Sunday, December 22, 2024

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ...

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော်...

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅...

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ...

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက...

အေးချမ်းသည့်ဆောင်းရာသီ၌ စောင်အထည် (၂၀၀၀)လှူဒါန်းခဲ့သည့် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

နေပြည်တော်ရှိ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီက နေပြည်တော်အနီးတစ်ဝိုက်ရှိ ဆောင်းရာသီ၌စောင်လိုအပ်နေသူများအတွက် (၄)နှစ် မြောက်အဖြစ် စောင်အထည်(၂၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်း...
HomeInterviewsအင်္ဂလန်နိုင်ငံ Bristro University...

အင်္ဂလန်နိုင်ငံ Bristro University မှာ မြန်မာ့ဂီတကို သွားရောက်သင်ကြားပေးခဲ့တဲ့ အကယ်ဒမီ ဓီရာမိုရ် နဲ့ တွေ့ဆုံခြင်း

diramo

ဂီတမှူး အကယ်ဒမီ ဓီရာမိုရ် ကစက်တင်ဘာလက စတင်ပြီး အင်္ဂလန်နိုင်ငံ၊ ဘရစ်စတိုမြို့က Bristro University ကို ဖိတ်ကြားချက်အရသွားရောက်ကာ မြန်မာ့ဂီတနဲ့ ပတ်သက်လို့ သင်ကြားပေးခြင်း၊ Orchestra အတွက် သီချင်းရေးခြင်း စတဲ့ ဂီတအလုပ်တွေလုပ်ဖို့ ၃ လကြာ ခရီးရှည်ထွက်ဖြစ်ခဲ့ပါတယ်။ အခု ဒီဇင်ဘာလမှာ မြန်မာနိုင်ငံသို့ ပြန်ရောက်လာတဲ့အခါ အင်္ဂလန်နိုင်ငံ၊ Bristro University က သူ့ရဲ့ ဂီတအတွေ့အကြုံတွေနဲ့ ပတ်သက်လို့ ပေါ်ပြူလာက တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။

အစ်ကို အင်္ဂလန်ကို မသွားခင်တုန်းကလည်း တစ်ခါမေးဖြစ်ခဲ့သေးတယ်။ အခု ခရီးကပြန်ရောက်လာပြီဆိုတော့ အစ်ကို့ရဲ့ ဂီတခရီးစဉ်အကြောင်း ဝေမျှဖို့ အဆင်သင့်ဖြစ်ပြီ ထင်တယ်။

သွားရတဲ့ ရည်ရွယ်ချက်က သုံးခုရှိတယ်။ နံပါတ်တစ်က ကမ္ဘာမှာရှိနေတဲ့ Orchestra တွေမှာတီးဖို့ မြန်မာသီချင်းက မရှိသေးဘူး။ အဲဒါကို သီချင်းသွားရေးတာပေါ့နော်။ နောက်တစ်ခုကကျတော့ မြန်မာ့ဂီတကို သွားပြီးတော့ သင်ပေးတာပေါ့။ သူတို့ကို ပြန်ပြီးတော့ Sharing လုပ်ပေးတာပေါ့။ နောက်တစ်ခုက သူတို့ဆီက ပညာရေးစနစ်ကို လေ့လာတာက တစ်ခုပေါ့။ ကာလအားဖြင့် လုံလောက်ပါတယ်။ သီချင်းရေးတာလည်းပြီးခဲ့တယ်။ သီချင်းရေးတယ်ဆိုတာကတော့ သူတို့ဆီက အကူအညီကို ယူတာပေါ့။ သူတို့ ဆီက Technique တွေ၊ Idea တွေ၊ အယူအဆတွေကိုယူပြီးတော့ ကိုယ့်ဆီမှာရှိတာနဲ့ ပေါင်းပြီးတော့ အကောင်းဆုံးဖြစ်အောင် သွားရေးတာပေါ့။

