နှစ်စဉ် အကယ်ဒမီ ပဲတက်တဲ့ အခါ အနုပညာရှင် တို့ရဲ့ လက်ဝတ်လက်စား ရတနာတွေ ပျောက်ရှမှုတွေ ရှိတဲ့ သလို အခုနှစ် အကယ်ဒမီပေးပွဲ မှာ လည်း အကယ်ဒမီ ထွန်းထွန်းရဲ့ ရွှေရင်ထိုး ပျောက်ရှသွားခဲ့ပြန်ပါတယ်။ အဲ့ဒါကြောင့်လည်း လုံခြုံရေး အပိုင်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိလာခဲ့တာကြောင့် အခုနှစ် အကယ်ဒမီ ဆုပေးပွဲမှာ လုံခြုံရေးပိုင်းတာဝန်ကို တစ်ဖက်တစ်လမ်းက ကူညီ ပေးခဲ့တဲ့ အကယ်ဒမီ ဦးအောင်ခိုင် အပါအဝင် အနုပညာရှင်တချို့ရဲ့ လုံခြုံရေး အပိုင်းအပေါ် အမြင်တွေ ကိုဖော်ပြပေး လိုက်ရပါတယ်။
အောင်ခိုင်
ဒီနှစ်မှာ လည်း ဦးအောင်ခိုင်တို့ ကိုလူချောအဖွဲ့က ဘယ်ကှစသညျသမ မှ မရဘဲ ကိုယ့်ရုပ်ရှင် အစည်းအရုံး အတွက် တာဝန် တစ်ခု ယူပေးတာ မျိုးပါ။ အခုလည်း ထွန်းထွန်းရဲ့ ရင်ထိုးနှင်းဆီပွင့် ပျောက်တဲ့ကိစ္စ။ ဒီလောကမှာ လက်မှတ်တွေတော့ ထုတ်ပေးလိုက် တာ ပါပဲ။ အထူးသ ဖြင့် ဇာတ်ပို့ ဇာတ်ရံအလွှာက ပိုပြီး ရှုပ်ထွေးပါ တယ်။ ရုပ်ရှင်လောကမှာ အများဆုံး အလွှာကလည်း ဒီအလွှာ ပါပဲ။ ထုတ်ပေးလိုက်တဲ့ လက်မှတ် တွေက ကိုယ်တိုင်မတက်ဘဲ မသိတဲ့ လူတွေတက်လာကြတယ်။ ဦးတို့ ဘက်ကလည်း အတတ်နိုင်ဆုံး လုံခြုံ ရေး ကိစ္စကို ဆောင်ရွက်ပေး တယ်။ ဒီနှစ်က အကုန်လုံး ရွှေတွေ ချည်း ဝတ်လာတယ်။ တော်တော် ဆိုးဆိုး ရွားရွားပါ။ မင်းသမီး၊ မင်းသားတွေ ကြည့်လိုက် ရင် အကုန်လုံး ရွှေတွေ ဝတ်ထားကြ တော့ သူတို့အတွက်ကို စိုးရိမ်ပူပန်ခဲ့ရ တယ်။ Supporting ပိုင်းမှာ တချို့ တချို့သော လူတွေက ပြောရတာ နည်းနည်း ခွကျတယ်။ တချို့ ကတော့ ရတဲ့သူကို ဝမ်းသာ အားရသွား နှုတ်ဆက်ချင်တယ်။ တချို့ က ပေါ်ပြူလာဖြစ်ချင်ကြ တယ်။ ဒါကြောင့် ဒီနှစ်မှာ တန်းမ ကျော်ရ အောင်ဆိုပြီး လုပ်ထားတယ်။ အဲဒီ ကြား က အတင်းအဓမ္မ ပြုလုပ် ကြတယ်။ တချို့သော အမျိုးသမီး တွေက ပြောမရတာတွေ ရှိတယ်။ ဦးအောင်ခိုင် တို့ကိုလည်း အမြင်ကတ် ပြီး မုန်းကြမှာပါ။ လူတွေက ဘယ် လောက်ကောင်းအောင် လုပ်လုပ် ကိုယ့်ဆန္ဒ မပြည့်ရင် တစ်မျိုးမဟုတ် တစ်မျိုးတော့ အပြောခံရတာပါပဲ။
ပစ္စည်းပျောက်တယ် ဆိုတာ လုံခြုံရေးပိုင်း အားနည်းချက်ကြောင့် ဆိုပြီး သီးသန့်ကြီး ပြောလို့တော့ မရပါဘူး။ လုံခြုံရေး ကျတဲ့ ဌာနဆိုင် ရာတွေ၊ ရဲတွေ၊ အထူး ခန့်အပ်ထားတဲ့ လုံခြုံရေးတွေ အားလုံးအားလုံးက သူ့ နေရာနဲ့သူ ထောင့်စေ့အောင် လုပ် နေကြ ပါတယ်။ ပျောက် သွား တယ် ဆိုတာ အပြင်စည်းမှာ ပျောက် တာ မဟုတ်ပါဘူး။ အတွင်းစည်းမှာ ပျောက်တာပါ။ ဒါကြောင့် ဘယ်သူ့ ကို တရားခံ လို့ ပြောလို့မရပါဘူး။ မနှစ်ကလည်း မခိုင်လေး ဟန်းချိန်း ပျောက်တယ်။ ဒီတုန်းကလည်း နှုတ် ဆက်ရင်းပြု ရင်း နဲ့ ပျောက်သွားတာ ပါပဲ။ အခု