ဂျကာတာ၊ဒီဇင်ဘာ ၁၀
အင်ဒိုနီးရှား၌ ဒေသဆိုင်ရာ ရွေးကောက်ပွဲများကို ပြီးခဲ့သည့်လက ကျင်းပခဲ့ပြီးနောက် ပင်ပန်းနွမ်းနယ်မှုနှင့် ဆက်နွှယ်သည့် ဖျားနာမှုများကြောင့် လူ ၂၈ ဦးထက်မနည်းေ-သဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။
“၂၀၂၄ ခုနှစ် ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေအပြီးမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့အထိ မဲရုံဝန်ထမ်း ၂၈ ယောက် ေ-သဆုံးခဲ့ပါတယ်။အများစုက ပင်ပန်းနွမ်းနယ်ပြီး နှလုံးဖောက်ဆုံးပါးခဲ့ခြင်းဖြစ်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကပြောကြားခဲ့သည်။
အင်ဒိုသည် ကျွန်းပေါင်း ၁၇,၀၀၀ ကျော်နှင့် မြို့ပေါင်း ၉၃ မြို့ရှိကာ အားလုံးကို တစ်ရက်တည်းတွင် ရွေးကောက်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်ကကျင်းပခဲ့ခြင်းလည်းဖြစ်သည်။အဆိုပါရွေးကောက်ပွဲ၌ မဲဆန္ဒရှင် ၂၀၄ သန်းကျော်မဲပေးခဲ့ကြသည်ဟုလည်းသိရသည်။
အင်ဒို၏ ၂၀၁၉ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဝန်ထမ်း ၇၀၀ ကျော်နှင့် ကြီးကြပ်ရေးမှူး ၇၀ ကျော်ေ-သဆုံးခဲ့ပြီး ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင်မူ ေ-သဆုံးသူအရေအတွက်မှာ ရွေးကောက်ပွဲဝန်ထမ်း ၁၈၁ ဦးနှင့် ကြီးကြပ်ရေးမှူး ၄၈ ဦးအထိ လျော့ကျသွားကြောင်းလည်းသိရသည်။
နောင်တွင် ထိုသို့သော ဖြစ်ရပ်များကို ကာကွယ်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ထပ်မံ၍ အကဲဖြတ် ဆန်းစစ်မှုများကို ပြုလုပ်သွားမည်ဟုလည်း ၎င်းကကတိပြုပြောကြားခဲ့သည်။
Source : ရှင်းဟွာ