Friday, December 27, 2024

ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို...

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ကယားပြည်နယ်ပြည်သူ့ပါတီ (Ky SPP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ဒီဇင်ဘာ (၂၆)...

အလောင်းအစားဖြင့် အရက်စိန်ခေါ်သောက်သည့် ထိုင်းလူငယ် သေဆုံး

ဆိုရှယ်မီဒီယာတွင် လူသိများသော ထိုင်းလူငယ်တစ်ဦးသည် ဘတ် ၃၀,၀၀၀ အလောင်းအစားကြေးခေါ်မှုအတွက် ၃၅၀ မီလီလီတာ ဝီစကီပုလင်းကို တကြိုက်တည်းသောက်ခဲ့ပြီးနောက် မကြာမီတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ပန်းကုံးများရောင်းချ၍...

စမ်းချောင်း ဟုမ်းလမ်းဘူတာရပ်ကျေးအုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအ တွင်း...

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်...

တရုတ်ကကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည် တည်ဆောက်မည်

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည်ဖြစ်လာမည့် ဆောက်လုပ်ရေးစီမံကိန်းကို အတည်ပြုလိုက်ပြီဖြစ်ပြီး တိဘက်ကုန်းပြင်မြင့်၏ အရှေ့ဘက်စွန်း၌အခြေခံအဆောက်အဦစီမံကိန်းတစ်ခုကို အစပြုလိုက်သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် မြစ်အောက်ပိုင်းဒေသများတွင် သက်ရောက်မှုကြီးကြီးမားမားရှိမည့် စီမံကိန်းသည်...
HomePopular Academy2017 Academyအကယ်ဒမီ ပွဲတက်ဝတ်စုံနှင့် ဒီဇိုင်နာတို့ရဲ့...

အကယ်ဒမီ ပွဲတက်ဝတ်စုံနှင့် ဒီဇိုင်နာတို့ရဲ့ အကယ်ဒမီ လက်ရာ

ဒီဇိုင်နာမိုးကုတ်ပေါက်ပေါက်

အကယ်ဒမီအတွက် အန်တီ ပေါက် နှစ်စဉ်နှစ်တိုင်းလုပ်ပေးနေကျ ဖြစ်တဲ့ မင်းသမီးတွေပဲ လုပ်ပေးဖြစ် မှာပါ။ အပြောင်းအလဲမရှိပါဘူး။ မမို့ ကတော့ အမြဲတမ်းပင်တိုင်ပေါ့။ ဒါ ပေမဲ့ ဒီနှစ်မှာ မယ်လိုဒီကို အန်တီ ပေါက် သမီးအရဲက ပြင်ပေးနေတာ၊ သူက အန်တီပေါက် အဝတ်အစား အမြဲတမ်းဝတ်ဖြစ်တော့ ဒီနှစ်သူဝတ် ချင်တယ်လို့ပြောလို့မို့ အန်တီပေါက် မယ်လိုဒီကိုချုပ်ပေးဖြစ်မယ်။ ကျန် တာတွေကတော့ အရင်နှစ်က လုပ် ပေးနေကျဖြစ်တဲ့ မင်းသမီးတွေပဲ လုပ်ပေးဖြစ်မှာပါ။ ဒီနှစ်ပွဲတက် ဝတ်စုံတွေကိုတော့ အန်တီပေါက်တို့ တွေအနေနဲ့ ဖက်ရှင်ရေစီးကြောင်းက အမြဲတမ်းပြောင်းလဲနေတာဖြစ်တဲ့ အတွက် နည်းနည်းလေး တအား ခေတ်ရှေ့ပြေးတဲ့ပုံစံမျိုး ၁၉၅ဝ၊ ၆ဝ ခုနှစ်လောက်က ပုံစံမျိုးကို  ချုပ်ပေး ဖို့ရှိပါတယ်။

