အင်အားပြင်း မြေငလျင်ဒဏ်ကြောင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စု သုံးပန်လှဘုန်းကြီးကျောင်းဝန်းရှိ ရှေးဟောင်းတိုက်ကျောင်းကြီး အရှေ့ဘက်ခြမ်းပြိုကျပျက်စီးခဲ့ရကြောင်း ပြည်မြို့နယ်အရန်မီးသတ်တပ်ရင်းရုံး သိရသည်။
“ငလျင်လှုပ်ခတ်ပြီးချိန် နယ်မြေအတွင်း ပျက်စီးဆုံးရှုံးမှုများအား လိုက်လံစစ်တမ်းကောက်ယူရာ ငလျှင်ကြောင့် နယ်မြေအတွင်း လူထိခိုက် ဆုံးရှုံးမှုမရှိပါ။ မော်တော်ယာဉ်တစ်စီးလမ်းချော်မှုရှိပြီး သုံးပန်လှကျောင်း အဟောင်းရှေ့ဘက်ခြမ်းအနည်းငယ်ပြိုကျပျက်စီးမှုရှိပါသည်။ လက်ရှိအခြေအနေတည်ငြိမ်သွားပါပြီ။”ဟု ပြည်မြို့နယ်အရန်မီးသတ်တပ်ရင်းရုံးက ဆိုသည်။
ယမန်နေ့ မတ်(၂၈) ရက်၊ အင်အားရစ်(ချ်)တာစကေး ရ ဒသမ ရ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင် လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ နေရာများကို အရေးပေါ် အခြေနေအဖြစ် ကြေညာထားသည်။
လက်ရှိ ငလျင်ဒဏ်သင့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့များ၊ လူမှုကူညီကယ်ဆယ်ရေးအသင်းများနှင့် နိုင်ငံတကာအဖွဲ့အစည်း အသီးသီးမှလည်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးမှာလည်း ငလျင်ဒဏ်ဆိုးရွားစွာ ခံစားခဲ့ရပြီး ယနေ့မတ်လ (၂၉)ရက်၊ နံနက်ပိုင်းအထိ ကောက်ယူရရှိသော စာရင်းများအရ ငလျင်ဒဏ်ကြောင့် ေ-သဆုံးခဲ့ရသူ (၆၉၄)ဦး၊ ဒဏ်ရာရရှိသူ (၁၆၇၀)ဦးနှင့် ပျောက်ဆုံးနေသူ(၆၈)ဦးရှိကာ အသေးစိတ်စာရင်းများအား ဆက်လက်ကောက်ယူနေပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဓါတ်ပုံ – ပြည်မြို့နယ်အရန်မီးသတ်တပ်ရင်းရုံး