သူတို့ဆီက တက္ကသိုလ်တွေရဲ့ပညာရေးစနစ်နဲ့ ဒီကတက္ကသိုလ်ပညာရေးစနစ်က ကွာခြားမှုတွေတော့ ရှိမှာအမှန်ပဲလေ။ အစ်ကိုကလည်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်က ပါမောက္ခတစ်ယောက်ပဲဆိုတော့ ဒီပြန်ရောက်တဲ့အခါ အသုံးပြန်ချလို့ရမယ့် အရာ မျိုးတွေရှိလား။

သူတို့ပညာရေးကိုကြည့်လိုက် တော့ ဘာကိုသွားတွေ့လဲဆိုရင် သူကဆယ်တန်းလိုဟာမျိုးပေါ့။ အစိုးရစစ် အောင်ပြီးတဲ့အခါမှာ အထူးပြုဘာသာရပ် ကျောင်း တွေရှိတယ်။ အထူးပြု ဘာသာရပ် ကျောင်း မှာ ၃ နှစ်နေရတယ်။ အဲဒါကို A Level လို့ ခေါ်တာပေါ့ နော်။ အဲဒီမှာ ၃ နှစ် လောက်နေပြီး တော့သူတို့လုပ်ချင်တာကိုတက္ကသိုလ်မရောက်ခင်ကတည်းကိုက အထူးပြု ပြီးသင်ကြားခဲ့ရတယ်။ ဥပမာ- ဂီတသမားလုပ်မယ်၊ စန္ဒရားတီးမယ်ဆိုရင် စန္ဒရားကို အဲဒီ ၃ နှစ်မှာ အထူးပြုသင်ကြားခဲ့ရတဲ့ စနစ်ပေါ့။ တက္ကသိုလ် ရောက်ရင် အဲဒီကလေးတွေက အဲဒီ သင်ထားတဲ့ အတွေ့အကြုံနဲ့ သူတို့တွေက တော် တော်လေးကို အခြေခံကောင်းနေပြီ။ အဲဒီရဲ့ Result ကိုပဲယူပြီးတော့ တက္ကသိုလ်က ကြည့်လိုက်တယ်။ အဲဒီလူကို လက်ခံသင့်၊ လက်မခံ သင့်ပေါ့။ ထူးချွန်တဲ့သူမျိုးတွေကျ တော့ နာမည်ကြီးတဲ့ တက္ကသိုလ် တွေ ရောက်သွားတယ်ပေါ့။ အကြမ်း ဖျင်း အားဖြင့်တော့ အထူးပြု ကျောင်းတွေကနေ လာတယ်။ တက္ကသိုလ်မှာ ၃ နှစ်ပဲသင်တယ်။ ဘွဲ့ရတယ်။ ပြီးတော့ Master အတွက် နောက်တစ်နှစ် အချိန်ပေးရတယ်။ ၄ နှစ်မှာ Master အထိ ယူလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အဲဒီမတိုင်ခင်မှာ Pre ၃ နှစ်ယူခဲ့တာကိုး။ သင်ခဲ့တဲ့ကာလက ရှည်တယ်။ ဒါပေမဲ့ တက္ကသိုလ်လို့ သတ်မှတ်တဲ့ကာလကတိုတယ်။ ဒီမှာကျတော့ ဆယ်တန်းအောင်တဲ့ ကလေးတွေက 0 Level နဲ့ ဘာမှ မသင်ခဲ့ရသေးဘဲ တက္ကသိုလ်ကိုတန်းပြီးဝင်လာတယ်။ သူတို့ကို အခြေခံကနေစပြီးသင်ပေးရတယ်။ Specialize School တွေဆိုတာ မရှိဘူးလေ။ အဲဒါမျိုးလေးတွေက တော့ နည်းနည်းကွာတယ်။ သူတို့ ဆီက တချို့အိုင်ဒီယာလေးတွေက တော်တော်ကောင်းပါတယ်။ အဲဒါကို ဒီဘက်မှာပြန်ပြီးတော့ အသုံးချလို့ ရတဲ့ဟာ၊ ကိုယ်နဲ့ကိုက်ညီတဲ့ဟာလေးတွေတော့ ရှိပါတယ်။