********

ဒီဇိုင်နာ ပြည်စိုးအောင်           

အကယ်ဒမီအတွက် ကျွန်တော် ပြီးခဲ့တဲ့နှစ်ကတည်းက မချုပ်ဖြစ်ဘူး။ မနှစ်တုန်းကလည်း ကျွန်တော်အ ကယ်ဒမီဗန်းကိုင်တွေပဲ ချုပ်ပေးဖြစ် တယ်။ ရွှေကြိုပေါ့။ ရွှေကြိုတွေ အ ကုန်လုံးကို ချုပ်ပေးရတယ်။ ဒီနှစ်မှာ လည်း ရွှေကြိုတွေအတွက်ပဲ တာဝန် ယူထားတယ်။ တခြားမင်းသမီးတွေ  ကိုတော့ ချုပ်မပေးဖြစ်ဘူး။ မင်းသမီး တွေက နာမည်ကြီးလာတာနဲ့အမျှ သူတို့ကို ဆင်ပေးချင်တဲ့ ဖက်ရှင် ဒီဇိုင်းနာတွေအများကြီးပဲဖြစ်လာနေလို့ပါ။ သူ့ဟာနဲ့ ဒီမင်းသမီးနဲ့ ဒီဇိုင် နာနဲ့ ဝမ်းဆက်ဖြစ်ပြီးသားတွေရှိ တယ်။ အဲ့ဒီလိုမျိုးဆိုရင် ကိုယ်ကရှောင် ရတာပေါ့။ အချင်းချင်းမှာ လေးစား သမှုတွေထားရတယ်။ အကြောင်း အမျိုးမျိုးတွေကြောင့် အခုနောက်ပိုင်း တော်တော်များများ ဘယ်မင်းသမီးကို မှ အကယ်ဒမီအတွက် ချုပ်မပေးဖြစ် ဘူး။ အဲ့ဒီ လိုမျိုးကနေပြီးတော့ နောက်ပိုင်းတွေမှာ တက်သစ်စကလေး တွေ၊ ရွှေကြိုတွေ၊ ဗန်းကိုင်တွေပဲ ချုပ်ပေးဖြစ်တယ်။

**********

 

ဒီဇိုင်နာ ကောင်းမြတ် 

အကယ်ဒမီအတွက်ကတော့ ကျွန်တော် အမြဲတမ်းချုပ်ပေးဖြစ်တဲ့ မမိုး(မိုးဟေကို)ရယ်၊ ညီမလေး ရွှေ မှုန်(ရွှေမှုန်ရတီ)ရယ်၊ မင်းသားထဲမှာ ဆိုရင် မြင့်မြတ်ရယ်၊ အခုလတ်တ လောမှာတော့ ဒီ ၃ ယောက်ပေါ့နော်။ တခြားတော့ သေချာမချိတ်ရသေးဘူး ပေါ့နော်။ မမိုးအတွက်ကျတော့ နှစ် တိုင်းလည်း ချုပ်ပေးဖြစ်တယ်။မမိုး အတွက်ဆိုရင် ကိုယ်ဒီဇိုင်နာလုပ်တဲ့ သက်တမ်း ၈ နှစ် ၉ နှစ်မှာဆိုရင် ၇ နှစ်လောက်ချုပ်ပေးဖြစ်နေတာ။ဝတ် စုံဒီဇိုင်းကတော့ ကိုယ့်ရဲ့ ရိုးရာဝတ်စုံ ကိုပဲ အခြေခံပြီးတော့ ပိုပြီးတော့အနု စိတ်လက်ရာတွေပါမယ်။ အကယ်ဒမီ ဝတ်စုံကို မြန်မာတစ်ပြည်လုံးမှာရှိတဲ့ ပရိသတ်တွေက ဒီအကယ်ဒမီပွဲလေး မှာ ကိုယ်ချစ်တဲ့ အနုပညာရှင်တွေရဲ့ ဝတ်စုံတွေကို အဓိကထားကြည့်ကြ တယ်။ သူတို့ကြိုက်တယ်ဆိုရင် ဒီနှစ် အကယ်ဒမီပေးပွဲမှာ ဒီဇိုင်နာ ဘယ် သူက ဘယ်မင်းသမီးကိုချုပ်ပေးထား တာလေး အဲဒီဒီဇိုင်းကို ကြိုက်လို့ချုပ် ဝတ်တာမျိုးတွေရှိတယ်လေ။ အဲဒီ တော့ ဒီဇိုင်နာတစ်ယောက်အနေနဲ့ ပိုပြီးဂရုစိုက်ရပါတယ်။ ရိုးရိုးပွဲတက် ဝတ်စုံတွေထက် ဒီအကယ်ဒမီပွဲတက် ဝတ်စုံကပိုပြီးတော့ ဂရုစိုက်ရတယ်။မင်းသမီးတွေနဲ့လည်း ပိုပြီးတိုင်ပင်ရ တယ်။ မမိုးဆိုလည်း မမိုး၊ ညီမလေး ရွှေမှုန်ဆိုလည်း ရွှေမှုန်တို့ကို အ ကယ်ဒမီမတိုင်ခင် ၁ လကျော် ၂ လ လောက်ကတည်းက ဘယ်အရောင် ဝတ်မယ်ဆိုပြီးတော့ ခဏခဏတိုင် ပင်ရတယ်။ သေချာလေးဆွေးနွေးပြီး ချုပ်ရပါတယ်။