ထွန်းထွန်း ကလည်း သူ့ကို ဖက်လဲတကင်း နှုတ်ဆက်ရင်းနဲ့ ဒီဘက်လှည့်တော့ နှင်းဆီပွင့်မရှိ တော့ဘူး ဆိုပြီး ဖြစ်တာပါ။ အတွင်း စည်းမှာ ဖြစ်တာဆိုတော့ အပြင်လုံ ခြုံရေးတွေနဲ့ သိပ်တော့မဆိုင်ပါဘူး။ ဦးအောင်ခိုင် တို့ ကိုယ်တိုင်ကလည်း အလယ်စည်း မှာ သေသေချာချာလေး လုပ်ပေးပါတယ်။ ဆုရတဲ့သူကို သွား မနှုတ်ဆက်ရဘူးလို့ သွားပြောလို့ မရဘူးလေ။ ဝမ်းသာ လို့ နှုတ်ဆက်တာ ကို မနှုတ်ဆက် ရလို့ ပြောရင် ဦးအောင်ခိုင်တို့ အပြစ် ဖြစ်မှာလေ။ ပျောက်သွားတာကတော့ လုံခြုံရေး အားနည်း ချက်ကြောင့်ပဲ လို့ ပြောလို့ မရပါဘူး။
ခိုင်သင်းကြည်
လုံခြုံမှုကတော့ ဒီလိုပါပဲ ဖြစ်တတ်ပါတယ်။ အစ်မ ဆိုလည်း အရင်နှစ်က ပျောက်သွားတယ်။ ဝတ် ထားတာတွေကလည်း ပတ္တမြား တွေ၊ စိန်တွေဆိုတော့ သေချာ သတိထား နေရတယ်။ ကိုယ်လည်း ရတဲ့သူ တွေ ကို တအားကြီး တိုးဝှေ့ပြီး နှုတ်မ ဆက်ရဲဘူး။ အားလုံးပြီးမှပဲ သွားပြီး နှုတ်ဆက်ရဲတယ်။ အဖိုးတန်တွေ ဝတ်စားထား တော့လေ။ ကိုယ်ရတဲ့ အခါ ကျတော့လည်း ကိုယ့် အိမ်ကလူ တွေ ကို ပြောနေရတယ်။ ယောက်ျား၊ မိန်းမကို ကြည့်နေနော်။ မိန်းမဆွဲကြိုး၊ နားကပ်တို့ကို ကြည့် နေဆိုပြီး နည်း နည်း သတိထား ရတယ်။ ဖြစ်တတ် တော့ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ လည်း အကုန်လုံးတော့ မဖြစ်တတ်ပါ ဘူး။ အစ်မရယ်၊ ထွန်းထွန်းရယ် ကသာ လျှပ်စီး လက်ပြီး ဖြစ် တာပေါ့ နော်။ တချို့ ကျတော့လည်း လက် မှတ်နဲ့ ကိုယ်စားတတ်တဲ့ သူတွေ လည်းရှိတယ် ဆိုတော့ ဘယ်လိုမှ သွား လုပ်လို့မရဘူး။ ဒီနှစ်က အစ်မ သမီးကိုတောင် အမှန်တကယ် ဆို အကုန်ဆုံး စပွန်ဆာ ပေးချင်ကြ တာ။ အစ်မတောင်မှ အဲဒီ နေ့က အကယ် ဒမီတက်ဖို့ ဆိုပြီး ဝိန့်စိန်က ရွှေအလုံး တွေ အလုံး တစ်ရာကျော် လာပို့ထား တာ။ သိန်းလေးငါးရာဖိုး လာပို့ထား တယ်။ အင်္ကျီကို ကပ်တဲ့ အခါမှာ လည်းဒီဇိုင်နာ မပုံ့ကိုကော်နဲ့ သေချာ ကပ်နော်လို့ တစ်လုံးတစ်လုံး ပြုတ် ကြသွားရင်လည်း လျော်ရမှာ မနည်း ဘူးလို့ ဆိုပြီး သေချာ ပြောရတယ်။ အစ်မသမီး ထိပ်ထိပ်ကလေးကျ တော့ကလေးလည်း ကလေးဆိုတော့ သူကကိုယ့် ထက် ပိုဆိုးမယ်လေ။ ကိုယ့်လောက်လည်း သိမှာမဟုတ် ဘူး။ အဲဒါကြောင့် လုံးဝ လက်ဝတ် ရတနာ မဆင်ပေးခိုင်းဘူး။ ဘန် ကောက် ကနေ ဖန်စီလေးပဲ ဝတ် ပေးလိုက်ပါ လို့ လှမ်းပြောရ တယ်။ အစ်မလည်း ဒီနှစ် အကယ်ဒမီ ပွဲကို တအားတက် ချင်တာပါ။ အဖက်ဖက် က ပြည့်စုံတဲ့ပွဲကြီးပါ။ စီစဉ်တဲ့ သူတွေကိုလည်း ချီးကျူးပါတယ်။ ဘာလို့လဲ ဆိုတော့ တော်ရုံ တန်ရုံပွဲ လေး စီစဉ်ဖို့ဆိုတာတောင် အဆင် မပြေဘူးလေ။ အခုက တော်တော်ကို ပြောစရာ မလိုအောင် ကောင်းသွား တဲ့အတွက် လုပ်ပေးတဲ့ သူတွေကို တအားကို ချီးကျူးပါတယ်။
ဇင်မာနွယ်၊ မြတ်မိုးပွင့်