အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ရှိမ်းမကားဘေးမဲ့တောရှိ တောရကြီးကျောင်းကြီးလည်း ပြိုကျပျ-က်စီးသွားခဲ့ကြောင်း သိရသည်။
“ရှိမ္မကားတောရကျောင်း”ကို မင်းတုန်းမင်းတရားကြီးက ၁၂ ၂၄ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မြေဧက (၃၃ဝ) ကျော်ကို ဘေးမဲ့တောအဖြစ် သတ်မှတ်အမိန့်ထုတ်ပြန်ထားခြင်း ဖြစ်သည်။
မြန်မာသက္ကရာဇ် ၁၂၂၅ ခုနှစ် ကဆုန်လပြည့်ကျော် (၇)ရက်နေ့တွင် ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ ရှိမ္မကားရွာအနီး၊ မူလပထမ ရွှေကျင်ဆရာတော်ဘုရားကြီး၏ တောရကျောင်းတော်ကြီး တည်ရှိရာ ဒေသဖြစ်သော ရွှေသမင်ပေါသည့် သဘာဝတောကို စောင်းတန်းဒကာ ငရိုးအား ဘေးမဲ့အုပ်အဖြစ် ခန့်အပ်စောင့်ရှောက်စေခဲ့ကြောင်း သမိုင်းများတွင် တွေ့ရသည်။
ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့အနီး (၁၄) မိုင်လမ်းခွဲမှ အမှတ် (၃) လမ်းမကြီးခေါ် ခရိုင်ချင်းဆက်လမ်းအတိုင်း တောင်ဘက်သို့ သွားလျှင် (၂၆) မိုင်ဝန်းကျင်တွင် ရှိမ်းမကား လမ်းခွဲသို့ ရောက်ပြီး လမ်းခွဲမှ အရှေ့ဘက်သို့ (၂) မိုင်ဝန်းကျင်ခန့် ဆက်သွားလျှင် ဧရာဝတီမြစ် အနောက်ဖက်ကမ်းရှိ ရှိမ်းမကားကျေးရွာရှိ “ရှိမ္မကားတောရကျောင်း” သို့ရောက်ရှိမည်ဖြစ်သည်။