ကျွန်တော်ကတော့ ဒီနှစ်ကို နုနုဖတ်ဖတ်လေးပဲ ချုပ်ဖြစ် မှာပါ။ ကိုယ်က နဂိုကတည်းက အ ရောင်တောက်တောက်လေးတွေသိပ် မကြိုက်တတ်ဘူးလေ။ အဲဒီတော့ အရောင်နုနုလေးတွေပဲ ချုပ်ဖြစ်ပါ တယ်။

************

ဒီဇိုင်နာ မျိုးမင်းစိုး

 

ဒီနှစ်အကယ်ဒမီကတော့ အစ် ကိုရဲ့ ပင်တိုင်မင်းသမီးဖြစ်တဲ့ အိ ချောပိုကို ချုပ်ပေးဖြစ်မယ်။ နန်းစုရ တီစိုးကို ချုပ်ပေးဖြစ်မယ်။ မြန်မာ ပြည်သိန်းတန်တို့ စုံတွဲကို ချုပ်ပေး မယ်။ ဒီနှစ်ကိုကျတော့ အများကြီး မချုပ်ဘဲနဲ့ နည်းနည်းပဲချုပ်ဖြစ်တယ်။ ဒီနှစ်ကကျတော့ ချိတ်ထည်ကိုပဲ Creation တွေပြဖြစ်ဖို့များပါတယ်။ ကာလာရွေးချယ်မှုမှာလည်း Nude Colour နဲ့ Bling Bling ဖြစ်တဲ့ ကာလာမျိုးကို ၂ ခုရောပြီးတော့ သုံး ဖို့လုပ်ထားပါတယ်။ ကနုတ်နွယ်တွေ၊ ရွှေချည်ထိုးတွေနဲ့ ကြည့်လိုက်တာနဲ့ မြန်မာမှုပိုင်းကို ပေါ်လွင်စေမယ့် ဒီ ဇိုင်းမျိုးကို ဖန်တီးထားပါတယ်။ နှစ် တိုင်းအကယ် ဒမီတစ်ပွဲပြီးပြီဆိုရင် အနယ်နယ် အရပ်ရပ်က လူတွေက  အကယ်ဒမီပွဲတက် ဝတ်စုံတွေ ကြည့် ပြီး လိုက်ချုပ်ကြတယ်။ အစ်ကိုဆိုရင် လည်း မနှစ်က နန်းစုရဲ့ ဝတ်စုံဆိုရင် ချုပ်ရတယ်။ အခုထိ ချုပ်နေရတုန်း ပဲ။ အိချောပိုရဲ့ ရွှေအင်္ကျီဆိုရင်လည်း ချုပ်ရတယ်။အဲဒီလိုမျိုး Feed Back က ပြန်လာပါတယ်။ ဆယ်လီတွေ ဝတ်ဆင်ကြတဲ့ ဝတ်စုံကိုကြည့်ပြီး အနယ်နယ်အရပ်ရပ်က စိတ်ဝင်စား သူတွေက ချုပ်ကြတာဆိုတော့ အစ် ကို တို့ကျတော့ အဆင်ပြေတာ ပေါ့နော်။

