီးလာအားပေးကြ တယ်။ ကိုယ့်ဘာ သာကိုယ်လည်း တကယ်ဘောလုံး ကန် နေရသလိုပဲ။ဘောလုံးကန်ရတဲ့ အခန်းများတာကိုး။ ကျန်တဲ့ ဇာတ်ရုပ်တွေ သရုပ်ဆောင်တာတွေ ရိုက်တာတော့ ရိုက်နေရတာပဲ။ ကိုယ့်ဘာသာကိုယ် ဘောလုံးကန်နေရတဲ့ လူလိုပဲ။ ပျော် စရာတော့ တော်တော်ကောင်းတယ်။ ပင်လည်း ပင်ပန်းတယ်။ တကယ်ကို အမှတ်တရရှိပါတယ်။

အဲဒီအချိန်မှာ တော့ကိုမောင်နဲ့က တကယ့်ညီအစ်ကို ရင်း လိုဖြစ်နေကြတယ်။ သူငယ်ချင်း တွေ ၆ ယောက်လောက်စုပြီး ဆုံကြ တယ်။အကယ်ဒမီကိုကျော်သူရယ်၊ ပြေ ငြိမ်းရယ်၊ကျွန်တော်ရယ်၊ အကယ်ဒမီ မို့မို့မြင့်အောင်၊အကယ်ဒမီခိုင်ခင်ဦးနဲ့ တင်နီလာဝင်းရယ်။ သူငယ်ချင်း အနုပညာညီအစ်ကို မောင်နှမတွေ ဆုံဖြစ်ကြတယ်။ ကိုကျော်သူ အမေရိက ကို အလုပ်ကိစ္စတွေနဲ့ လာတုန်းက လူ ချင်းတော့ ကိုယ်တိုင်မဆုံဖြစ်ဘူး။ ဖုန်း ပြောဖြစ်တယ်။ ကျွန်တော်သူ့ကို Congratulate လုပ်လိုက်တယ်။ ချီးလည်း ချီးကျူးလိုက်တယ်။ နှုတ်လည်း နှုတ်ဆက်လိုက်တယ်။ သူက လည်းပြောပါ တယ်။ ကြားပါတယ်၊ ညီလေး အလုပ် တွေတအား လုပ်နေ တယ်ဆို..တဲ့။ ကျွန်တော်ကလည်း ဟုတ်ကဲ့၊ အစ်ကို လုပ်နေတာတွေ အင်မတန်မွန်မြတ် တယ်၊ အင်မတန်ကိုကုသိုလ်ရတဲ့အလုပ် တွေပါလို့၊ အင်မတန်ကောင်းတယ်။ နောက် ဆုံချင်သေးတယ်လို့။ သူက လည်းဆုံတာပေါ့။

ခိုင်ဝေလွင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071