မြန်မာ့သမိုင်းတွင် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ညောင်ရမ်း၊ အမရပူရ၊ ကုန်း ဘောင်၊ ရတနာပုံစသည့်ဖြင့် မင်း အဆက်ဆက်အုပ်စိုးခဲ့သည့် ခေတ် များရှိလေသည်။ အင်းဝခေတ်သည် လည်း ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္တဟူ၍ရှိပြီး သက္ကရာဇ် ၇၂၆ ခု မှ ၁၁၉၉ ခုတိုင်ခဲ့လေသည်။ ထိုကာ လများတွင် ဘုရား၊ ပုထိုးစေတီများ၊ စာဆိုရဟန်း၊ ရှင်လူများလည်းပေါ်ထွန်းခဲ့ကြောင်း သမိုင်းမှတ်တမ်းများ အရ သိရလေသည်။ ထိုဘုရားပုထိုး စေတီများ အထဲတွင်လည်း အင်းဝ မြို့ဟောင်း ဆင်ကျုံးရပ်ရှိ မဟာလော က သရဖူမြတ်စွာဘုရားလည်း တစ် ဆူအပါအဝင် ဖြစ်လေသည်။
အဓိဋ္ဌာန်ပြည့် မဟာလောက သရဖူမြတ်စွာဘုရားကြီးကို ဒုတိယ အင်းဝခေတ်၊ ညောင်းရမ်းမင်းဆက် ဖြစ်သော ဆင်ဖြူရှင် တနင်္ဂနွေမင်းက ၁ဝ၉၂ ခုနှစ်တွင် စတင်တည်ထား လေသည်။ ဘုရားမပြီးခင် တနင်္ဂနွေ မင်း နတ်ရွာစံသဖြင့် သားတော် မဟာအဓိပတိ (ကြာသပတေးမင်း)ကအပြီး တည်ထားတော်မူသည်။ အင်းဝမြို့စည်တိုပုံ မြို့ရိုး၏အနောက် ဘက် ဆင်ကျုံးခံတပ်အရှေ့ဘက်အနီး တွင်တည်ရှိသည်။ စေတီတော်၏ ဥာဏ်တော်အမြင့်မှာ ၁၆၂ ပေရှိပြီး ထီးတော်မှာအမြင့် ၄၂ ပေရှိလေ သည်။ ဘုံ ၁၁ ဆင့်၊ အချင်းထိပ်ဝ ၁၅ ပေကျယ်သည်။ စေတီတော်ကြီး သည် ၁ဝ၉၈ ခုနှစ်တွင် လေနီကြမ်း တိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့ သည်။ ၁၁၄ဝ ပြည့်နှစ်တွင် စဥ့်ကူး မင်းက ပြီးစီးအောင်ပြန်လည်ပြုပြင်ခဲ့သော်လည်း ၁၂ဝဝ ပြည့်နှစ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဒုတိယ အကြိမ် ပြိုကျပျက်စီးခဲ့ရပြန်သည်။ ထို့ပြင် အလေးချိန် ၄၉ဝ.၃၆ တန် ခန့်ရှိ စကျင်ကျောက်သားဖြင့် တု ဆစ်ထားသည့် လောကသရဖူရုပ်ပွား တော်ကြီးတစ်ဆူကိုလည်း ဖူးတွေ့ နိုင်ပေသေးသည်။ ရုပ်ပွားဆင်းတု တော်ကြီးအား တစ်လုံးတည်းသော စကျင်ကျောက်သားဖြင့် ထုဆစ်ပူ ဇော်ခဲ့ခြင်းဖြစ်ပြီး Óဏ်တော်အမြင့် ၁၈ တောင် ၁ မိုက်၊ တင်ပ္ပလင်ခွေ တော် ၁၂ တောင် ၁ မိုက်ဖြစ်ကြောင်း သိရသည်။
သဘာဝဘေးဒဏ်၊ ငလျင်ဒဏ် ခံခဲ့ရသော စေတီတော်ကြီးအား ၁၃၄၂ ခုနှစ်တွင် ဒီပါအေးမြဆရာ တော် ဦးနန္ဒာသီရိက ဦးဆောင်၍ စတင်ပြုပြင်ခဲ့သည်။ ၂ဝဝ၃ ခုနှစ် ဧပြီလ ၂၈ ရက်တွင် လေပြင်းတိုက် ခတ်မှုကြောင့် ထီးတော်ကြီး၏ ပိန္နဲ တိုင်ကွေးညွတ်သွားခဲ့ရသည်။ ၂ဝဝ၇ ခုနှစ်၊ ဇူလိုင်လတွင် ပဲခူးမြို့မှ ဆရာ တော် ဦးသုနြေ္ဒရနှင့် တပည့် ဒါယ ကာ၊ ဒါယိကာမများမှ ထီးတော်တင် လှူဒါန်းပူဇော်ခဲ့ကြသည်။ ၁၃၇၃ ခုနှစ် ဝါခေါင်လပြည့်နေ့တွင် ကာ ကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်း တိုင်းစစ်ဌာနနှင့် အလှူရှင်ခုနှစ်ရက် သားသမီးများက စိန်ဖူးတော်အသစ် နှင့် ထီးတော်အား ထပ်မံတင်လှူ ပူ ဇော်ခဲ့ပြန်သည်။ ၁၃၄၇ ခုနှစ် သီ တင်းကျွတ်လပြည့်ကျော် ၁၂ ရက် နေ့တွင် လှုပ်ခတ်သော မြေငလျင် ဒဏ်ကြောင့် ကြာမှောက်၊ ကြာလန်မှ ရွဲလုံးများ ပြုတ်ကျပြီး ပတ်လည်အက် ကြောင်းဖြစ်ကာ ထီးတော်ကြီးတွင် တပ်ဆင်ပူဇော်ထားသည့် အစိတ် အပိုင်းများ ပျက်စီးခဲ့ရပြီး ထီးတော် ကြီး အင်္ဂါထောင့်သို့ စောင်းသွားခဲ့ရ ပါသည်။
၂ဝ၁၅ ခုနှစ်တွင် ထီးတော်နှင့် ပျက်စီးမှုများအား ကျောက်စိမ်းဘု ရားဒါယကာ အေးအေးခိုင်ကျောက် မျက်ကုမ္ပဏီမှ မတည်ပြီး အများပြည် သူမှ ဝိုင်းဝန်းလှူဒါန်းမှုဖြင့် ပြန်လည် ပြုပြင်ခဲ့ရာ ၂ဝ၁၇ ခုနှစ်တွင် အောင် မြင်စွာပြီးစီးခဲ့ပြီး ယနေ့ဖူးမျှော်ရသည့် အနေအထားသို့ ပြန်လည်ရောက်ရှိ ခဲ့ပါသည်။ လောကသရဖူမြတ်စွာ ဘုရားကြီးပွဲတော်အား နှစ်စဉ် တန် ဆောင်မုန်းလတွင် ကျင်းပကြောင်း သိရသည်။ အင်းဝမြို့မှ ရှေးဟောင်း စေတီတော်နှင့် ဆင်းတုတော်မြတ်ရှိ သည့် လောကသရဖူဘုရားအား ဆင် ကျုံးခံတပ် (သို့မဟုတ်) အင်းဝမြို့ ဟောင်းတို့အား လည်ပတ်ပြီး ဝင် ရောက် ဖူးမျှော်ကြည်ညိုနိုင်ကြပါစေ ရန် ရေးသားတင်ပြလိုက်ရပါသည်။
နိုင်ထွန်း(TGI)