Monday, April 21, 2025

ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

ပြင်ဦးလွင်မြို့၌ ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် နောင်အနာဂတ်တွင်တိုးပွားလာနိုင်မည့်လူဦးရေပမာဏကိုကြိုတင်မျှော်မှန်း၍ ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊...

ပြင်ဦးလွင်တပ်မတော်ဆေးရုံ၌ ငလျင်ဒဏ်ကြောင့်ဆေးကုသမှုခံယူနေရသူများကို နစက ဥက္ကဋ္ဌမှ...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ဆေးကုသမှုခံယူနေရသူများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ကြည့်ရှုအားပေး၍ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ နစက...

အခွန်အ‌ရေးမလေးကုန်သွယ်ရေးဝန်ကြီးယူအက်စ်သွားရောက်ညှိနှိုင်းမည်

အခွန်စည်းကြပ်မှုများကို သုံးလကြာ ရပ်ဆိုင်းထားမည်ဟု အမေရိက,က ကြေညာထားသော်ငြားလည်း မလေးရှားနိုင်ငံသည် နိုင်ငံ့စီးပွားရေးကဏ္ဍအတွက်သာမက အာဆီယံဥက္ကဌနိုင်ငံဖြစ်သည့် အားလျော်စွာ အရှေ့တောင်အာရှဒေသအပေါ် အမေရိက၏ ထပ်တိုးအခွန်ကောက်မှုများ၏ သက်ရောက်မှုကို...

ငလျင်ဒဏ်သင့်ပြည်သူများအတွက် (၅) နှစ်အထိ ကယ်ဆယ်ကူညီထောက်ပံ့နိုင်မည့်...

ငလျင်ဒဏ်သင့်ပြည်သူများအတွက် အနည်းဆုံး(၁)နှစ်မှ (၅) နှစ်အထိ ကယ်ဆယ်ကူညီထောက်ပံ့နိုင်မည့် ကမ္ဘောဇကယ် ဆယ်ကူညီထောက်ပံ့‌ရေးစင်တာ (KBZ Center Mandalay) ကို အခိုင်အမာတည်ဆောက်နေကြောင်း အဆိုပါ...
HomeInternationalအင်ဒိုနီးရှားနိုင်ငံအာ‌ချေပြည်နယ်တွင်ရစ်ခ်တာစ‌ကေး၅.၉ ငလျင်လှုပ်

အင်ဒိုနီးရှားနိုင်ငံအာ‌ချေပြည်နယ်တွင်ရစ်ခ်တာစ‌ကေး၅.၉ ငလျင်လှုပ်

ဂျာကာတာ၊ ဧပြီ ၈

အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် အာ‌ချေပြည်နယ်တွင် အင်္ဂါနေ့(ယနေ့မနက်)အစောပိုင်းက ရစ်ခ်တာစကေး ၅.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း နိုင်ငံ၏ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီက ပြောကြားခဲ့သည်။

ကနဦးတွင် အေဂျင်စီက ငလျင်၏ပြင်းအားကို ၆.၂ အဖြစ် ဖေါ်ပြခဲ့ပြီး ပြင်းအား ကို ပြန်လည်ပြင်ဆင်ကာ လျှော့ချခဲ့ခြင်းဖြစ်သည်။

ငလျင်သည် အင်္ဂါနေ့ နံနက် ၂ နာရီ ၄၈ မိနစ်တွင် ဂျကာတာစံတော်ချိန် (၁၉:၄၈ ဂရင်းနစ်စံတော်ချိန် တနင်္လာနေ့) တွင် ငလျင်ဗဟိုချက်ဖြစ်သော စီမီယူလူး ခရိုင် ရှိ စီနာဘန် မြို့ အရှေ့တောင်ဘက် ၆၂ ကီလိုမီတာအကွာတွင် ဗဟိုပြု၍ ပင်လယ်ကြမ်းပြင်အောက် အနက် ကီလိုမီတာ ၃၀ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ငလျင်သည် ကြီးမားသော လှိုင်းလုံးများ ကို ဖြစ်ပေါ်‌စေမည်ဟု မထင်ရသဖြင့် ဆူနာမီသတိပေးချက် ကို မထုတ်ပြန်ခြင်း ဖြစ်သည်။

“ငလျင်ဒဏ်သင့်ဒေသများ အထူးသဖြင့် စီမီယူလူး ခရိုင် တွင် ပြင်းထန်သော ထိခိုက်ပျက်စီးမှု သို့မဟုတ် အသေအပျောက်မှု သတင်း မရရှိကြောင်း” ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လျော့ပါးရေးအေဂျင်စီမှ အကြီးတန်းအရာရှိ ဇိုပါန် အေ က ရှင်းဟွာသို့ ပြောကြားခဲ့သည်။