************

ဒီဇိုင်နာ အိကျော်ဇင်

ဒီနှစ်အကယ်ဒမီမှာ အစ်မက မအူဝဲနဲ့ မေတိုးခိုင် နှစ်ယောက် အတွက် ဝတ်စုံချုပ်ဖြစ်မယ်။ အစ်မ ပွဲလည်း လုပ်ခဲ့တာဆိုတော့ အချိန်မ ရှိတော့လို့ပါ။ မအူဝဲရဲ့ ဒီနှစ်အ ကယ်ဒမီ ဖက်ရှင်ကိုတော့ အရင်နှစ် တွေနဲ့မတူတဲ့  ပုံစံတစ်မျိုးကို နည်းနည်း ဆန်းမယ်လို့ စိတ်ကူးထား ပါတယ်။ ဒီနှစ်အကယ်ဒမီပွဲမှာ အစ်မစိတ်ထင်တော့ ချိတ်တို့ထက် စာရင် နည်းနည်းပေါ့ပါးပြီး အလှ ဘက်ကိုသွားမယ်လို့ ထင်ပါတယ်။ နည်းနည်းပေါ့ပေါ့ပါးပါးဖြစ်မယ်လို့ ထင်ပါတယ်။

************

ဒီဇိုင်နာ Shar Tar          

အများကြီးတော့ လက်ခံမထား ဘူးခင်ဗျ။ ကျွန်တော် ဝါဆိုမိုးဦးနဲ့ ညီလေး အိစိကွေးတို့ ၂ ယောက်ကို တော့ လုပ်ပေးဖြစ်မယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က ဒီလထဲမှာ ရှိုးပွဲတွေလည်း ရှိတယ်။ မင်္ဂလာ ဆောင်ပွဲတွေလည်း ရှိနေတဲ့ အတွက် အများကြီး လက်ခံမထားတာပါ။အဲဒီ တော့မင်းသမီးတစ်ယောက် မင်းသား တစ်ယောက် ဒီ ၂ ယောက်ကိုတော့ လက်ခံထားပါတယ်။ ညီမလေး ဝါဆို မိုးဦးကိုတော့ ဝတ်စုံထက် သူ့ရဲ့ ခန္ဒာ ကိုယ်အလှ ပိုပြီးပေါ်လွင်အောင်ချုပ် ပေးမယ်။ သူကိုင်တဲ့ ဖိနပ်တွေ အိတ် တွေရဲ့ Brandပုံစံမျိုးတွေနဲ့ သူက တွဲပြီး ဝတ်လေ့ရှိတယ်ဆိုတော့ အဲဒီ အရာတွေနဲ့လိုက်ဖက်တာမျိုးကို ရွေး ချယ်ပြီး ဖန်တီးထားပါတယ်။ မြန် မာဝတ်စုံကိုပဲ ချုပ်ပေးမှာပါ။ ဒါပေ မဲ့ မြန်မာဝတ်စုံကိုမှ Update လုပ် ထားတဲ့ ဝတ်စုံပေါ့နော်။ ဒီဝတ်စုံ အတွက်ပြင်ဆင်နေပါပြီ။ ဝတ်စုံ အရောင်လေးကတော့ ကာလာဖူး လေးဖြစ်ဖို့ များပါတယ်။

ပေါ်ပြူလာအဖွဲ့

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071