အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ဖြင့် ရေးသားထုတ်ဝေသည့် စာရေး ဆရာ အကြီးကိုကို (ကသာ) ၏ ‘လူ ငယ်တွေအတွက် အောင်မြင်မှု အတွေးစကား ၆၆ ‘ စာအုပ်မိတ်ဆက် ပွဲကို စက်တင်ဘာလ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီက ရန်ကုန်မြို့ Orchid Hotel တွင် ကျင်းပ ပြု လုပ်ခဲ့သည်။ အဆိုပါ စာအုပ်မိတ် ဆက်ပွဲတွင် အကြီးကိုကို (ကသာ)က စာပေလောကအတွင်း ရောက်ရှိခဲ့ပုံ နှင့် စာအုပ်အကြောင်းများ မိတ် ဆက်ပြောကြားခဲ့ပြီး စာရေးဆရာ ဒါရိုက်တာ ကြည်စိုးထွန်း၊ စာရေး ဆရာဆောင်းဝင်းလတ်၊ ဟိန်းလတ်၊ ကောင်းသန့်တို့က မုဒိတာဝမ်းမြောက် စကားများ ပြောကြားခဲ့ကြသည်။
”သားဖတ်ဖို့စာဆိုပြီး ဗလာ စာအုပ်လေးတစ်အုပ်နဲ့ ကျွန်တော် ရေးခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ်မှာ ရေးခဲ့တဲ့ အဲဒီပေးစာလေးတွေကို စာအုပ်စထုတ်ရင်းနဲ့ စာပေလောက ထဲကို ရောက်လာတယ်။ စာတစ် ကြောင်း၊ စာတစ်ပုဒ်၊ စာတစ်အုပ်ဟာ လူ့ဘဝကို ပြောင်းလဲဖို့ လုံလောက် ပါတယ်။ ကျွန်တော်က ငယ်ငယ်က ဆိုးဆိုးပေပေနေခဲ့တဲ့ အနေအထား ကနေ ဆရာချစ်စံဝင်းရဲ့ အမေနဲ့ အမေ့အကြောင်းဆိုတဲ့ စာအုပ်ကို ဖတ်ပြီး မိဘတွေကို လုပ်ကျွေးချင် တဲ့စိတ်နဲ့ ကြိုးစားရင်း ကုမ္ပဏီပိုင်ရှင် တစ်ယောက် ဖြစ်လာခဲ့တဲ့သူ တစ် ယောက်ဆိုတော့ လူငယ်တွေနဲ့ ကျွန် တော် စကားပြောချင်လာတယ်။ အကြီးကိုကိုလောက်လေးပဲ ကြိုးစား၊ အကြီးကိုကိုလောက်တော့ ဖြစ်နိုင် တယ်ဆိုတာလေးကို ကျောင်းတွေမှာ ကျွန်တော် လိုက်လံဟော ပြောပါ တယ်။ အဲဒီနောက် ကျွန်တော့်ရဲ့ အတွေးစကား ၅၅ ဆိုတဲ့စာအုပ်ကို ဆောင်းစုရတီစာပေကနေ ထုတ်ပါ တယ်။ အခုဆို တတိယအကြိမ်ထိ ထုတ်ဝေပြီးပါပြီ။ နောက်အတွေး သီ အိုရီ ၁ဝဝ ဆိုပြီး ထုတ်ပါတယ်။ အဲဒီ နောက်မှာ စာအုပ်တွေ ရေးဖြစ်ထုတ် ဖြစ်ခဲ့တာ အခုဒီစာအုပ်ကတော့ ကျွန်တော့်ရဲ့ ၇ အုပ်မြောက် စာအုပ် ဖြစ်ပါတယ်”ဟု စာရေးဆရာ အကြီး ကိုကို (ကသာ) က ပြောသည်။
ထိပ်ဆုံးတွင် နေရာရလိုပါက ‘လူငယ်တွေအတွက် အောင်မြင်မှု အတွေးစကား ၆၆’ စာအုပ်ထဲမှ မြန်မာလူငယ်များ မတိုးတက်ရခြင်း ၁၆ ချက်ကို ဖတ်ရှုပြီး ပြင်ဆင်ကြိုး စားကာ အကောင်အထည်ဖော်လျှင် နေရာတစ်ခု ရလာပါလိမ့်မည်ဟု အကြီးကိုကို(ကသာ)က လူငယ်များ အတွက် လမ်းညွှန်အကြံပြုထားသည်။ ‘လူငယ်တွေအတွက် အောင်မြင်မှု အတွေးစကား ၆၆ စာစုများသည် စာဖတ်သူ၏ နှလုံးသားအား တစ်စုံ တစ်ရာ ထိမိရှမိ ရှိချင်မှ ရှိပါလိမ့် မည်။ သို့သော် ကျွန်တော့်အတွက် မူကား နှလုံးသွေးစက်များ ဖြစ်သည် ဟု ဆိုချင်ပါသည်’ ဟုလည်း အမှတ် တရစကားဆိုထားသည်။
အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ဖြင့် ရေးသားထားသည့် ‘လူငယ် တွေအတွက် အောင်မြင်မှုအတွေး စကား ၆၆’ စာအုပ်ကို ဆောင်း စုရတီစာပေက ထုတ်ဝေပြီး ငွေလစာ ပေနှင့် ၇၇၇၇ စာပေတို့က တန်ဖိုး ကျပ်၂ဝဝဝ ဖြင့် တစ်နိုင်ငံလုံးသို့ ဖြန့် ချိလိုက်ပြီ ဖြစ်သည်။
စုမွန်