ဂျေရုဆလင်၊မတ် ၁၅
ဂါဇာကမ်းမြောင်မြောက်ပိုင်း၌ အထောက်အပံ့ ပစ္စည်းများကိုတင်ဆောင်လာသည့် ထရပ်ကားများအားဒေသခံများက စောင့်ဆိုင်းနေစဉ် လက်နက်ကိုင်ပါလက်စတိုင်းများက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ်ကပြောကြားခဲ့သည်။
မတ်လ ၁၄ ရက်က ဂါဇာကမ်းမြောင်ဒေသ၌ အဆိုပါယာဉ်တန်းအားပစ်ခတ်မှုကြောင့် လူပေါင်း ၂၁ ဦး ေ-သဆုံးခဲ့ခြင်းမှာ ၎င်း၏စစ်သားများက ပစ်ခတ်ခဲ့ခြင်းမဟုတ်ဟုအစ္စရေးက ငြင်းဆိုခဲ့သည်။
ယခုဖြစ်ရပ်သည် ဖေဖော်ဝါရီလကုန်ပိုင်းက ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း၌ စားနပ်ရိက္ခာသယ် ဆောင်လာသော ထရပ်ကားများအားစောင့်ဆိုင်းနေသည့် ပါလက်စတိုင်းပြည်သူများ ပစ်ခတ်သ-တ်-ဖြ-တ်ခံခဲ့ရသည့်ဖြစ်ရပ်မျိုး နောက်တစ်ကြိမ်ထပ်မံဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဂါဇာတာဝန်ရှိသူများက အစ္စရေးအား အပြစ်ဖို့ပြောကြားခဲ့သော်လည်း အစ္စရေးစစ်တပ်ကမူ ကနဦးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်း၏တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့မှုမရှိကြောင်း ပြောကြားခဲ့သည်။
ပါလက်စတိုင်းလက်နက်ကိုင်များကသာ အထောက်အပံ့ ပစ္စည်းစောင့်ဆိုင်းနေသည့်လူအုပ်အား ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးဘက်ကတုန့်ပြန်ပြောကြားခဲ့သည်။
အလားတူပင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ထောက်ပံ့ရေးအေဂျင်စီများက စွပ်စွဲပြောကြားနေသကဲ့သို့ သိမ်းပိုက်ခံ ဂါဇာကမ်းမြောင်ရှိ ဒေသခံပေါင်း ၂ ဒသမ ၃ သန်းအား အစားအစာနှင့် ထောက်ပံ့ရေးပစ္စည်းများ မရရှိနိုင်အောင် တားဆီးနေသည်ဟူသောအချက်ကိုလည်း အစ္စရေးက ငြင်းပယ်ခဲ့သည်။
Source : ရိုက်တာ/အီးစီ