အစ်ကို့ရဲ့ ၃ လတာ ဂီတခရီးစဉ်ကနေ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်လူမျိုးအတွက်၊ နောက်ဆုံးကိုယ့်အတွက် အကျိုးရှိစေခဲ့တဲ့အရာ တွေဆို အစ်ကိုဘာတွေကို ပြောချင်မလဲ။

နံပါတ်တစ်ကတော့ ရှေ့နှစ်ကျရင် BBC က ဆင်ဖိုနီ Orchestra ပေါ့။ တချို့ Member တွေက မြန်မာနိုင်ငံကိုလာမယ်။ ဒီက လူတွေနဲ့ ပေါင်းပြီးတော့ သူတို့က Concert ပွဲအကြီးကြီးလုပ်မယ်။ အဲဒါက အကျိုးရှိတယ်။ မြန်မာ လူမျိုးတွေအတွက်ရော၊ နိုင်ငံတကာ အတွက်ရော၊ ကမ္ဘာမှာရှိတဲ့ Orchestra တွေတီးဖို့အတွက် သီချင်းတစ်ပုဒ်က ရပြီပေါ့။ အဲဒါက တအားအကျိုးရှိပါတယ်။ နံပါတ်နှစ် ကတော့ မြန်မာ့ဂီတကို သင်ပေးတဲ့အခါမှာ ကိုယ့်ရဲ့ဂီတကို သူတို့က တအားစိတ်ဝင်စားတယ်။ စိတ် ဝင်စားတဲ့အခါကျတော့ သူတို့က Connection လည်း ဆက်လုပ်ချင်တယ်။ တခြားတက္ကသိုလ်တွေကလည်း ဒီက ယဉ်ကျေးမှုတက္ကသိုလ် (NUAC) နဲ့ပေါင်းပြီး တော့လုပ်ချင်တယ်။ မြန်မာ့ရိုးရာ တွေကိုလည်းသိချင်တယ်။ သင်ချင်တယ်။ စောင်းကို သူတို့ဆီက ကျောင်းသားတွေ ကို သင်ပေးချင်တယ်။ အဲဒါမျိုး တွေ လည်းဖြစ် လာ တာပေါ့။ နောက်တစ်ခုက ပညာ ရေးပေါ့။ သူတို့ ရဲ့ပညာရေးကို လေ့လာ ခြင်းအားဖြင့် ဒီမှာရှိတဲ့ လက်ရှိကိုယ့်ရဲ့ တက္ကသိုလ်မှာရှိ တဲ့ပညာရေးကို နည်းနည်း ပြန်ပြီးတော့ Balance ပြန်လုပ်လို့ ရတယ်။ တချို့ကောင်းတဲ့ အိုင်ဒီ ယာလေးတွေကို ယူလို့ ရတယ်။ အားလုံးတော့ယူစရာမလိုဘူးပေါ့။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကောင်းသော အရာလေးတွေယူလို့ရတယ်။ ကျွန် တော် တို့တက္ကသိုလ်ကလည်း နိုင်ငံအတွက် လူငယ် မျိုးဆက်သစ်တွေ၊ အနာဂတ်ခေါင်းဆောင်တွေကို မွေးထုတ်ပေးနေတဲ့ တက္ကသိုလ်ပဲလေ။ အဲဒီလိုမွေးထုတ်နိုင်ဖို့ အတွက်ကို အများကြီးအကျိုးရှိလာတယ်။ တကယ်လို့ အဲဒါကို ပြင်ဆင်ပြီး လုပ် မယ်ဆိုရင် ပိုပြီးတော့ ထူးချွန်ထက်မြက်တဲ့ကလေးတွေကို ထပ်ပြီးတော့ မွေးထုတ်လာနိုင်တယ်။ အဲဒီ တော့ အနာဂတ်ရေရှည်အတွက်၊ တိုင်းပြည် အတွက် အားလုံးထိရောက် ပြီးတော့ ကောင်းပါတယ်။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071