အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယနေ့ ဧပြီ (၃) ရက်၊ နံနက် (၈) နာရီ အချိန်အထိ ကောက်ယူရရှိသော စာရင်းများအရ ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများ အားလုံး၌ ေ-သဆုံးခဲ့ရသူ (၃,၀၈၅) ဦး၊ ဒဏ်ရာရရှိသူ (၄,၇၁၅) ဦး၊ ပျေ-ာက်ဆုံးနေသူ (၃၄၁) ဦး ရှိလာကြောင်း န.စ.က သတင်းထုတ်ပြန်ရေးအဖွဲ ထုတ်ပြန်ချက်အရ သိရသည်။
မတ်လ (၂၈)ရက်က အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ယမန်နေ့ ဧပြီ (၂) ရက် နံနက် (၈) နာရီအထိ ရရှိထားသော စာရင်းများအရ ေ-သဆုံးသူ (၂,၈၈၆) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၄,၆၃၉) ဦးနှင့် ပျောက်ဆုံးသူ (၃၇၃) ဦး ရှိပြီး ေ-သဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများ တိုးလာကြောင်း သိရသည်။
အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ပဲခူးတိုင်းဒေသကြီးတိုတွင် အဆောက်အဦး ထိခိုက်ပျက်စီး လူထိခိုက် ေ-သဆုံးမှု အများဆုံးကြုံတွေ့ခဲ့ရသည်။
အဆိုပါ ဒေသ(၆)ခုကို အရေးပေါ် အခြေနေအဖြစ် ကြေညာထားကာ ေ-သဆုံးသူများနှင့် ပိတ်နေသူများရှိခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိ အ့များ၊ လူမှုကူညီကယ်ဆယ်ရေးအသင်းများနှင့် နိုင်ငံတကာအ့အစည်း အသီးသီး့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။