၂၀၂၃မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲနေပြည်တော် MICC (1) တွင်အခမ်းနားဆုံးပြင်ဆင်လျှက်ရှိသည်။
အဆိုပါ အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာနမှ မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ပံပိုးကာ နိုင်ငံတော်အဆင့် အခမ်းနားဆုံးပြင်ဆင်လျက်ရှိသည်။
အခမ်းအနား ပြင်ဆင်နေမှုများအား ပြန်ကြာရေးဝန်ကြီး ဌာန၊ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့ ဖေဖေါ်ဝါရီ (၂) ရက် ညနေပိုင်းက လာရောက်ကြည့်ရှု့ခဲ့သည်။
လုံခြုံရေးကိုဦးစားပေးထားပြီး ကျောက်စိမ်းခန်းတွင်အခမ်းနားဆုံးပြင်ဆင်လျက်ရှိပြီး စနစ်ကျနစွာ ပြင်ဆင်လျက်ရှိသည်ကိုတွေ့ရှိရကြောင်း မျက်မြင်တစ်ဦးက ဆိုသည်။
ယခုနှစ် အကယ်ဒမီပွဲကိုလည်း မြန်မာ့အသံရုပ်မြင်သံကြားမှ တိုက်ရိုက် live ထုတ်လွှင့်ပြသမည်ဟုဆိုသော်လည်းသ တင်းထုတ်လွှင့်ချိန်တွင် ဆက်တိုက်ထုတ်လွှင့်မည်ဆိုခြင်းကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးချေ။
ယခုနှစ်အကယ်ဒမီတွင် တပ်မတော် ဂုဏ်ပြုဇာတ်ကား တစ်ကားဖြစ်သည့် “စောင်နီလေးတစ်ထည်” ရုပ်ရှင်သည် သရုပ် ဆောင် ရန်အောင်၊ ကျော်ဇောဟိန်း၊ စိုးမြတ်သူဇာတို့အ တွ က် အခွင့်လမ်းကောင်းတစ်ရပ်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း (၁၁) ဆုရနိုင်သော ပေါ်လစီရုပ်ရှင်မျိုးမရှိတန်ကောင်းဟု ဝေဖန်မှုများလည်းရှိသည်။
ယခုနှစ် အကယ်ဒမီ ပေးပွဲသို့ အနုပညာရှင် အတတ်ပညာရှင်များ စုံစုံညီတက်ရောက်ကြမည်ဟု ကြားသိရသော်လ ည်း မဖြစ်မနေတက်ရောက်ရန် ဖိအားပေးမှုလည်းမရှိကြော င်း ရုပ်ရှင်သမားတစ်ဦးက ဆိုသည်။
ယခုနှစ် အကယ်ဒမီပေးပွဲတွင် ယခင်နှစ်များထက် ထူးခြားသည့် အစီအစဉ်တစ်ရပ်အနေဖြင့် ရုပ်ရှင်ထူးချွန်ဆု အထူး ဆုကိုပါ ပေးအပ်သွားမည်ဟု သတင်းထွက်ပေါ်နေသည်။
ယင်းကဲ့သို့ အထူးဆုသာ ပေးအပ်မည်ဆိုပါက “ကံကောင်း” ရုပ်ရှင်နှင့် ပရိသတ်အချစ်တော် ” ကံကောင်း” လေးမှာ မြန်မာ့ရုပ်ရှင်သမိုင်းတွင် လူသားမဟုတ်ဘဲ အကယ်ဒမီရမည့် တိရိစ္ဆာန် ရုပ်ရှင်အကယ်ဒမီဆုရှင် ဖြစ်လာမည်လည်း ဖြစ်သည်။