မတ်လ (၂၈)ရက်က အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ယနေ့ဧပြီ (၂) ရက် နံနက် (၈) နာရီအထိ ရရှိထားသော စာရင်းများအရ ေ-သဆုံးသူ (၂၈၈၆) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၄၆၃၉) ဦးနှင့် ပျေ-ာက်ဆုံးသူ (၃၇၃) ဦး ရှိပြီးဖြစ်ကြောင်း နစကထုတ်ပြန်ချက်အရ သိရသည်။
အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ပဲခူးတိုင်းဒေသကြီးတိုတွင် အဆောက်အဦး ထိခိုက်ပျက်စီး လူထိခိုက် ေ-သဆုံးမှု အများဆုံး ကြုံတွေ့ခဲ့ရသည်။
အဆိုပါ ဒေသ(၆)ခုကို အရေးပေါ် အခြေနေအဖြစ် ကြေညာထားကာ ေ-သဆုံးသူများနှင့် ပိတ်နေသူများရှိခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲများ၊ လူမှုကူညီကယ်ဆယ်ရေးအသင်းများနှင့် နိုင်ငံတကာအဖွဲအစည်း အသီးသီးတိုဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။