ကျွန်းစုနိုင်ငံတစ်ခုဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ငလျင်လှုပ်ခတ်မှုရှိသော ပစိဖိတ်မီးကွင်းပေါ်တွင်တည်ရှိနေ‌သောကြောင့် ငလျင်လှုပ်ခတ်နိုင်သည်။ အဆိုပါနိုင်ငံတွင် မီးတောင်ရှင် ၁၂၇ လုံးရှိပြီး မြေငလျင် လှုပ်ရှားမှုများလည်း မကြာခဏဖြစ်ပေါ်လေ့ ရှိသည်။
Ref: ရှင်းဟွာ10:13

10:16

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

ပြင်ဦးလွင်မြို့၌ ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် နောင်အနာဂတ်တွင်တိုးပွားလာနိုင်မည့်လူဦးရေပမာဏကိုကြိုတင်မျှော်မှန်း၍ ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊ ရေဖူလုံမှုရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်မြို့နယ်တွင် လူနေထိုင်မှုပမာဏသည် တစ်နှစ်ထက်တစ်နှစ်များပြားလာသဖြင့် ဒေသတွင်းနေထိုင်သူများအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေများလိုအပ်မည်ဖြစ်ရာ ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရေးအတွက် ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ပြင်ဦးလွင်ဒေသ၏ လက်ရှိလူဦးရေနှင့် နောင်အနာဂတ်တွင်တိုးပွားလာနိုင်မည့်လူဦးရေပမာဏကိုပါကြိုတင်မျှော်မှန်း၍ စီမံဆောင်ရွက်ထားရမည်ဟု မှာကြားသည်။ ထို့ပြင် လက်ရှိရေရရှိနေသည့် ရေလှောင်တမံများ ၏ နှစ်စဉ်ရေရရှိနိုင်မှုနှင့် သိုလှောင်နိုင်မှုပမာဏတို့ကို ဆန်းစစ်သုတေသနပြုလုပ်ရမည်ဖြစ်ကာ ရေအရင်းအမြစ်များဆုံးရှုံးမှုမရှိစေရေးအတွက် ရေလှောင်တမံများအနီးရှိ ရေဝေရေလဲတောများကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပြီး ဆည်တာတမံများအတွင်း...

ပြင်ဦးလွင်တပ်မတော်ဆေးရုံ၌ ငလျင်ဒဏ်ကြောင့်ဆေးကုသမှုခံယူနေရသူများကို နစက ဥက္ကဋ္ဌမှ ထောက်ပံ့ငွေများပေးအပ်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ဆေးကုသမှုခံယူနေရသူများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ကြည့်ရှုအားပေး၍ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ငလျင်ဒဏ်ကြောင့် ဆေးကုသမှုခံယူနေရသည့် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ ဆေးရုံအထူးကြပ်မတ်ကုသဆောင်အတွင်း ဆေးကုသမှုခံယူလျက်ရှိသည့် ဆရာတော်တစ်ပါးနှင့် အရပ်သားနှစ်ဦးတို့အားတွေ့ ဆုံ၍ အားပေးစကားပြောကြားကာ နဝကမ္မအလှူငွေများ၊ ဂုဏ်ပြုချီးမြှင့်ငွေများ၊ ထောက်ပံ့ငွေများ၊...

အခွန်အ‌ရေးမလေးကုန်သွယ်ရေးဝန်ကြီးယူအက်စ်သွားရောက်ညှိနှိုင်းမည်

အခွန်စည်းကြပ်မှုများကို သုံးလကြာ ရပ်ဆိုင်းထားမည်ဟု အမေရိက,က ကြေညာထားသော်ငြားလည်း မလေးရှားနိုင်ငံသည် နိုင်ငံ့စီးပွားရေးကဏ္ဍအတွက်သာမက အာဆီယံဥက္ကဌနိုင်ငံဖြစ်သည့် အားလျော်စွာ အရှေ့တောင်အာရှဒေသအပေါ် အမေရိက၏ ထပ်တိုးအခွန်ကောက်မှုများ၏ သက်ရောက်မှုကို လျှော့ချနိုင်ရေးကို အလျင်အမြန် လုပ်ဆောင်နေသည်။ မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး တန်ကူးဇာဖရူးအဇစ် သည် ဧပြီလ ၂၂ ရက်‌ေန့တွင် စတင်မည့် သုံးရက်ကြာ ဝါရှင်တန်ခရီးစဉ်၌ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မည်ဖြစ်သည်။ ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဂျမီဆန်ဂရီယာနှင့် ဆွေးနွေးမည်ဖြစ်သော်လည်း ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝပ် လတ်နစ်ခ်နှင့် တွေ့ဆုံဆွေးနွေးမည့်အစီအစဉ်ကိုမူ အတည်မပြုနိုင်သေးပေ။ ဝါရှင်တန်နှင့် စေ့စပ်ညှိနှိုင်းမှုသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071